ဘယ်လို လူတွေကို ခြင်ပိုကိုက်သလဲ

အတူတူရှိနေကြပေမယ့် တစ်ခါတလေမှာ ကိုယ်ကခြင်ကိုက်ခံနေရပြီး သူများတွေကိုတော့ ခြင်ကိုက်မခံရတာတွေ ကြုံဖူးကြမှာပါ။ ဘယ်လို အခြေအေ ရှိတဲ့လူတွေ ခြင်ပိုကိုက်ခံရတယ် ဆိုတာ ဖော်ပြလိုက်ပါတယ်။

 

(more…)


Read more

၂၀၁၆ ခုနှစ်၏ download ပြုလုပ်မှုအများဆုံး app စာရင်းကို Apple ထုတ်ပြန်

Apple သည် ၂၀၁၆ ခုနှစ်၏ download ပြုလုပ်မှုအများဆုံး app စာရင်းကို ထုတ်ပြန်ခဲ့သည်။အဆိုပါစာရင်းတွင် Snapchat က Facebook, Instagram နှင့် Pokemon Go တို့ကို ကျော်ဖြတ်ကာ ထိပ်ဆုံးမှ ဦးဆောင်ခဲ့သည်။

 

(more…)


Read more

၂၀၁၈-၁၉ ဘောလုံး ရာသီတွင် ချန်ပီယံ လိဂ်ပွဲစဉ်များ ကစားချိန် ပြောင်းလဲမည်

ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်အေ)သည် ချန်ပီယံလိဂ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားသည့်အချိန်များကို လာမည့် ၂၀၁၈-၁၉ ဘောလုံးရာသီမှ စတင်၍ ပြောင်းလဲ သတ်မှတ်သွား တော့မည်ဖြစ်ကာ ယင်းသို့ စီမံလိုက်သည်မှာ ချန်ပီယံလိဂ်ပွဲစဉ်များကို ပရိသတ်များ ပိုမိုကြည့်ရှု အားပေးနိုင်စေရန်အတွက်ဖြစ်သည်ဟု UEFA က ရှင်းလင်းပြောကြားထားကြောင်း BBC က ဖော်ပြထားသည်။

 

(more…)


Read more

အက်သလက်တီကိုအသင်း လိုဂိုပြောင်းလဲ၊ ကွင်းသစ်အမည်ကိုလည်း ထုတ်ပြန်ကြေညာ

စပိန်လာလီဂါကလပ် အက်သလက်တီကိုအသင်းသည် အသင်းအမှတ်တံဆိပ် လိုဂိုကို ဒီဇိုင်း ပြောင်းလဲလိုက်ပြီ ဖြစ်ကာ အဆိုပါလိုဂိုသစ်ကို လာမည့် ၂၀၁၇-၁၈ ဘောလုံးရာသီမှ စတင်၍ အသုံးပြုသွားတော့မည်ဖြစ်ကြောင်း အက်သလက်တီကို အသင်း တာဝန်ရှိသူများက အတည်ပြုလိုက်ပြီ ဖြစ်သည်ဟု Marca က ဖော်ပြထားသည်။

 

(more…)


Read more

နယူးဇီလန် ဝန်ကြီးချုပ် ရာထူးကို ဂျွန်အင်္ဂလစ်ရှ် ဆက်ခံ

နယူးဇီလန် ဝန်ကြီးချုပ်သစ်အဖြစ် ဘီလ် အင်္ဂလစ်ရှ်က တရားဝင် ရာထူးလက်ခံ တာဝန်ယူလိုက်ပြီ ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဝန်ကြီးချုပ် ဂျွန်ကီးက ရုတ်တရက် အံ့အား သင့်ဖွယ် ရာထူးမှနုတ်ထွက်လိုက် ပြီးနောက် အင်္ဂလစ်ရှ်က ၎င်း၏ နေရာကို ဆက်ခံခဲ့သည်။ အင်္ဂလစ်ရှ်သည် ဒီဇင်ဘာ ၁၂ ရက်တွင် နယူးဇီလန်၏ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

 

(more…)


Read more

ထိုင်ဝမ်အပေါ်ထားရှိသည့်မူဝါဒကို ဝေဖန်ခဲ့သည့် ဒေါ်နယ်ထရန့်ကို တရုတ်မီဒီယာသတိပေး

ပေကျင်း ဒီဇင်ဘာ ၁၂

တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခွင့်မပြုကြောင်း အမေရိကန်သမ္မတတစ်ဦးအဖြစ် ရွေးကောက်ခံထားရသူတစ်ဦးအနေဖြင့် ယင်းကဲ့သို့ ပြုမူလုပ်ဆောင်မည် ဆိုပါက အမေရိကန်၏ ရန်သူများကို ပေကျင်းအစိုးရ ထောက်ခံသည်အထိ ဖြစ်သွားစေနိုင်ကြောင်း ဒေါ်နယ်ထရန့်ကို တရုတ်မီဒီယာတစ်ခုက တနင်္လာနေ့တွင် သတိပေးလိုက်သည်။

 

(more…)


Read more

ပဲခူးတိုင်းဒေသကြီး(အနောက်) တွင် ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဒီဇင်ဘာ (၁၀) ရက် နံနက် ၁ဝနာရီခွဲတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှ လူငယ်ရေးရာတာဝန်ခံများ၊ အလုပ်သမားရေးရာ တာဝန်ခံ များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

Read more

ဆစ်ဒနီမြို့၏ နှစ်သစ်ကူးမီးရှုးမီးပန်းပစ်လွှတ်မှု အစီအစဉ်ကို Facebook မှတဆင့် တိုက်ရိုက်ပြသမည်

ကမ္ဘာတစ်ဝန်း အဓိက ပျော်ပွဲရွှင်ပွဲတစ်ခုဖြစ်သည့် ဆစ်ဒနီမြို့မှ နှစ်သစ်ကူးအကြို မီးရှုးမီးပန်းပစ်လွှတ်မှု အစီအစဉ် ကို Facebook မှတဆင့် ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် တာဝန်ရှိသူများက ပြောသည်။

 

(more…)


Read more

အမျိုးသားနိုင်ငံရေးနှင့်ပတ်သက်လာလျှင် ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆုံးမှ ရပ်တည်မည်ဟုဆို

 

နိုင်ငံတော်အတွက် အမျိုးသားနိုင်ငံရေးနှင့် ပတ်သက်လာလျှင် ပြည်ခိုင်ဖြိုးပါတီက ရှေ့ဆုံးက ရပ်တည်မည်ဖြစ်ကြောင်း ယခုလ ၈ ရက် နံနက် ၁ဝ နာရီက တိုင်းဒေသကြီး ပါတီ အစည်းအဝေးခန်းမ၌ ကျင်းပသော မကွေးတိုင်းဒေသကြီး ပါတီကော်မတီအဖွဲ့ဝင်များ၊ အရန် ကော်မတီဝင်များ၏ လပတ်အစည်းအဝေးတွင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌက အဖွင့်လမ်းညွှန် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

Read more

မောင်တောအကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေးကော်မရှင် စတင်ကွင်းဆင်းစုံစမ်း

ရခိုင်ပြည်နယ် မောင်တောနယ်စပ်ဒေသ တွင် အောက်တိုဘာ ၉ ရက်နှင့် နိုဝင် ဘာ ၁၂ နှင့် ၁၃ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်အတွက် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် ကော် မရှင်၏ ပထမဆုံးခရီးစဉ်အဖြစ် မောင်တောနယ်စပ်ဒေသတွင်သုံးရက်ကြာ စုံစမ်းစစ်ဆေးရန် မောင်တောဒေသသို့ ရောက်ရှိနေကြောင်း သိရသည်။ (more…)


Read more