အနောက်တိုင်းဆေးများ ရောနှောပြီး မှန်ပုံတင်ထားခြင်းမရှိသော သုံးစွဲရန်မသင့်သည့် တိုင်းရင်းဆေးများ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော တိုင်းရင်းဆေး ၅ မျိုးတွင် အနောက်တိုင်းဆေးများ ရောနှော ထုတ်လုပ် ထားသည့်အပြင် တိုင်းရင်းဆေးဝန်းမှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေးများဖြစ်သဖြင့် စစ်မှန်အစွမ်ူထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများ ပြည်သူများ သုံးစွဲရန် မသင်လျြောက်ကြောင်း သတင်းထုတ်ပြန်ထားသည်ဟု သိရသည်။

14054110_1236297299734599_3300903376850906726_n

(more…)


Read more

ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး၊ ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင်တို့ ဟင်္သာတခရိုင် ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေများ ပါဝင်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ရေဘေးသင့်ပြည်သူများ ပြန်လည် ထူထောင်ရေးအတွက် လူငယ်များစုပေါင်း၍ ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့ အလှူခံထွက်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သီရိပျံချီ ဦးဌေးဦး ဇနီး ဒေါ်နီနီဝင်း မိသားစုမှ အလှူငွေ ၅ သိန်း၊ ဗဟိုအလုပ် အမှုဆောင် ဦးအောင်တင်မြင့် မိသားစုမှ အလှူငွေ ၁ သိန်း၊ ဗဟိုကော်မတီဝင် ဆရာကြီး ဦးခင်မောင်ရီမိသားစုမှ အလှူငွေ ၂ သောင်း၊ ခရိုင်ပြည်ခိုင်ဖြိုးပါတီ မှ အလှူငွေ ၅ သောင်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ ၅ သောင်း အသီးသီး ပါဝင်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

Read more

လေယာဉ်ပျက်ကျသည့် သတင်းဟောင်း ထုတ်လွှင့်မှု MNTV ကို တပ်မတော်သတိပေး

၂၀၁၄ ခုနှစ်က တပ်မတော်(လေ)မှ MiG 29 UB ပျက်ကျမှု သတင်းဟောင်းကို ပြန်လည်ထုတ်လွှင့်ခဲ့သည့် ရွှေသံလွင်လုပ်ငန်းစုပိုင် MNTV ရုပ်သံလိုင်းအား တာဝန်ရှိသူများက ထိန်းသိမ်းကြပ်မတ်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သြဂုတ် ၂၈ ရက်နေ့ည သတင်းထုတ်လွှင့်အပြီးတွင် သတိပေးထုတ်ပြန်ခဲ့သည်။

MNTV

(more…)


Read more

University of Technology Sydney နှင့် ပတ်သက်၍ ပညာရေးဆွေးနွေးပွဲ ကျင်းပမည်

14046018_10207768443228910_4979898854188960194_n

သြစတြေးလျတက္ကသိုလ်ဖြစ်သော University of Technology Sydney နှင့် ပတ်သက်၍ ပညာရေးဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ် သြဂုတ်လ၂၉ ရက်၊ ညနေ ၄ နာရီမှ ၅ နာရီ အထိ Grace Education Services & Learning Center ၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

Read more

ရန်ကုန်-ဒလ မြစ်ကူးတံတားဆောက်မည့် ကုမ္ပဏီကို ရွေးချယ်မည့်အကြံပေးကုမ္ပဏီ တစ်လအတွင်း ရွေးချယ်မည်

ရန်ကုန်မြို့ ဘုန်းကြီးလမ်းနှင့် ဒလမြို့ ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ်တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးအတွက် ဆောက်လုပ်မည့်ကုမ္ပဏီကို ရွေးချယ်မည့် အကြံပေးကုမ္ပဏီ တစ်လအတွင်း ရွေးချယ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

(more…)


Read more

ပုသိမ်ကြီးမြို့နယ် လက်ကောင်း-သလဲကုန်း-ရွာရှည်ကွန်ကရစ် လမ်းခင်းရန်ပြည်ခိုင်ဖြိုးပါတီမှ ဘိလပ်မြေအိတ် ၁၃ဝ လှူဒါန်း

ပုသိမ်ကြီးမြို့နယ် သလဲကုန်း ကျေးရွာအုပ်စု အတွင်းရှိ လက် ကောင်း- သလဲကုန်း- ရွာရှည် ကွန်ကရစ်လမ်းခင်းရန်အတွက် မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီနှင့် ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တို့ပူးပေါင်း၍ ဘိလပ်မြေအိတ် ၁၃ဝ ကို ယနေ့နံနက် ၉နာရီက အဆိုပါ လမ်းခင်းလုပ်ငန်းများ ဆောင်ရွက်နေ့သည့် ရွာရှည်ကျေး ရွာတွင် လမ်းဖြစ်မြောက်ရေး ကော်မတီသို့သွားရောက်လှူဒါန်း ခဲ့သည်။
”ကျွန်တော်တို့ပါတီက ကျေး လက်ဒေသတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ပါတီအနေနဲ့တတ်နိုင်တဲ့ ဘက်ကနေ အကူအညီပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။အခုလည်း လက်ကောင်း- သလဲ ကုန်း-ရွာရှည် ကွန်ကရစ်လမ်းကြီး အမြန်ဆုံး ပြီးမြောက်ဖို့အတွက် ခရိုင်နဲ့မြို့နယ်ပူးပေါင်းပြီး ဘိလပ် မြေအိတ်တွေလာလှူတာပါ။ ခရိုင် အနေနဲ့ အိတ်၃ဝရယ် မြို့နယ်က အိတ်၁ဝဝရယ် လှူဒါန်းတာပါ။ ဒီလမ်းကြီးပြီးသွားရင် ဒီနယ်မှာ နေတဲ့ ဒေသခံပြည်သူတွေအတွက် စီးပွားရေးကိစ္စတွေ ကျန်းမာရေး ကိစ္စတွေ၊ လူမှုရေးကိစ္စတွေစတဲ့ အရေးကိစ္စတွေမှာ အရင်ကထက် ပိုမိုကောင်းမွန်လာပြီး ဒေသဖွံဖြိုး တိုးတက်လာမယ်လို့ ယုံကြည်ပါ တယ်”ဟု ပုသိမ်ကြီးမြို့နယ်ပါတီ ဥက္ကဋ္ဌဦးဆွေသန်းက ပြောကြား ခဲ့သည်။

Read more

“နိုင်ငံရေးလုပ်တယ်ဆိုတာ ပရဟိတစိတ်ရှိတဲ့သူတွေ၊ လူမှုရေးစိတ်ဓာတ် ရှိတဲ့သူတွေ ဒီလိုပုဂ္ဂိုလ်မျိုးတွေမှ လုပ်နိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်”

 

တချို့တွေက နိုင်ငံရေးလုပ်တယ်ဆိုတဲ့အလုပ်ဟာ လူညစ်ပတ်တွေ လုပ်တဲ့ အလုပ်လို့ ဗြိတိသျှအရာရှိကြီးတစ်ဦးက သူ့ဘာသာသူ ပြောတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဘယ်ဟုတ်မလဲ သူတော်စင်တွေမှ လုပ်နိုင်တာ။ ဒီလိုတွေ အငြင်းပွားကြတာရှိတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် နိုင်ငံရေး အလုပ်ဆိုတဲ့ကိစ္စဟာ ကိုယ်သာ အစိုးရဖြစ်လာရင် နိုင်ငံရဲ့လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး အရာအားလုံးကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့ ဆန္ဒရှိတဲ့ သူတွေလုပ်တဲ့ လုပ်ငန်းမျိုးဖြစ်တဲ့အတွက် ကျွန်တော်တို့ပြောရရင် ပရဟိတစိတ်ရှိတဲ့သူတွေ၊ လူမှုရေးစိတ်ဓာတ် ရှိတဲ့သူတွေ ဒီလိုပုဂ္ဂိုလ်မျိုးတွေမှ လုပ်နိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်။

Read more

ငလျင်ဒဏ်သင့် ပုဂံရှေးဟောင်းဘုရားများ မိုးကာစတင်မိုး

IMG_0730

ပုဂံမြို့ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော စေတီပုထိုးများ မိုးဒဏ်ကာကွယ်ရန်  မိုးကာများ စတင်အုပ်မိုးနေပြီး သြဂုတ် ၂၈ ရက်က ပျက်စီးမှု များပြားသည့် စေတီပုထိုးခြောက် ဆူကို မိုးကာများ စတင်မိုးခဲ့သည်။ ထို့အပြင် မိုးရွာသွန်းမှုကြောင့် ထပ်မံပြိုကျမှုအနည်းငယ်ဖြစ်ပွား ခဲ့ပြီး မိုးယိုစိမ့်မှုပြဿနာ အဓိက ကြုံတွေ့ နိုင်သော စေတီပုထိုး ၃၆ ဆူကို မိုးကာများအုပ်မိုးပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

Read more

စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ ဂျိုအာအိုမာရီယိုကို အင်တာမီလန်အသင်း ခေါ်ယူ

Football_8

သြဂုတ် ၂၉၊ မီလန်

အင်တာမီလန်အသင်းသည် စပို့တင်းလစ္စဘွန်းအသင်းမှ ကွင်းလယ် တိုက်စစ်ကစားသမား ဂျိုအာအိုမာရီယိုကို ပြောင်းရွှေ့ကြေး ပေါင် ၃၈.၄ သန်းဖြင့်   ခေါ်ယူ လိုက်ပြီဖြစ်သည်။

အသက် ၂၃ နှစ် အရွယ်သာရှိသေးသည့် မာရီယိုသည် ပေါ်တူဂီကလပ်များက ဥရောပ ကလပ်အသင်းကြီးများသို့ ကစားသမားရောင်းချရာတွင် ဈေးအကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

Read more

၂၁ ရာစုပင်လုံညီလာခံတွင် လုံခြုံရေးအထူးတင်းကျပ်မည်

1unnamed

၂၁ ရာစု ပင်လုံညီ လာခံတွင် လုံခြုံရေးအထူးတင်း ကျပ်မည်ဖြစ်ပြီး ပွဲကျင်းပမည့်နေ ရာ၌ လူအ၀င်အထွက်ကို အဓိက ထိန်းချုပ်မည်ဟု နေပြည်တော် တိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲမှူးကြီးဇော် ခင်အောင်က ပြောသည်။ ၂၁ ရာစုပင်လုံ ညီလာခံကို နေပြည်တော်ရှိ MICC 2 တွင် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၄ ရက်အထိ ငါးရက်ကြာ ကျင်းပ မည်ဖြစ်သည်။

Read more