Year: 2025
ဆီဗီလာကို အနိုင်ယူပြီး ဘာစီလိုနာ စူပါကိုပါဖလားဆွတ်ခူး

နည်းပြ လူးဝစ်အင်း နရစ်၏ ဘာစီလိုနာအသင်းသည် အိမ်ကွင်းတွင် ဆီဗီလာကို ၃-၀ ဂိုးဖြင့် အနိုင်ယူကာ စူပါကိုပါ ဖလားဆွတ်ခူးသွားသည်။
ဘာစီလိုနာအတွက် တူရကီ လက်ရွေးစင်ကွင်းလယ်လူ အာဒါတူရန်က နှစ်ဂိုးသွင်းယူခဲ့ပြီး ၎င်းသည် အသင်းပထမ ကစားသမား ၁၁ ဦးနေရာအတွက် ခြေစွမ်းပြခဲ့သည်။
Read moreမူးယစ်နှိမ်နင်းမှု လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ကုလနှင့် ဖိလစ်ပိုင်သမ္မတတို့အကြား စကားစစ်ထိုးပွဲ အရှိန်မြင့်လာ

သြဂုတ် ၁၉
လူပေါင်း ၁,၅၀၀ ကျော် သေဆုံးထားခဲ့ပြီဖြစ်သော ဖိလစ်ပိုင်အစိုးရ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ သမ္မတ ရိုဒရီဂို ဒူတာတေးနှင့် ကုလသမဂ္ဂတို့အကြား အပြန်အလှန် ပြစ်တင်ပြောဆိုမှုများ အရှိန်မြင့်လာ နေလျက်ရှိသည်။
Read moreအကြမ်းဖက်မှုလှုံ့ဆော်တဲ့ Twitter အကောင့် ၂ သိန်းကျော် ထပ်ပိတ်

လွန်ခဲ့တဲ့ ၆ လကျော်အတွင်း အကြမ်းဖက်မှုအတွက် လှုံ့ဆော်ရေးသားခဲ့တဲ့ Twitter အကောင့် နောက်ထပ် ၂သိန်း ၃သောင်းခွဲ ကို သုံးစွဲခွင့် ယာယီ ပိတ်ထားကြောင်း Twitter လူမှုကွန်ယက် မီဒီယာကုမ္ပဏီက ကြာသာပတေးနေ့က ကြေညာလိုက်ပါတယ်။ Twitter အကောင့် ၃သိန်း ၆သောင်းကို ၂၀၁၅ နှစ်လယ်ပိုင်းကစလို့ ယာယီ ပိတ်ပစ်ခဲ့တယ်လို့ Twitter ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။
Read moreအမေရိကန် သမ္မတအိုဘားမား လာအိုတွင် ကျင်းပမည့် ညီလာခံများသို့ တက်မည်

ဝါရှင်တန်၊ သြဂုတ် ၁၉
အမေရိကန်သမ္မတ ဘာရက်အိုဘားမားက တရုတ်နိုင်ငံတွင် ကျင်းပမည့် G 20 ထိပ်သီးဆွေးနွေးပွဲသို့ လာရောက်မည့် ခရီးစဉ်နှင့်အတူ လာအိုတွင် စက်တင်ဘာ ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည့် ထိပ်သီးညီလာခံများသို့ တက်ရောက်မည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။
Read moreထိုင်းမှာ မကြာသေးခင်က ဗုံးခွဲတိုက်ခိုက်မှုများနဲ့ပတ်သက်လို့ လူ (၁၅) ဦး ဖမ်းဆီးထား

(ဓာတ်ပုံ – အီးပီအေ)
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ကမ္ဘာ့လှည့်ခရီးသွားများ လာရောက်မှုများရာ နေရာတွေမှာ ပြီးခဲ့တဲ့အပတ်က ဗုံးခွဲတိုက်ခိုက်မှု များမှာ ပါဝင်ပတ်သက်တဲ့လူ (၁၅) ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း တာဝန်ရှိသူများက ကြာသပတေးနေ့က ပြောပါတယ်။
ဖမ်းဆီးထားတဲ့ သံသယရှိသူတွေကို ဘန်ကောက်ရှိ စစ်တပ်အခြေစိုက်စခန်းမှာ ထိန်းသိမ်းထားကြောင်း စစ်ဘက် ထိပ်တန်းဥပဒေရေးရာ အကြံပေးပုဂ္ဂိုလ် Burin Tongprapai က EFE သတင်းဌာနကို ပြောပါတယ်။
Read moreသွေးအလူးလူး ကလေးငယ် တစ်ဦး၏ ဓာတ်ပုံက ဆီးရီးယား ပြည်တွင်းစစ်၏ ဆိုးယုတ်မှု သက်သေ ဖြစ်လာစေခဲ့

မူးဝေနွမ်းနယ်နေဟန်ရှိပြီး တစ်ကိုယ်လုံး ဖုံနှင့်သွေး အလူးလူး ဖြစ်နေသော ဆီးရီးယား ကလေးငယ် တစ်ဦး၏ ဓာတ်ပုံက ပြည်တွင်းစစ်၏ ဆိုးယုတ်သော အဓိပ္ပါယ်ကို ထင်ထင်ရှားရှား ပေါ်လွင်လာစေခဲ့သည်။ အဆိုပါ ဓာတ်ပုံ အင်တာနက်တွင် ပျံ့နှံ့လာပြီးနောက် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ဆီးရီးယား ပြည်တွင်းစစ်၌ ပါဝင်နေသော အဖွဲ့အစည်း အားလုံးအပေါ် ဦးတည်သည့် ဝေဖန်မှုမျိုးစုံ ထွက်ပေါ်လာသည်။ ထိုကလေးငယ်သည် အေလက်ပို မြို့တွင် ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှု တစ်ခုကြောင့် ပြိုကျသွားသည့် အဆောက်အအုံ တစ်ခုအောက်မှ ဆွဲထုတ် ကယ်ဆယ်ခြင်း ခံလာရရှာသူ ဖြစ်သည်။
Read more
















