Year: 2025
ပြည်တွင်းအလုပ်အကိုင်ရှာဖွေပေးနိုင်မှု လျော့ကျဟု အစိုးရထုတ်ပြန်
ပြည်တွင်းအလုပ်အကိုင်ရှာဖွေပေးနိုင်မှု အရေအတွက်သည် ပြီးခဲ့သည့် ဇွန်လကထက် လျော့နည်းသွားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။
အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းမှ အလုပ်အကိုင် ရှာဖွေ ပေးနိုင်မှုသည် ဇွန်လက ဦးရေ ၁၈,၀၀၀ ခန့်ရှိပြီး ဇူလိုင်တွင် ၁၅,၀၀၀ ခန့်သာရှိခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Read moreမြေငလျင်ဒဏ်ကြောင့် ပျက်စီးမှုများတွင် ပါဝင်ကူညီဆောင်ရွက်ပေးရေး
သြဂုတ်လ (၂၄) ရက်နေ့ ညနေ (၅) နာရီ (၄) မိနစ်ခန့်တွင် မန္တလေးမြေငလျင် စခန်းမှ အနောက်တောင် ဘက် (၁၂၃) မိုင်ခန့် ချောက်မြို့၏ အနောက်ဘက် (၁၂) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာ စကေး (၆ ဒသမ ၈) အဆင့် အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ပုဂံ၊ ညောင်ဦး၊ ချောက်၊ ရေနံချောင်းမြို့များရှိ ရှေးဟောင်းဘုရားပုထိုးစေတီများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရ ပါသည်။
Read moreတိုင်းဒေသကြီး/ပြည်နယ် ပါတီဒုတိယဥက္ကဋ္ဌများအဖြစ် တာဝန်ပေးအပ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ် (၆၇)၊ အပိုဒ်ခွဲ (က)၊ (ည)၊ (ဋ) နှင့် ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများ အပိုဒ် (၂၇)၊ အပိုဒ်ခွဲငယ် (ဆ)၊ အပိုဒ်ခွဲငယ် စိတ် (၆)၊ (၇) တို့အရ ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး ဗဟို ကော်မတီ၏ ရွေးချယ်အတည်ပြု ဆုံးဖြတ်ချက်ဖြင့် အောက်ဖော်ပြပါ ပုဂ္ဂိုလ် များအား ၎င်းတို့အမည်နှင့် ယှဉ်တွဲပါ တိုင်းဒေသကြီး/ ပြည်နယ်ပါတီ ကော်မတီ ဒုတိယဥက္ကဋ္ဌများအဖြစ် သြဂုတ်လ (၂၃) ရက်နေ့မှစ၍ တာဝန်ပေးအပ် လိုက်ကြောင်း သိရသည်-
Read moreဒုတိယအကြိမ်ပါတီညီလာခံ(၂ဝ၁၆)ကို ကြွေးကြော်သံများဖြင့် အောင်မြင်စွာရုပ်သိမ်း မှတ်တမ်းတင်ခြင်း အတည်ပြုခြင်း ဆုံးဖြတ်ခြင်းရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း အတည်ပြုကြောင်းကြေညာ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ(၂ဝ၁၆)တတိယနေ့အခမ်းအနားကို သြဂုတ် (၂၄) ရက် နံနက် ၈ နာရီခွဲခန့်က နေပြည်တော်ရှိ ပါတီဌာနချုပ်ညီလာခံခန်းမ၌ကျင်းပခဲ့ပြီး ညီလာခံ၏မှတ်တမ်း တင်ခြင်း၊ အတည်ပြုခြင်း၊ ဆုံးဖြတ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ ညီလာခံ၏ သဘောထားကို ရယူကာ အတည်ပြု၍ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
Read moreပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့် ပြည်တွင်းပြည်ပမီဒီယာများ တွေ့ဆုံမေးမြန်း ဖြေကြားချက်များ
နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် သြဂုတ် (၂၄) ရက် မွန်းလွဲ ၁ နာရီခွဲခန့်ကပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ(၂ဝ၁၆) သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းပြည်ပမီဒီယာများနှင့် ပါတီဥက္ကဋ္ဌဦးသန်းဌေးတို့ တွေ့ဆုံမေးမြန်းမှုများကို လက်လှမ်းမီသမျှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။
Read more







