Year: 2025
“အိုလံပစ် အမျိုးသားဘောလုံးဖိုင်နယ်မှာ ဘရာဇီးလ်နဲ့ ဂျာမနီဆုံတွေ့”
ရီယိုအိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ဘရာဇီးလ်က ဟွန်ဒူးရပ်စ်ကို ခြေစွမ်းပြပြီး ဂိုးပြတ် နိုင်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းအတွက် အသင်းခေါင်းဆောင် နေမာ ခြေစွမ်းပြပြီး ၂ဂိုးသွင်းယူခဲ့ပါတယ်။ ပွဲစလို့ ၁၄ စက္ကန့်မှာ နေမာက ဘရာဇီးလ်အတွက် အဖွင့်ဂိုး သွင်းယူပြီး ဒီဂိုးဟာ အိုလံပစ်ဘောလုံး ပြိုင်ပွဲသမိုင်း တစ်လျောက် အမြန်ဆုံးဂိုးအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘရာဇီးလ်နဲ့ ဂျာမနီ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တွေ့ဆုံမှု
Read more
Long Tan စစ်မြေပြင်၌ အောက်မေ့ဖွယ်အခမ်အးနားကျင်းပရန် သြစတြေးလျကို ဗီယက်နမ်ခွင့်ပြု
လွန်ခဲ့သော နှစ်ပေါင်း ၅ဝ က ဗီယက်နမ်တပ်ဖွဲ့များ နှင့် သြစတြေးလျတပ်ဖွဲ့များအကြား တိုက်ပွဲဆင်နွှဲခဲ့သည့် Long Tan စစ်မြေပြင်နေရာဟောင်း၌ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပခွင့်ပြုရန် သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် Malcolm Turnbull ၏ သြဂုတ်လ ၁၇ ရက် ညပိုင်းက ကြားဝင်မေတ္တာရပ်ခံမှုကို ဗီယက်နမ်နိုင်ငံက ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

Long Tan လက်ဝါးကပ်တိုင်၌ ၂ဝ၁၁ခုနှစ်က ဗီယက်နမ်စစ်ပြန်များ အလေးပြုနေစဉ်(ဓာတ်ပုံ-အင်တာနက်)
Read more
ဆဋ္ဌမအကြိမ်မြောက် စင်ကာပူ အဆင့်မြင့်ပညာရေးပြပွဲ ကျင်းပမည်
စင်ကာပူနိုင်ငံ၏ တက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲကို သြဂုတ်လ ၂၈ ရက်နှင့် စက်တင်ဘာလ ၃ ရက်များတွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း AT&SCo.,Ltd မှ သိရသည်။ အဆိုပါ ပြပွဲကြီးကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၈ ရက်၊ နေ့လယ် ၁ နာရီ မှ ညနေ ၅ နာရီ အထိ Novotel ဟိုတယ်၊Level 4၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့နှင့် စက်တင်ဘာလ ၃ ရက် ၊ နေ့လယ် ၁ နာရီ မှ ညနေ ၅ နာရီ အထိ ဟိုတယ်မန္တလေး၊ စံပယ်ဖြူခန်းမ၊ မန္တလေးမြို့တွင် ကျင်းပမည်ဖြစ်သည်။
Read moreမုန်တိုင်းငယ်အရှိန်ကြောင့် ဒေသအလိုက်မိုးကြီးပြီး ကမ်းရိုးတန်းဒေသများ မိုးသက်လေပြင်းတိုက်ခတ်နိုင်
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်မှ ပြတ်ထွက်လာသည့် တိမ်တိုက်စုများ၏ အရှိန်ကြောင့် ဒေသအလိုက် မိုးကြီးနိုင်ပြီး ကမ်းရိုးတန်း ဒေသများတွင် မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက သတိပေးပြောကြားသည်။ (more…)
Read more
ထိန်းသိမ်းခံ မလေးရှားရောက် မြန်မာလုပ်သား ၁၃၈ဦးကို တပ်မတော်စရိတ်ဖြင့် ပြန်လည်ခေါ်ယူ
မလေးရှားနိုင်ငံရှိ အကျဉ်းစခန်း ၁၁ခုတွင် ထိန်းသိမ်း ခံထားရသော မြန်မာနိုင်ငံသား ၄၀၀ ကျော်အား တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုကစင်း လုံးငှားလေယာဉ်ဖြင့်ခေါ်ဆောင်ရာ ပထမဆုံးအသုတ်အဖြစ် လုပ်သား ၁၃၈ဦး ပြန်လည်ရောက်ရှိလာကြောင်း သတင်းရရှိသည်။
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ညှိနှိုင်းမှုအစီအစဉ်ဖြင့် အစိုးရဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနစသည့်ဝန်ကြီးဌာနသုံးခု နှင့် ကမ္ဘောဇအနာဂတ်အလင်း တန်းမြန်မာဖောင်ဒေးရှင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) တို့ ပူးပေါင်း၍ မလေးရှားနိုင်ငံ အကျဉ်းစခန်း ၁၁ ခုတွင် ထိန်းသိမ်းခံရပြီး နေရပ်ပြန်ရန် လေယာဉ်စရိတ် မတတ်နိုင် သူများအားလုံး ပြန်လည်ခေါ်ဆောင်ရေးအစီအစဉ်ကို သြဂုတ် ၈ ရက်တွင် စတင်ခြင်းဖြစ်သည်။
သြဂုတ် ၁၇ရက်တွင် ပြန် လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ၁၃၈ ဦးသည် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုက လေယာဉ်စရိတ်အကုန်အကျခံကာ ပြန်ခေါ်ခြင်းဖြစ်ကြောင်းအပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း လိုင်း (MAI) ဈေးကွက် မန်နေဂျာဒေါ်အေးမရသာက ပြောသည်။ (more…)
Read more









