ရေဘေးသင့်ပြည်သူများအား ပြည်ကြီးတံခွန် ပြည်ခိုင်ဖြိုးပါတီမှ တစ်နပ်စာထမင်းနှင့် ဟင်း စတုဒိသာကျွေးမွေး

မိုးရွာသွန်းမှုများပြား၍ မိုးရေ ဝင်ရောက်ကာ ရေဘေးဒဏ်ခံစားခဲ့ရသည့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ သင်ပန်းကုန်းရပ်ကွက် နေ ရေဘေးသင့်ပြည်သူများအား ပြည်ကြီး တံခွန်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှဦးဆောင်၍ တစ်နပ်စာ ထမင်းနှင့်ဟင်း စတုဒိသာအဖြစ် သြဂုတ် (၂၂) ရက် မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၆ နာရီအထိ ကျွေးမွေးလှူဒါန်းခဲ့သည်။

Read more

ဆီးရီးယားစစ်ပွဲကြောင့် တပတ်အတွင်း အရပ်သား ၅၀၀ ကျော် သေဆုံး

Syria-strike

ဆီးရီးယားနိုင်ငံမှာ စစ်ပွဲတွေကြောင့် တပတ်အတွင်း အရပ်သား ၅၀၀ ကျော် သေဆုံးခဲ့ပြီး အများစုဟာ ဆီးရီးယားနဲ့ ရုရှား လေကြောင်းထိုးစစ်တွေကြောင့် သေဆုံးခဲ့ကြတယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ အဲ့ဒီထဲမှာ ကလေးအယောက် ၁၀၀ နီးပါးနဲ့ အမျိုးသမီး ၇၀ ကျော် ပါဝင်ပါတယ်။ ၂၀၀ ကျော်ဟာ နိုင်ငံမြောက်ပိုင်းက အလက်ပိုမြို့မှာ ဆီးရီးယား၊ ရုရှား လေတပ်တွေရဲ့ ဗုံးကြဲမှုတွေကြောင့် သေဆုံးခဲ့ကြတာပါ။

Read more

အီရန်အခြေစိုက် ရုရှားလေကြောင်းစစ်ဆင်ရေးတွေ ပြီးဆုံးကြောင်း အီရန် ကြေညာ

45353737

ဆီးရီးယားနိုင်ငံထဲက စစ်သွေးကြွတွေကို အီရန်မှာအခြေစိုက်ထားတဲ့ ရုရှားတပ်တွေက ဗုံးကြဲတိုက်ခိုက်နေတာ တပတ်လောက်ပဲ ရှိသေးတဲ့ အချိန်မှာပဲ ဒီတိုက်ခိုက်မှုတွေ ပြီးဆုံးသွားပြီလို့ အီရန်နိုင်ငံက တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။ ရုရှားဟာ အီရန်ပိုင်နက်ထဲကနေ သူ့ရဲ့ လေကြောင်း တိုက်ခိုက်မှုစွမ်းရည်ကို တပါးသူ အထင်ကြီးအောင် ၊ လူကြီးလူကောင်း မဆန်စွာ လုပ်ပြနေတယ် ”လို့ အီရန်ကာကွယ်ရေးဝန်ကြီးက အပြင်းအထန် ဝေဖန်လိုက်ပါတယ်။

Read more

ပြည်ခိုင်ဖြိုးနှင့်သမိုင်းသစ်ကိုထုဆစ်ခြင်း

• သမိုင်းတစ်ခေတ် တို့ထုဆစ်သော်
စိတ်သစ်လူသစ် အတွေးသစ်နှင့်
ကျစ်လျစ်ခိုင်မာ စည်းလုံးစွာဖြင့်
ညီညာစိတ်ဓာတ် မွန်မြတ်ယုံကြည်
တည်ကြည်ခိုင်မြဲ စိတ်ထဲကြံ့ခိုင်
မယိုင်လုံ့လ ကြိုးစားကြမှ
တွေ့ရခက်ခဲ မမှုဘဲနဲ့
တို့လည်း ကျော်လွှားနိုင်လိမ့်မယ်။
• တို့များအသင်း ဆင်ယင်ကျင်းပ
ဤကာလဝယ် တိကျဝါဒ
ချမှတ်ကြ၍ ညီမျှအမြင်
ထင်ထင်ရှားရှား မြင့်မားစိတ်ဓာတ်
မပြတ်စည်းလုံး တစ်ပြည်လုံးထိ
ရင်ထဲရှိအောင် တို့စွမ်းဆောင်ရင်
အောင်မြင်မှုဟာ လက်တကမ်းပါ။
• ဒါကြောင့်မို့လေ
တို့တွေထုဆစ် သမိုင်းသစ်မှာ
ပြည်မြန်မာသည် ခိုင်မာကျစ်လျစ်
တဆစ်တပိုင်း တုနှိုင်းစရာ
မြေစာတမှုန့် သူ့လက်ခုပ်သို့
တို့ရောက်မခံ တွန်းလှန်ပယ်ခွင်း
တို့သွေးရင်းနှင့် ချစ်ချင်းညီတူ
ကြည်ဖြူလက်တွဲ သွေးမကွဲဘဲ
ရဲသွေးအမျိုး ပြည်ခိုင်ဖြိုးတို့
ပြည်ကျိုးရှေ့ဆောင် တို့ပြည်ထောင်ကို
ကမ္ဘာတည်အောင် ဦးဆောင်ကြိုးပမ်းကြပါစို့။ ။
မောင်လှသိန်း(သူရဲသမိန်)

Read more

အီရတ်တပ်ဖွဲ့ဝင်များအား သတ်ဖြတ်ခဲ့သည့် စစ်သွေးကြွ ၃၆ ဦးကို ကြိုးပေးကွပ်မျက်

14114937_1745364142370753_1329520137793221102_o

ဘဂ္ဂဒက် သြဂုတ် ၂၂

အီရတ်နိုင်ငံသည် လွန်ခဲ့သောနှစ်နှစ် အကြာက ဘဂ္ဂဒက်မြောက်ပိုင်းရှိ စခန်းတွင် ရှီးယိုက်စစ်သားရာပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် စစ်သွေးကြွ ၃၆ ဦးကို ကြိုးပေး ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း တနင်္ဂနွေ နေ့က ပြောကြားခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်နေသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်း

ဦးညွန့်ဝင်း မြစ်ကြီးနားမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ

• ဆရာလက်ရှိပါတီမှာတာဝန် ယူထားတဲ့ကဏ္ဍကိုသိလိုပါတယ်။ အရင်ကရော ဘယ်တာဝန်တွေကို ယူခဲ့ပါသလဲ။
ပြီးခဲ့တဲ့ မြို့နယ်ပြန်လည်ရွေး ချယ်တင်မြှောက်ပွဲမှာမြို့နယ်ဥက္ကဋ္ဌ အနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပါတီအဆင့်ဆင့်ရွေးချယ်တင်မြှောက်ပေးခဲ့အတွက် ဒီတာဝန်ကိုထမ်းဆောင်မှာဖြစ်ပါတယ်။၂ဝ၁၂ခုနှစ်ကနေ ၂ဝ၁၆ ပြုပြင်ပြောင်း လဲမှုမလုပ်ခင်အထိ ပြည်နယ်ကော်မတီဝင်အနေနဲ့ တာဝန်ထမ်းဆောင် ခဲ့ပါတယ်။

Read more

ဆီးရီးယားအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မရသေးဟု ကာ့ဒ်တပ်ဖွဲ့ပြော

ဆီးရီးယားနိုင်ငံ ဟာဆာကာမြို့၌ ကာ့ဒ်တပ်ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူမှု ရရှိသွားပြီဟု အစိုးရစစ်တပ် က သြဂုတ် ၂၁ ရက်တွင် ပြောကြားသော်လည်း သဘောတူညီမှု မရရှိသေးကြောင်း ကာ့ဒ်တပ်ဖွဲ့သတင်းရင်းမြစ်က ပြောသည်။

ဟာဆာကာမြို့၌ ဆီးရီးယားအစိုးရတပ်ဖွဲ့နှင့် အမေရိကန် ကျောထောက်နောက်ခံပြု ကာ့ဒ် တပ်ဖွဲ့တို့အကြား သြဂုတ် ၁၇ ရက်ကစ၍ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်နေသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်း

ဦးခင်မောင်သီ ပင်လုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်နယ်အရန်ဗဟိုကော်မတီဝင်

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ (၂၀၁၆) အစည်းအဝေး ကျင်းပ

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) ကို ယနေ့ (သြဂုတ် ၂၂ ရက်) နံနက် (၈) နာရီခွဲအချိန်က ပါတီဌာနချုပ်ခန်းမ၌ ကျင်းပရာ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးဌေးဦး၊ သူရဦးအေးမြင့်၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတိုင်ပင်ခံများ၊ ဗဟိုအကြံပေးများ၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ပါတီညီလာခံ ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ထူးချွန်ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

22B

(more…)


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) တွင် ပါတီဥက္ကဋ္ဌ ဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်း (၂၂-၈-၂၀၁၆)

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) ကို ယနေ့ (သြဂုတ် ၂၂ ရက်) နံနက် (၈) နာရီခွဲအချိန်က ပါတီဌာနချုပ် ခန်းမတွင် ကျင်းပရာ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန် တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းအပြည့်အစုံမှာ –

 

22 HQ1 22 HQ2

(more…)


Read more