ကြို့ပင်ကောက် ပြည်ခိုင်ဖြိုး လစဉ်ပုံမှန် စည်းဝေးပွဲ ကျင်းပ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့နံနက် ၁ဝ နာရီခွဲက ရုံးခန်းမအတွင်း လပတ် မျက်နှာစုံညီအစည်းအဝေးကျင်းပရာ အစည်းအဝေးသို့ ခရိုင်ပါတီ ကော်မတီဝင်ဦးသန့်ဇင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးတင်စိုး၊ အတွင်းရေးမှူး ဦးစည်သူအောင်တို့က ပါတီရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ကိုအကျယ်တဝင့်ဆွေးနွေးကြသည်။ ယင်းနောက်ကျေးရွာ အုပ်စု ပါတီကေဒါခေါင်းဆောင်များက အကောင်အထည်ဖော်ဆောင်ရွက် နေမှုများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)

Read more

ရှေ့တန်းရောက်တိုက်ပွဲဝင် တပ်မတော်သားများအား ဂုဏ်ပြုသွေးလှူဒါန်းပွဲပြုလုပ်

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာနတွင် ဒီဇင်ဘာ (၁၀) ရက် နံနက် ၉ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီးက ကြီးမှူး၍ ရှေ့တန်းရောက် တိုက်ပွဲဝင်တပ်မတော်သားများအား ဂုဏ်ပြုသွေးလှူဒါန်းပွဲ ကျင်းပခဲ့သည်။

Read more

မောင်တောခရိုင်အတွင်း ပုဒ်မ(၁၄၄) သက်တမ်း ဥပဒေကြောင်းအရ နှစ်လထပ်မံတိုး

မောင်တောခရိုင်အတွင်း ပုဒ်မ(၁၄၄) ထုတ်ပြန်ထားသည်မှာ ဒီဇင်ဘာ ၉ ရက်နေ့က နှစ်လပြည့်မြောက်ခဲ့သဖြင့် ဥပဒေကြောင်းအရ ထပ်မံထုတ်ပြန်ခြင်းဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အတည်ပြု ပြောဆို သည်။ “အရင်အတိုင်းပဲ၊ ဥပဒေကြောင်းအရ သက်တမ်းထပ်တိုးတာ” ဟု ၎င်းကဆိုသည်။ (more…)


Read more

တတိယအကြိမ် သက်ကြီးသတင်းစာပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကျင်းပ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အလှူငွေလှူဒါန်း

 

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA) မှ ကြီးမှူးကျင်းပသည့် တတိယအကြိမ် သက်ကြီးသတင်းစာပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာ (၁၀) ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ မြို့တော်ခန်းမ၌ကျင်းပခဲ့ရာ အခမ်းအနားသို့ ကန်တော့ခံ သက်ကြီး သတင်းစာပညာရှင်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

Read more

ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်ရာထူး သက်တမ်းကုန်လျှင် ရုပ်သိမ်းမည်

ယခုလကုန်တွင် သက်တမ်းကုန်ဆုံးတော့မည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယားရာထူးကို လူသစ်ခန့်အပ်မလုပ်ဘဲ ရုပ်သိမ်း တော့မည်ဖြစ်ကြောင်း ကုလ အတွင်းရေးမှူးချုပ်ရုံးက ဗီအိုအေသတင်းဌာနအား အတည်ပြုခဲ့သည်။ (more…)


Read more

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၂၄ ပါတီနှင့် ကိုယ်စားလှယ်လောင်း ၉၆ ဦး ဝင်ပြိုင်မည်

လာမည့် ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၂၄ ပါတီနှင့် ကိုယ်စားလှယ်လောင်း ၉၆ ဦးတို့ ဝင်ပြိုင်ကြမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေး မှူးချုပ် ဦးတင်ထွန်းထံမှ သတင်းရရှိသည်။ (more…)


Read more

ကျိုင်းတုံ ကြားဖြတ် ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ခြောက်ခု ဝင်ပြိုင်မည်

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင်၂၀၁၇ ခုနှစ် ဧပြီလအတွင်း၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် နိုင်ငံရေးပါတီခြောက်ခု ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းလှအောင်က ပြောကြားသည်။ (more…)


Read more

စပါးခြွေလှေ့ရာ၌ ပြည်ခိုင်ဖြိုးပါဝင်နွှဲ

 

မိုးညှင်းခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တောင်သူလယ်သမားရေးရာကော် မတီကဦးစီးပြီးအင်ကြင်းကုန်းကျေး ရွာနှင့် မရင်းကုန်းကျေးရွာရှိ ပါတီ ဝင်တောင်သူဦးကျော်စိန်၊ဦးကျော်ယု နှင့် ဦးကြည်မောင်တို့၏လယ် မြေများတွင် စပါးရိတ်သိမ်းခြွေ လှေ့ခြင်းလုပ်ငန်းများကို ပါတီဝင် များကယခုလ ၆ရက်နှင့် ၇ရက်တို့ တွင် သွားရောက်လုပ်အားပေး ကူညီခဲ့သည်။

Read more

ဝမ်းတွင်းမြို့နယ်ပါတီကော်မတီဝင်များ ပါတီအမာခံရရှိရေးနှင့် အင်အားပြန်လည်စိစစ်ရေး ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သည် အမာခံပါတီဝင်များရရှိရေး ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ခင်လှိုင်မြင့် ဦးဆောင်သော မြို့နယ်ကော်မတီဝင်အဖွဲ့ မြို့နယ်အတွင်းရှိ မိမိတာဝန်ကျရာ ဒေသအတွင်းသို့သွားရောက်ပြီး အမာခံပါတီဝင်များ ရရှိရေးနှင့် ပါတီဝင်အင်အား ပြန်လည် စိစစ်ရေးလုပ်ငန်းများကို ယခုလ ၉ ရက်မှ ၁၂ ရက်အထိ ကျေးရွာအုပ်စု ၇၅ အုပ်စုအတွင်းသို့ ကွင်းဆင်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Read more