အမေရိကန်က ဂျပန်တွင် F-35 ကိုယ်ပျောက်တိုက်လေယာဉ်အုပ် ထားရှိမည်

F-35-fighter-jets-Flickr-Airman-Magazine

ဂျပန်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းရှိရာ ရာမဂုချိ စီရင်စုဒေသက အိုင်ဝါကူနီမြို့မှာ အမေရိကန် ပြည်ထောင်စုက F-35 ကိုယ်ပျောက်တိုက်လေယာဉ် ၁၆ စီးကို လာမယ့် ဇန်န၀ါရီကနေ သြဂုတ်လအတွင်း ဖြန့်ကျက်မှာကို ဂျပန်အစိုးရက မြို့တာဝန်ရှိသူတွေကို စီမံကိန်းနဲ့ပတ်သက်လို့ အသိပေး အကြောင်းကြားပါတယ်။

ဒီအစီအစဉ်ဟာ အမေရိကန်ပြည်ထောင်စုက ကိုယ်ပျောက်တိုက်လေယာဉ်ကို ပြည်ပမှာ ပထမဆုံးအကြိမ် ဖြန့်ကျက် ချထားမယ့် အစီအစဉ် ဖြစ်ပါတယ်။

Read more

ကန်ဒေါ်လာ သန်း ၁ဝဝ တန် ကမ္ဘာ့အကြီးဆုံး ပုလဲကြီးကို ဖိလစ်ပိုင်နိုင်ငံ၌ ခင်းကျင်းပြသမည်

14125152_1082842601808626_5066560492162492985_o

မနီလာ သြဂုတ် ၂၃

မီးလောင်ကျွမ်းခံရသောအိမ်တစ်လုံးအတွင်းမှ အမေရိကန် ဒေါ်လာ သန်း ၁ဝဝ တန် ကမ္ဘာ့အကြီးဆုံး သဘာဝပုလဲ တစ်လုံးတွေ့ရှိပြီးနောက် အဆိုပါပုလဲကြီးကို ဖိလစ်ပိုင်နိုင်ငံ၌ မကြာမီ ခင်းကျင်းပြသသွားမည်ဖြစ်သည်။

Read more

ကျောင်းကုန်းပြည်ခိုင်ဖြိုးနှင့် ရွှေကျွန်းဂုဏ်ပရဟိတအဖွဲ့တို့ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုပြု

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးကျော်ဝင်းစိန် ခေါင်းဆောင်သော မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် ညောင်တုန်းမြို့နယ် ပေစိအုပ်စု ရွှေကျွန်းဂုဏ်လူငယ်ပရဟိတအဖွဲ့တို့ ပူးပေါင်း၍ သြဂုတ်လ (၂၂) ရက်နေ့က ကျောင်းကုန်းမြို့ ကျုံဖားရိုးအုပ်စု ကြိမ်ငူကြီးကျေးရွာနှင့် ပန်းတောရိုး အနောက် ရွာသစ်ကုန်းရွာ၊ ဝက်ခြံဂရက်အုပ်စု ကညင်ကုန်းရွာ၊ ရောင်ပစ်ကွင်း အုပ်စု မကျီးစင်ရွာ၊ ပေါက်ဆိန်ပဲ့အုပ်စု ရုံငူကြီးရုံးငူလေးရွာ၊ အမှတ်(၁)ရပ်ကွက် စက်ကြီးပိုင်း လျှော်ဂိုဒေါင် ရေဘေးစခန်း ဝက်ချောင်းအုပ်စု ထမဆုပ်ကုန်းကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်(၅၂)အိတ်နှင့် အဝတ်အထည်များကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိသည်။

Read more

နှေးဟန်ရှိသော်လည်း သေချာပေါက်အောင်ပွဲဆီသို့ ချီတက်နေ သည့် ပြည်ခိုင်ဖြိုးပါတီ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံကို ဦးတည်ချက် ငါးချက်နှင့် ကျင်းပနေတယ်ခင်ဗျား။ အဲဒီဦးတည် ချက်များကတော့-
(၁) ယုံကြည်မှုကို အခြေပြုသော ပါတီတွင်းစည်း လုံးညီညွတ်မှုခိုင်မာရေးနှင့် ပြည်သူအတွင်း စည်းရုံးမှုကို ပိုမိုထက်မြက်လာစေရေး။
(၂) ပါတီတွင်း ဒီမိုကရေစီ ရှင်သန်ခိုင်မာရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး။
(၃) ပြည်သူများ၏လူမှုစီးပွားဘဝ ပိုမိုတိုးတက် ရေးအတွက် ပြည်သူများနှင့်ပူးပေါင်းလက်တွဲ ဆောင်ရွက်ရေး။
(၄) ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် ပါတီဝင်များက ဝိုင်းဝန်းပါဝင်ဆောင်ရွက်ရေး။
(၅) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခြေ ပြုသော ပြည်ထောင်စုနိုင်ငံတော် အဓွန့်ရှည် တည်တံ့ရေးအတွက် ပါတီဝင်များက တက်ကြွစွာ ပါဝင်ဆောင်ရွက်ရေးတို့ဖြစ်သည်ခင်ဗျ။
ဆိုရရင် ပြည်ခိုင်ဖြိုးပါတီသည် ၈.၆.၂ဝ၁ဝ မှာ စတင်မှတ်ပုံတင်ဖွဲ့စည်းခဲ့သည်ကို မှတ်မိနေ ပါတယ်။ဒီနေ့ဆိုရင် ခုနစ်နှစ်ကာလရောက်ခဲ့ပြီဖြစ် တယ်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ကြီးကိုအခြေပြုပြီး ဖွဲ့စည်းခဲ့ရာ ပါတီ၏သက်တမ်းသည် ၂၄ နှစ်ရှိသည်လို့ ဆိုနိုင်ပါတယ်။
အသင်းကြီးကို စတင်ဖွဲ့စည်းခဲ့သည့်အချိန် ကာလကို ပြန်ပြောင်းကြည့်ပါက ဒီမိုကရေစီရေး နှင့် လူ့အခွင့်အရေးကို တွင်တွင်ကြီး ဟစ်ကြွေးပြီး သွေးထိုးလှုံ့ဆော်ဖန်တီးမှုများကို အခြေပြု ပေါ်ပေါက်လာခဲ့သည့် စည်းမဲ့ကမ်းမဲ့၊ ဥပဒေမဲ့၊ မင်းမဲ့စရိုက်များကြောင့် ပျက်ပြားခဲ့ရသည့် တည် ငြိမ်အေးချမ်းမှုနှင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပျက် စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်နေချိန် ဖြစ် သည်ကို တွေ့ရတယ်။ နိုင်ငံတော်တည်ငြိမ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ ပြည်သူ တစ်ရပ်လုံး တက်တက်ကြွကြွ ပါဝင်ဆောင်ရွက် လာအောင် ရှင်းလင်းလှုံ့ဆော် စည်းရုံးရေးသည် နိုင်ငံတော်၏ ပကတိဖြစ်ပေါ်မှု အခြေအနေအရ အမှန်တကယ်လိုအပ်ချက် ဖြစ်လာခဲ့တယ်ခင်ဗျ။
အမှန်မှာ သမိုင်းရေးလိုအပ်ချက်ကို ဖြည့် ဆည်းဆောင်ရွက်နိုင်ရန် အသင်းကြီးထူထောင်ခဲ့ ခြင်းဖြစ်တယ်။ အသင်းဝင်များနှင့်အဆင့်ဆင့်သော အလုပ်အမှုဆောင်များ အရည်အချင်းပြည့်ဝစွာ စီမံခန့်ခွဲနိုင်ရန် မြန်မာနှင့်နိုင်ငံတကာ အခြေ အနေကို မျက်ခြည်မပြတ်သိရှိစေရန်နှင့် ပြည် ထောင်စုစိတ်ဓာတ်ပြန့် ပွားလာစေရန်ရည်ရွယ်ချက် များဖြင့် ဗဟိုအဆင့်သင်တန်းများ၊တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် သင်တန်းများ ဖွင့်လှစ်သင်ကြားခဲ့သည်ကိုတွေ့ရတယ်။ အသင်း ဝင်များကလည်း ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ပါဝင်လှုပ်ရှားဆောင်ရွက်ခြင်း၊ ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများ၊အားကစား၊သာရေး၊နာရေးကူညီ ရေးလုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်ကြတယ်။
အမှန်ဆိုရရင် အသင်းကြီး၏ရည်ရွယ်ချက် သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ နိုင်ငံတော်အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးကို ရှေးရှုလျက် မျိုးချစ်စိတ် ဓာတ်ရှင်သန်ထက်မြက်စေရန် ဆောင်ရွက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းသာယာ သည့်ခေတ်မီနိုင်ငံတော်ကြီးဖြစ်ပေါ်ရေးတို့ပင်ဖြစ် တယ်ခင်ဗျ။
ဒို့တာဝန်အရေးသုံးပါးကိုအရင်းခံပြီးချမှတ် ထားသည့်အသင်းကြီး၏ရည်ရွယ်ချက်ငါးရပ်သည် နိုင်ငံတော်၏ အနာဂတ်ခရီးလမ်းတွင် ထာဝစဉ်ဦး ထိပ်ပန်ဆင်သွားရမည့်အမျိုးသားရေးဆိုင်ရာ လမ်းညွှန်ချက်များဖြစ် ပါတယ်။ ပြောရရင် ပြည်ခိုင်ဖြိုးပါတီသည် အသင်းကြီးကို အခြေပြု ပြီး အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြသဖြင့် ၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် ပြည်သူများ၏ ထောက်ခံမှုရရှိခဲ့တယ်ဆိုတာ သိရှိရတယ်။ အစိုးရ အဖွဲ့သည်လည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု များကို စနစ်တကျဆောင်ရွက်ခဲ့တယ်။
ပြောရရင် နိုင်ငံရေးပါတီဆိုသည် ပြည်သူ များနှင့်သာ ဖွဲ့စည်းကြရတယ်။ လူနည်းစုဖြစ် သလို လူများစုလည်း ဖြစ်နိုင်တယ်။နိုင်ငံရေး အဖွဲ့အစည်းတစ်ခုအတွင်း တူညီသော ယုံကြည် ချက်များဖြင့် ပါဝင်လှုပ်ရှား ဆောင်ရွက်တတ်ကြသည့်အပြင်’ပြည်သူများ ဘာလိုအပ်သလဲ၊ ဘာတွေကိုဖြည့်ဆည်း ပေးမည်လဲ၊နိုင်ငံ၏အဓိက ကျနေရာက ငါတို့ဘယ်လိုတာဝန်တွေယူရမလဲ’ ဆိုပြီး ပြည်သူအတွက် စီမံခန့်ခွဲရန်ဆိုသည့် ဦးတည်ချက်များဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပါတယ်။
”ဒီတော့ကာ နိုင်ငံရေးပါတီဆိုတဲ့သဘောကို သေသေချာချာ နားလည်ဖို့လိုတယ်။ ကျွန်တော် တို့ဗမာပြည်မှာ အရင်တုန်းကရှိတဲ့ နိုင်ငံရေးပါတီ တွေကို သေသေချာချာ ဆန်းစစ်ကြည့်မယ်ဆိုရင် ဘယ်သူ့ကိုမှ ပုတ်ခတ်လိုတဲ့သဘောမျိုးမဟုတ် ဘဲနဲ့ပြောရရင် အမှန်စင်စစ် ပါတီသဘောရယ်လို့ သိပ်မခေါ်နိုင်ဘူး။ နိုင်ငံရေးစကားပြောမယ်ဆို လို့ရှိရင် ဏနမျသညွေူမသကစ တွေပဲ ဘာမျှစနစ် တကျနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘူး”ဟု ပြော ခဲ့သည်ကို ဆင်ခြင်ကြည့်ရန်ဖြစ်ပါတယ်။
(ဗိုလ်ချုပ်အောင်ဆန်း ၂၃-၁-၆၄)ဖဆပလ ပြည်လုံးကျွတ်ညီလာခံ)
ပြည်ခိုင်ဖြိုးပါတီကို ဆန်းစစ်ကြည့်ရာ ပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း စနစ်တကျရေးဆွဲထား သည်ကို လေ့လာတွေ့ရှိရတယ်။ ရည်မှန်းချက်၊ ယုံကြည်ချက်၊ ပါတီ၏သန္နိဋ္ဌာန်၊ ပါတီ၏မူဝါဒ များ၊ ပါတီ၏ဦးဆောင်မှု အခန်း၊ ပါတီ၏လုပ် ငန်းစဉ်များ(အမျိုးသားရေးလုပ်ငန်းစဉ်၊ နိုင်ငံရေး လုပ်ငန်းစဉ်၊ စီးပွားရေးလုပ်ငန်းစဉ်၊ နိုင်ငံခြား ရေးလုပ်ငန်းစဉ်၊ ကာကွယ်ရေးလုပ်ငန်းစဉ်၊ လူ့ အခွင့်အရေးလုပ်ငန်းစဉ်၊ တိုင်းရင်းသားရေးဆိုင်ရာ လုပ်ငန်းစဉ်၊ တောင်သူလယ်သမားရေးဆိုင်ရာ လုပ်ငန်းစဉ်၊ အလုပ်သမားရေးဆိုင်ရာလုပ်ငန်းစဉ်၊ ဘာသာရေးဆိုင်ရာလုပ်ငန်းစဉ်၊ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာလုပ်ငန်းစဉ်၊ ပညာရေးဆိုင်ရာလုပ် ငန်းစဉ်၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်းစဉ်) ပါတီ ၏သဘောများနှင့်ပတ်သက်၍လည်း တိုင်းရင်း သားလူမျိုးများနှင့် ပတ်သက်သော သဘောထား၊ တောင်သူလယ်သမားများနှင့် ပတ်သက်သော သဘောထား၊ အလုပ်သမားများနှင့်ပတ်သက် သော သဘောထား၊ လူငယ်များနှင့်ပတ်သက် သော သဘောထား၊ အမျိုးသမီးများနှင့်ပတ်သက် သော သဘောထား၊ ဝန်ထမ်းများနှင့်ပတ်သက် သော သဘောထား၊ သတင်းမီဒီယာနှင့်ပတ်သက် သော သဘောထား၊ အနုပညာရှင်များနှင့်ပတ် သက်သော သဘောထား၊ တိုင်းရင်းသားလုပ်ငန်း ရှင်များနှင့်ပတ်သက်သော သဘောထား၊ ဘာသာ ရေးဆိုင်ရာသဘောထား စသည်ဖြင့် အတိအလင်း ပြည်ခိုင်ဖြိုးပါတီက ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း တွင် ရေးဆွဲထားတာ တွေ့ရတယ်။
ထို့ပြင် ပြည်ခိုင်ဖြိုးပါတီဝင်များတွင် ရှိရမည့် အရည်အချင်း၊ သတ်မှတ်ချက်၊ ပါတီဝင်များ၏ တာဝန်နှင့်ဝတ္တရားများ၊ ပါတီဝင်များ၏ကျင့်ဝတ် များ၊ ပါတီဝင်များလိုက်နာရမည့် စည်းကမ်းများ၊ ပါတီဝင်တစ်ဦး၏ရပိုင်ခွင့်များအပြင် ပါတီအဖွဲ့ အစည်းအဆင့်ဆင့် (တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊မြို့နယ်၊ရပ်ကွက်၊ကျေးရွာအုပ်စု၊ ကျေးရွာ ပါတီအဖွဲ့၊ အခြေခံအဖွဲ့)၏ ဖွဲ့စည်းပုံ၊ဖွဲ့စည်း ရခြင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းများကိုလည်း စနစ်တကျထည့်သွင်းရေးဆွဲထားတယ်ခင်ဗျ။
ဆက်ပြီးဆိုရရင် ပြည်ခိုင်ဖြိုးပါတီဖွဲ့စည်း ပုံမှာ ဗဟိုဌာနကြီးများ၊ ဗဟိုရေးရာကော်မတီများ၊ ဗဟိုလုပ်ငန်းအဖွဲ့အစည်းများ၊ သင်တန်းကျောင်း၊ မော်ကွန်းတိုက်၊ စာကြည့်တိုက်တို့ကိုလည်း စနစ် တကျထည့်သွင်းရေးဆွဲပြီး လက်တွေ့လုပ်ဆောင် နေကြတာကိုလည်း တွေ့ရသဗျ။
ဆိုရရင် ပြည်ခိုင်ဖြိုးပါတီသည် မခံချင်၍ လူစုပြီးဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီမဟုတ် မူဘဲ လက်တွေ့ကျပြီး မှန်ကန်သော မူဝါဒ၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ဆီလျော်အပ်စပ်လိုက် လျောညီထွေသောလုပ်ငန်းစဉ်များ အခြေခံလျက် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို ပြည်သူ များနှင့် လက်တွဲလျက်ဆောင်ရွက်ရန် ဖော်ဆောင် ဖွဲ့စည်းထားသည့် ပါတီဖြစ်သည်ကို လေ့လာ တွေ့ရှိရတယ်။
ယခုအခါ ပြည်ခိုင်ဖြိုးပါတီသည် ပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ပါတီကျစ် လျစ်ခိုင်မာပြီး အင်အားပိုမိုတောင့်တင်းခိုင်မာ စေရန်နှင့် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို သယ်ပိုးဆောင်ရွက်နိုင် သည့်၊ရေရှည်တည်တံ့ခိုင်မြဲ သည့် နိုင်ငံရေးပါတီကြီးဖြစ်စေရန်အဆင့်ဆင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး ဒုတိယအကြိမ်ပါတီ ညီလာခံကို ကျင်းပလျက်ရှိနေသည်ကို သိရှိနေ ရတယ်။
အမှန်ဆိုရရင် နိုင်ငံအရေးကို ရှုမျှော်တွေး၍ နိုင်ငံရေးကို အားပေးကြရမည်ဖြစ်သည်။တစ်နည်း အားဖြင့် နိုင်ငံအရေးဟူသော နိုင်ငံရေးကို လွတ် လပ်စွာရှင်သန်ခွင့်ပေးရပါမည်။ ဤသို့မဟုတ် ပါက နိုင်ငံရေးကို အပုပ်ချ၊ ရှုတ်ချထိုးနှက်၊ ချေဖျက်နေမယ်ဆိုရင် နိုင်ငံရေးသည် စိမ်းလန်း စိုပြည်လာမည် မဟုတ်ပါဘူး။ပွင့်လင်းစွာဆိုရရင် နိုင်ငံရေးသမားကောင်းပေါ်ထွက်ရန် ဝေးနေမှာ ဖြစ်ပါတယ်။
တိုင်းပြည်နိုင်ငံတစ်ခုသည် နိုင်ငံရေးသမား ကောင်းတို့ကို မွေးထုတ်ပေးရန် လိုအပ်ပါတယ်။ နိုင်ငံရေးသမားကောင်းဆိုသည် တိုင်းပြည်ကိုချစ် သော၊ နိုင်ငံကိုမြတ်နိုးသော နိုင်ငံသားကောင်း ရတနာသာဖြစ်ပါတယ်။အမိနိုင်ငံကို မြတ်နိုးတွယ် တာ တန်ဖိုးထားသော၊အမိနိုင်ငံကိုကာကွယ်သော၊ အမိနိုင်ငံကို အစဉ်အမြဲချစ်ခင်ပြီး၊ အမိနိုင်ငံ ထာဝရလှပစေရန်ရည်သန်ပြီး ကြိုးပမ်းအားထုတ် လိုသော နိုင်ငံ့သားကောင်းများသည် အမိနိုင်ငံ၏ နိုင်ငံရေးသမားကောင်းများဖြစ်ပါမယ်။
နိုင်ငံရေးသမားဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦး ချင်းဆိုင်ရာအရေးဖြစ်ပါတယ်။ မည်သူကမျှ သတ်မှတ်ပေး၍ မရနိုင်ပါ။ အစိုးရအဖွဲ့အစည်း တစ်ခုတွင် တက်ကြွစွာပါဝင်လှုပ်ရှားသူများကို သူတို့နိုင်ငံတွင် နိုင်ငံရေးသမားဟုသတ်မှတ်ကြ တယ်။ နိုင်ငံရေးသဘောတရားအတွေးအခေါ်၊ လူတန်းစားအရေးနှင့် အာဏာ စသည်တို့ကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်သူများကိုလည်း နိုင်ငံ ရေးသမားဟု ခေါ်ကြတယ်။ အမျိုးသားခေါင်း ဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံ အတွင်း ပြည်သူများ နိုင်ငံရေးစိတ်ဝင်စားလာ ပြီး တစ်တိုင်းပြည်လုံးရှိလူတိုင်း နိုင်ငံရေးသမား များဖြစ်လာရေးနှင့်ပတ်သက်၍ ၂၃.၁.၄၆ ရက် နေ့ ဖဆပလပြည်လုံးကျွတ်ညီလာခံတွင်-
”နိုင်ငံရေးဆိုတာ တစ်ခါတစ်ရံမှ အစည်း အဝေးလုပ်ပြီးတော့ စင်မြင့်ပေါ်က ပြောတဲ့လူက ပြော၊ နားထောင်တဲ့လူက နားထောင်တဲ့ကိစ္စမျိုး မဟုတ်ဘူး။ အမြဲတမ်းအားဖြင့် တစ်တိုင်းပြည် လုံးမှာရှိတဲ့ တိုင်းသူပြည်သားတွေဟာ မိမိတို့ရဲ့ ဆိုင်ရာဆိုင်ရာအကျိုးတွေကို ဆိုင်သလိုဖွဲ့စည်းပြီး တော့ကာ၊ မိမိတို့ပြဿနာတွေကိုလုပ်ပြီးတော့ကာ ဖြေရှင်းရန်အတွက် အမြဲတမ်းလုပ်နေတဲ့ ကိစ္စ၊ ဒီတော့ကာ အားလုံးလူတွေရဲ့ အကျိုးကိစ္စ၊ လူတွေရဲ့နိုင်ငံရေး၊ ဒီတော့ အဲဒီလိုဖြစ်အောင် လုပ်နိုင်ဖို့ဆိုတော့ ဆိုင်ရာဆိုင်ရာအဖွဲ့တွေက ကြည့်ပြီးထိန်းထားမှသာ လူတွေလည်း နိုင်ငံရေး မှာ အမြဲတမ်းစိတ်ပါဝင်စားပြီးတော့ တစ်တိုင်း ပြည်လုံးပေါ်မှာရှိတဲ့လူတွေဟာ နိုင်ငံရေးသမား ဖြစ်လာအောင်၊ နိုင်ငံရေးစိတ်ဝင်စားလာအောင် ဒီလိုအဖွဲ့တွေဖွဲ့ရမယ်”ဟု မိန့်ကြားခဲ့ပါတယ်။
နိုင်ငံရေးပါတီဖွဲ့ခြင်းသည် ချစ်ခြင်း၊ မုန်း ခြင်းအပေါ် အခြေခံပြီး ဖွဲ့စည်းလျှင် ယင်းပါတီ သည် ရေရှည်မတည်မြဲပါ။ မှန်ကန်သောမူဝါဒ လုပ်ငန်းစဉ်များ စနစ်တကျရေးဆွဲထားသော ပါတီဖွဲ့စည်းပုံ စည်းမျဉ်းရှိကြရမယ်။ သို့မဟုတ် ပါက ဟိုနေရာတစ်မျိုးပြော၊ သည်နေရာတစ်မျိုး ပြော၊ မဖြစ်နိုင်သည့်ကတိတွေကို ပြည်သူသဘော ကျအောင်ပြောပြီး လက်တွေ့လည်းမပါလျှင် ယင်းပါတီသည် ကြာရှည်မမြဲ၊ ပျောက်ကွယ်သွား နိုင်ပါတယ်။
စနစ်ကျသော ပါတီဖွဲ့စည်းပုံအခြေခံစည်း မျဉ်း၊ လက်တွေ့ကျပြီး မှန်ကန်သောမူဝါဒ၊ စစ် မှန်သော မျိုးချစ်စိတ်ဓာတ်၊ မိမိနိုင်ငံ၏ပကတိ အခြေအနေဖြင့် ဆီလျော်အပ်စပ်လိုက်လျောညီ ထွေသောလုပ်ငန်းစဉ်နှင့် သဘောထားဖြင့် ဒီမို ကရေစီပြုပြင်ပြောင်းလဲမှုများဖြင့် ပြည်သူများ နှင့်အတူ လက်တွဲတည်ဆောက်ဖော်ဆောင်သွား မည်သာဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။
တစ်နှစ်ထက်တစ်နှစ်အတွေ့အကြုံများရရှိနေ သောပြည်ခိုင်ဖြိုးပါတီသည် ပြည်သူ့လိုအပ်ချက် ဆန္ဒနှင့်ထပ်တူထပ်မျှဖြစ်နေသော အေးချမ်းသာ ယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ရေးပန်းတိုင်ကို တစိုက်မတ်မတ် ဦးတည်ကြိုးပမ်းသွားမယ်လို့ ယုံကြည်ရပါတယ်။
ရှေ့အဖို့တွင်ဖြစ်ပေါ်နေသော ပကတိအခြေ အနေတွင် ပြည်ခိုင်ဖြိုးပါတီသည် အခက်အခဲ များကို ကျော်လွှားအောင်မြင်မှုများကို မုချမသွေ ရလာမည် ဖြစ်ပါတယ်။ အောင်မြင်မှုများမရလျှင် မဖြစ်တော့သော သမိုင်းပေးဘဝကြောင့်ပင်လျှင် ပြည်ခိုင်ဖြိုးပါတီသည် အောင်ပွဲများဆီသို့ ဦးလည်မသုန်ချီတက်နေမည်သာ ဖြစ်ပါတယ်လို့ ပြောလိုပါတယ်။
နှေးဟန်ရှိသော်လည်း သေချာသောအောင်ပွဲ များဆီသို့ ချီတက်နေသောအေးချမ်းသာယာခေတ် မီဖွံ့ဖြိုး၊ ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးကာလ တွင် ပါတီအဖွဲ့အစည်းအဆင့်ဆင့်နှင့်ပါတီဝင် များ၏ အရည်အချင်းများသည်လည်း တစ်နှစ် ထက်တစ်နှစ်ပို၍ပို၍သာလျှင် တိုးတက်ကာ မြင့်မားလာမည်ဖြစ်ပါတယ်။ တိုးတက်အောင်၊ ဖွံ့ဖြိုးအောင်၊ အေးချမ်းသာယာအောင် မကြိုးစား ချင်သောအစိတ်အပိုင်းများသည် လမ်းခရီးမှာပင် ကျန်ရစ်ခဲ့ကြမည်သာဖြစ်ပါတယ်။
ချုပ်၍ပြောရလျှင် ရှေးလာမည့်နှစ်များသည် ပြည်ခိုင်ဖြိုးပါတီ၏အောင်ပွဲများကို စောင့်ကြိုနေ မည့်နှစ်များသာလျှင်ဖြစ်ကြမည်သာပင်။

Read more

ရေဘေးသင့်ပြည်သူများကိုမြို့နယ်ပါတီမှ ဆန်အိတ်နှင့်ဆီလှူဒါန်း

မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် ရေလျှံမှုများ ဖြစ်ပွား ခဲ့သည့် ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်မှ ပြည်သူများ အား ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တစ်တင်းခွဲ ဆန်အိတ်လေးအိတ်နှင့် ဆီငါးပိဿာကို ယမန်နေ့နံနက် ၁၁နာရီ ခွဲက ယင်းရပ်ကွက်ရှိ ဝါခင်းကုန်းဘုရားရင်ပြင်တော်ပေါ်၌ ပေး အပ်လှူဒါန်းခဲ့သည်။
မိုးရေဝင်ရပ်ကွက်နေပြည်သူများအား ဆန်အိတ်များ ထောက်ပံ့ ပေးအပ်ရာသို့ ချမ်းအေးသာစံမြို့နယ် နယ်မြေတာဝန်ခံ ခရိုင် ကော်မတီဝင် ဒေါက်တာမြင့်မြင့်ဌေး၊ ချမ်းအေးသာစံမြို့နယ် ပါတီအတွင်းရေးမှူး ဦးသန်းထွန်းနှင့် မြို့နယ်ပါတီကော်မတီဝင် များ၊ရပ်/ကျေးစည်းမှူးများနှင့် ပါတီဝင်များလိုက်ပါခဲ့ကာ ဒေသခံ များကို အားပေးစကားပြောကြားခဲ့ပြီး ဆန်အိတ်များထောက်ပံ့ ပေးအပ်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်တွင် မိုးရေ ဝင်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသောအိမ်ထောင်စု ၃၁ စု လူဦးရေ ၁၅၂ဦးတို့သည် အဆိုပါရပ်ကွက်အတွင်းရှိ ဝါခင်းကုန်း ဘုရားရင်ပြင်တော်ပေါ်၌ ခေတ္တနေထိုင်လျက်ရှိကြောင်းသိရသည်။

Read more

ဒုတိယအကြိမ်ပါတီညီလာခံ(၂ဝ၁၆) ဒုတိယနေ့ဆက်လက်ကျင်းပရွေးချယ် အတည်ပြုသည့်ဥက္ကဋ္ဌနှင့်ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များကတိသစ္စာပြု

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ(၂ဝ၁၆) ဒုတိယနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ညီလာခံခန်းမ၌ ဆက်လက်ကျင်းပခဲ့သည်။ အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးတို့နှင့် အတွင်းရေးမှူးများကို ပြန်လည်ဖွဲ့စည်းရွေးချယ်ခဲ့ပြီး ရွေးချယ်အတည်ပြုသည့် ဥက္ကဋ္ဌနှင့် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များက ကတိသစ္စာပြုခဲ့ကြသည်။
ဒုတိယအကြိမ်ပါတီညီလာခံ (၂ဝ၁၆)ဒုတိယနေ့ အခမ်းအနား နံနက်ပိုင်းတွင် သဘာပတိအဖြစ် ဦးအုန်းမြင့်၊ ဦးဥာဏ်ဝင်း၊ ဦးဝေ လွင်တို့ကဆောင်ရွက်ခဲ့ပြီး အခမ်း အနားမှူးအဖြစ် ဒေါက်တာ မောင် မောင်ဌေးနှင့် ကရင်ပြည်နယ်မှ ဦးစန်းကိုတို့ကဆောင်ရွက်ခဲ့သည်။
ယင်းနောက် ရွေးချယ်တင် မြှောက်ပွဲကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌဦးဌေးဦးက ဗဟိုကော်မတီ ဝင်များ၊ အရန်ဗဟိုကော်မတီ ဝင်များ ရွေးချယ်တင်မြှောက်ခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြော ကြားရာတွင် ”ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ရပ်ကွက်/ကျေးရွာအဆင့်ကစပြီး မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အဆင့် မျက်နှာစုံညီအစည်းအဝေးများကို သတ်မှတ်ကာလများမှာ တစ်ဆင့် ပြီးတစ်ဆင့်အောင်မြင်စွာ ပြုလုပ် နိုင်ခဲ့ကြတာ အခုဆိုရင် ပါတီ မျက်နှာစုံညီအစည်းအဝေးကြီး ကျင်းပနိုင်ခဲ့တဲ့အဆင့်ကို ရောက်ရှိ နေပြီဖြစ်ပါတယ်။အဆင့်ဆင့်သော မျက်နှာစုံညီအဆင့်ဆင့်နှင့် ပြန် လည်ရွေးချယ်ဖွဲ့စည်းရေးများမှာ ပါတီက ထုတ်ပြန်ထားတဲ့လုပ်ထုံး လုပ်နည်းများနှင့်အညီ အဆင့်ဆင့် သောကော်မတီများအလိုက် ပြန် လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး ကော်မတီများဖွဲ့စည်းပြီး ဆန္ဒပြု ရွေးချယ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်များက ပါတီညီလာခံ(၂ဝ၁၆)ကို တက် ရောက်မည့်ကိုယ်စားလှယ်များကို လည်း ရွေးချယ်ခဲ့ပြီးဖြစ်ပါ တယ်”ဟု ပြောကြားသည်။
ဆက်လက်၍ ၄င်းကအဆင့် ဆင့်သော မျက်နှာစုံညီအစည်း အဝေးနှင့်ပြန်လည်ရွေးချယ်ဖွဲ့စည်း ရေးများတွင် ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးကော်မရှင်များ ဆောင်ရွက်ခဲ့သကဲ့သို့ပါတီညီလာခံ ကျင်းပချိန်မှစ၍ ပြီးမြောက် အောင်မြင်ချိန်အထိ အောင်မြင်ချော မွေ့စွာဆောင်ရွက်နိုင်ရန် ရွေးချယ် တင်မြှောက်ပွဲ ကြီးကြပ်ရေးကော်မ ရှင်နှင့် ပါတီပြန်လည်ပြင်ဆင်ရွေး ချယ်ဖွဲ့စည်းရေး ဗဟိုကော်မတီ တို့ကိုလည်း ဖွဲ့စည်းထားကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ဗဟိုကော်မတီဝင်၊ အရန် ဗဟိုကော်မတီဝင်များကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ရွေးချယ်ရ မည်ဖြစ်ကြောင်း၊ လိုအပ်သည့် အရည်အချင်းများကိုလည်း ကြို တင်ရှင်းလင်းပြောကြားထားပြီးဖြစ် ကြောင်း၊ဗဟိုကော်မတီဝင်များ၊ အရန် ဗဟိုကော်မတီဝင်များ ရွေးချယ်ရာ တွင် အဓိကကျသည့်အချက်အချို့ ကို ထည့်သွင်းစဉ်းစားနိုင်ရန် ထပ်မံ တင်ပြလိုကြောင်းပြောကြားသည်။
”ပထမအချက်ကတော့ ပါတီ အပေါ်ယုံကြည်သက်ဝင်မှု၊ သစ္စာ စောင့်သိမှုဖြစ်ပါတယ်။ ဒုတိယ အချက်ကတော့ ကာယကံရှင်ရဲ့ဆန္ဒ ဖြစ်ပါတယ်။ တတိယအချက်က တော့ တာဝန်ယူဆောင်ရွက်နိုင်တဲ့ စွမ်းရည်ရှိမှုဖြစ်ပါတယ်။ စတုတ္ထ အချက်ကတော့ ပါတီဝင်များရဲ့ သဘောထားဖြစ်ပါတယ်။ ပဉ္စမ အချက်ကတော့ ပြည်သူလူထု အကြည်ညိုပျက်စေတဲ့ပြည်သူလူထု အတွင်း စည်းရုံးမှုထိခိုက်စေနိုင်တဲ့ အချက်များနှင့်လွတ်ကင်းဖို့ဖြစ်ပါ တယ်။ဆဋ္ဌမအချက်ကတော့ အခြေ အနေပေးမှုဖြစ်ပါတယ်”ဟု ရွေး ချယ်တင်မြှောက်ပွဲကြီးကြပ်ရေးကော် မရှင်ဥက္ကဋ္ဌဦးဌေးဦးက ပြောသည်။
ထို့နောက်သက်ဆိုင်ရာ တိုင်း ဒေသကြီး/ပြည်နယ်ပါတီ ကော်မ တီများက ပါတီညီလာခံသို့ တိုင်း ဒေသကြီး/ပြည်နယ် အလိုက် အမည်စာရင်းများ တင်သွင်းခဲ့ပြီး နောက် ပါတီပြန်လည်ပြင်ဆင်ရွေး ချယ်ဖွဲ့စည်းရေးဗဟိုကော်မတီနှင့် ပါတီရွေးချယ် တင်မြှောက်ပွဲ ကြီးကြပ်ရေးကော်မရှင်က စိစစ် အတည်ပြုထားသည့် ဗဟိုကော်မ တီဝင်၊ အရန်ဗဟိုကော်မတီဝင်များ ၏အမည်စာရင်းအား ပါတီရွေး ချယ်တင်မြှောက်ရေး ကြီးကြပ်ရေး ကော်မတီက ပါတီညီလာခံသို့တင် သွင်းခဲ့ပြီး သဘာပတိက ညီလာခံ ၏သဘောထားရယူ၍ အတည်ပြု ကြေညာခဲ့သည်။
ဆက်လက်၍ ဗဟိုကော်မတီ ဝင်များ၊အရန်ဗဟိုကော်မတီဝင်များ အတွင်းမှ ပါတီပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေး ဗဟိုကော်မတီ နှင့် ပါတီရွေးချယ်တင်မြှောက်ရေး ကြီးကြပ်ရေးကော်မရှင်မှ ရွေးချယ် ရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ရွေးချယ်ထားသည့် ဗဟိုအလုပ် အမှုဆောင် အမည်စာရင်းကို ရွေး ချယ်တင်မြှောက်ပွဲကြီးကြပ်ရေး ကော်မရှင်မှ ပါတီညီလာခံသို့ တင်သွင်းခဲ့ပြီး သဘာပတိက ညီ လာခံ၏သဘောထားရယူ၍အတည် ပြုကြောင်း ကြေညာခဲ့သည်။
ဒုတိယအကြိမ် ပါတီညီလာခံ (၂ဝ၁၆)ဒုတိယနေ့ မွန်းလွဲပိုင်းတွင် သဘာပတိအဖြစ် ဦးတင်ထွတ်၊ ဦးစိုးနိုင်၊ဦးရဲမြင့်တို့က ဆောင်ရွက် ခဲ့ကြပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီက ရွေးချယ်ထားသည့် ပါတီဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌ၊အထွေ ထွေအတွင်းရေးမှူးတို့နှင့် အတွင်း ရေးမှူးများ၏ အမည်စာရင်းကို ရွေးချယ်တင်မြှောက်ပွဲကြီးကြပ်ရေး ကော်မရှင်က ပါတီညီလာခံသို့ တင်သွင်းခဲ့ကာ သဘာပတိက ညီ လာခံသို့တင်သွင်းခြင်းကို အတည် ပြုမှတ်တမ်းတင်ကြောင်း ကြေညာခဲ့ သည်။ထို့နောက်ညီလာခံကအတည် ပြုထားသည့်ပါတီဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌအပါအဝင် ဗဟိုကော်မတီ ဝင်များ၊ ညီလာခံကိုယ်စားလှယ် များက ကတိသစ္စာပြုခဲ့ကြသည်။

Read more

ညီလာခံပြီး ရှေ့ခရီးကို ဆက်ပြီးဦးဆောင်ကြပါစို့

• ယနေ့ဆိုလျှင် ဆင်ယင်ကျင်းပ
ညီညွတ်ကြသည့် တို့၏ညီလာခံ
ဝန်းရံလှပ ပြီးမြောက်ကြပါပြီ။
• ညီလာခံပြီး ရှေ့ခရီးက
အဝေးအနီး တွေးပြီးကြည့်လျှင်
မြင်သာထင်သာ ရှိနေတာမို့
ကိုယ့်မှာရှိထား ကိုယ့်အင်အားကို
တိုးပွားအားထုတ် မယုတ်လုံ့လ
ဇွဲနပဲနှင့် မူလခြေခံ
ပြည်သူ့ထံသို့ တစ်ဖန်ပြချ
ယုံကြည်ရအောင် တို့စွမ်းဆောင်မှ
တို့အောင်မြင်မှု ရလိမ့်မည်။
• ကိုယ်ကိုယ်တိုင်လည်း ကိုယ်စွဲကိုစွန့်
ပြည်သူ့ဝန်၌ အလွန်မရှိ
ပကတိအသွင် ရင်ခွင်သားသို့
စိတ်ထားမှတ်ယူ ပြည်သူနဲ့တူ
ကူညီပူးပေါင်း ပြည်သူကောင်းအောင်
ဦးဆောင်ကြိုးပမ်း ခရီးလမ်းကား
အောင်ပန်းလေးတွေပွင့်နေမည်။
• ဒါကြောင့်မို့လေ
တို့ပြည်ခိုင်ဖြိုး နှစ်ဆတိုးလို့
ပြည်ကျိုးရွက်ဆောင်တို့ပြည်ထောင်ကို
တစ်ဖန်ဦးဆောင်ကြပါစို့။ ။
မောင်လှသိန်း(သူရဲသမိန်)

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်သည့်ကိုယ်စားလှယ်နှင့်တွေ့ဆုံခြင်း

ဒေါ်ဝါဝါထွေးရှမ်းပြည်နယ်(တောင်ပိုင်း)
ပြည်နယ်ပါတီကော်မတီဝင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ဘယ်အချိန် ကတည်းကစတင်ပါဝင်ခဲ့ပါသလဲ။

ကျွန်မက ၁၉၉၉ ခုနှစ် အသင်းကတည်းက ဝင်ရောက်ခဲ့ ပြီး ၂ဝ၁ဝ ပြည့်နှစ်မှာ ပါတီအဖြစ် ဆက်သွားတော့လည်း ပါတီဝင် အဖြစ်နဲ့ လက်ရှိအချိန်ထိပါဝင် ဆောင်ရွက်နေပါတယ်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ (၂၀၁၆) ဒုတိယနေ့အခမ်းအနားတွင် ညီလာခံက ရွေးချယ်အတည်ပြုသည့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ

 

၁။       ဦးသန်းဌေး                            ဥက္ကဋ္ဌ

၂။       ဦးမြတ်ဟိန်း                           ဒု-ဥက္ကဋ္ဌ

၃။       ဦးသက်နိုင်ဝင်း                        အထွေထွေအတွင်းရေးမှူး

၎။       ဦးပိုက်ထွေး                           အတွင်းရေးမှူး

၅။       ဦးသန်းထွန်း                           အတွင်းရေးမှူး

၆။       ဒေါက်တာကျော်ကျော်ဌေး           အတွင်းရေးမှူး

၇။       ဦးတင်အောင်ချစ်                     အတွင်းရေးမှူး

၈။       ဒေါက်တာစန်းစန်းနွယ်               အတွင်းရေးမှူး (more…)


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ (၂၀၁၆) ဒုတိယနေ့အခမ်းအနားတွင် ညီလာခံက ရွေးချယ်အတည်ပြုသည့် ဗဟိုနာယကအဖွဲ့ ( ပါတီဗဟိုဦးဆောင်ကော်မတီ)

၁။       ဦးသိန်းစိန်

၂။       ဦးဌေးဦး

၃။       သူရဦးအေးမြင့်

၎။       ဦးသောင်း

၅။       ဦးစိုးသာ

၆။       ဦးလွန်းသီ

၇။       ဦးတင်ထွတ်

၈။       သူရဦးမြင့်မောင်

၉။       ဦးခင်အောင်မြင့်


 

Read more