ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) သတင်းစာ ရှင်းလင်းပွဲပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) နှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ကို ယနေ့ (သြဂုတ် ၂၄) ရက် နေ့လည် (၁) နာရီခွဲအချိန်တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ပါတီလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးနိုင်၊ ပါတီစည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ထွန်း တို့တက်ရောက်ခဲ့ ကြသည်။

Read more

အသင်းမှ ထွက်ခွာရတော့ဖွယ်ရှိသည့် မန်စီးတီးဂိုးသမားဂျိုးဟတ်ကို ပရိသတ်များ အားပေးနှစ်သိမ့်

ManCity

သြဂုတ် ၂၅၊ မန်ချက်စတာ

မန်စီးတီးဂိုးသမားဂျိုးဟတ်သည် အသင်းနှင့်နောက်ဆုံး ကစားရခြင်း ဖြစ်ဖွယ်ရှိသည့် စတူအာဘူခါရက်စ်နှင့် ချန်ပီယံလိဂ်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခံခဲ့ရပြီး အသင်းပရိသတ်များကလည်း ကာလရှည် ကစားလာခဲ့သော ဂျိုးဟတ်ကို သီချင်းများသီဆိုကာ အားပေးခဲ့ကြသည်။

Read more

ရီးရဲလ်မက်ဒရစ်အသင်းတွင် ရော်နယ်ဒို(၂)ယောက်စလုံးကို တွေ့မြင်ခွင့်ရတော့မည်

14045944_1078912228870264_7045801173872531675_n

ရီးရဲလ်မက်ဒရစ် အသင်းတွင် လာမည့်စက်တင်ဘာလမှ စတင်၍ ရော်နယ်ဒို နှစ်ယောက်စလုံးကို မြင်တွေ့ခွင့်ရတော့မည် ဖြစ်ကြောင်း သိရသည်။

ရီးရဲလ်မက်ဒရစ်အသင်း၏ ဂန္တာဝင်ကစားသမား ရော်နယ်ဒိုသည် လာမည့်စက်တင်ဘာလမှ စတင်၍ ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်၏ အကြံပေးရာထူးတာဝန်ကို စတင်ထမ်းဆောင်တော့မည် ဖြစ်ကြောင်း သိရသည်။

Read more

မန်ယူအသင်းသည် ၎င်း၏ နောက်ဆုံးဥရောပကလပ်အသင်းဖြစ်ကြောင်း ပရိသတ်များကို ရှဝိုင်းစတိုင်ဂါ အသိပေး

14068169_1755263594726524_8888556688048665531_n

မန်ယူအသင်းမှ ဂျာမန်ကွင်းလယ်လူ ရှဝိုင်းစတိုင်ဂါက မန်ယူအသင်းသည် ၎င်း၏ နောက်ဆုံးဥရောပကလပ် အသင်းဖြစ်ကြောင်း ပရိသတ်များကို အသိပေးခဲ့ သဖြင့် မန်ယူအသင်းမှ ထွက်ခွာခဲ့ရပါက ဥရောပ ပြင်ပ (အမေရိက သို့မဟုတ် အာရှဒေသ)သို့ ထွက်ကစားဖွယ်ရှိနေကြောင်း သိရသည်။

နည်းပြမော်ရင်ဟို လက်ထက်တွင် ရှဝိုင်းစတိုင်ဂါ၏ မန်ယူအသင်းအနာဂတ်မှာ မရေမရာဖြစ်နေပြီး မန်ယူအသင်း အနေဖြင့် ပြောင်းရွှေ့ကြေးပေါင်(၂)သန်း ရရှိ လျှင်ပင် ရှဝိုင်းစတိုင်ဂါကို ရောင်းချသွားဖွယ်ရှိနေကြောင်း ဂျာမန် မီဒီယာများက ဖော်ပြခဲ့သည်။

Read more

မန်စီးတီးသို့ ပြောင်းရွှေ့မှု အပြီးသတ်ရန် ဘရာဗို မန်ချက်စတာမြို့သို့ရောက်ရှိ

SPorts_2

ဘာစီလိုနာ ဂိုး သမား ကလော်ဒီယိုဘရာဗိုသည် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့မှု အပြီးသတ်ဆောင်ရွက်ရန် မန် ချက်စတာမြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ချီလီလက်ရွေးစင် ဘရာဗို (၃၃)နှစ်သည် မန်စီးတီးတွင် ဆေးစစ်မှု ခံယူသွားမည်ဖြစ်ကာ ၎င်း၏ အပြောင်းအရွှေ့ အတွက် ကလပ်နှစ်သင်းကြား သဘောတူ ညီပြီးဖြစ်သည်။

Read more

အာဆီယံ အိုလံပစ်ရွှေတံဆိပ်ဆုရှင်များအား တစ်သက်တာ လေယာဉ်အခမဲ့ စီးနင်းခွင့်ပေး

joseph-schooling

၂၀၁၆ ရီယိုအိုလံ ပစ်အားကစားပွဲတော်တွင် အရှေ့ တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) မှ အားကစားသမား များအား တစ်သက်တာလေယာဉ် အခမဲ့ စီးနင်းခွင့်ပေးမည်ဟု Air Asia စရိတ်နည်း လေကြောင်းလိုင်းက ထုတ်ပြန်သည်။

ငွေတံဆိပ်နှင့် ကြေးတံဆိပ် ရရှိသော အာဆီယံကစားအားက စားသမားများအတွက် လေ ကြောင်း၌ ၅ နှစ်နှင့် ၂ နှစ် အသီး သီး အခမဲ့စီးနင်းခွင့်ပြုကြောင်း အဲအေးရှား က ပြောသည်။

Read more

အကူအညီမရပါက ယခုနှစ်အတွင်း နိုင်ဂျီးရီးယား ကလေးငယ် ၄၉,၀၀၀ ကျော် သေဆုံးရတော့မည်ဟု ကုလ သတိပေး

Nigeria

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် နေထိုင်နေကြသော ကလေးငယ် ငါးသိန်းနီးပါးမှာ ယခုအခါ ဆိုးရွားသည့် အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ၏ ယူနီဆက်ဖ်အဖွဲ့က သြဂုတ် ၂၅ ရက်တွင် ပြောကြားသည်။ မိုးခေါင်ရေရှားမှုနှင့် နိုင်ငံအနောက်မြောက်ခြမ်းတွင် ဘိုကိုဟာရမ်စစ်သွေးကြွများ ခုနှစ်ကြာထကြွ သောင်းကျန်းနေခြင်းတို့ကြောင့် ကလေးငယ်တို့ ဒုက္ခကျရောက်နေရသည်ဟု ဆိုသည်။

Read more

ကဘူးလ်ရှိ အမေရိကန်တက္ကသိုလ်ကို ဗုံးခွဲသူများအား လုံခြုံရေးတပ်များ ပစ်သတ်

Kabul

ကဘူးလ်၊ သြဂုတ် ၂၅

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်ရှိ အမေရိကန်တက္ကသိုလ်ကို တိုက်ခိုက်သူ သေနတ်သမားနှစ်ဦးအား အာဖဂန်လုံခြုံရေးတပ်ဖွဲ့က ပစ်သတ်သုတ်သင် လိုက်သည်။

သြဂုတ် ၂၄ ရက် ညနေပိုင်းက ဗုံးစတင်ခွဲကာ စစ်သွေးကြွများ စီးနင်းတိုက်ခိုက်ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ လူ ၂၀ အနည်းဆုံးဒဏ်ရာရသည်။

Read more

အာဖဂန်က အမေရိကန်တက္ကသိုလ် တိုက်ခိုက်ခံရ၊ ၁၃ ဦး သေဆုံး

la-1472056936-snap-photo

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့က အမေရိကန်တက္ကသိုလ်မှာ သေနတ်သမားတွေက တိုက်ခိုက်ခဲ့လို့  ကျောင်းသား ၇ ဦးအပါဝင် ၁၃ ဦး သေဆုံးခဲ့တယ်လို့ မြို့ရဲ့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

သြဂုတ် ၂၄ ရက်နေ့က တိုက်ခိုက်မှုမှာ သေနတ်သမားတွေက ဖောက်ခွဲရေး ပစ္စည်းတွေကိုပါ သုံခဲ့ပြီး တက္ကသိုလ် ပရဝုဏ်ထဲမှာ သေနတ်နဲ့ ပစ်ခဲ့တယ်လို့ အစီရင်ခံထားပါတယ်။

Read more

အီတလီငလျင် သေဆုံးသူ ၁၆၀ ကျော်လာ ၊ ကယ်ဆယ်ရေးများဆောင်ရွက်ဆဲ

Italy

ရောမ၊ သြဂုတ် ၂၅

အီတလီနိုင်ငံ တောင်ထူထပ်ရာဒေသတွင် သြဂုတ် ၂၄ ရက်က ငလျင်လှုပ်ပြီးနောက် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရေး တစ်ညလုံးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

အပျက်အစီးများအောက် လူများစွာရှိနေဦးမည် မျှော်လင့်ရပြီး ကယ်ဆယ်ရေးအင်အား ၄၃၀၀ ကျော်ဖြင့် စက်ပစ္စည်းများအကူအညီဖြင့် ရှာဖွေလျက်ရှိသည်။  ငလျင်တွင် သေဆုံးသူပေါင်းက ၁၆၀ ကျော်ရှိလာပြီး ဒဏ်ရာရသူ ၃၆၈ ဦးအနည်းဆုံးရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

Read more