ပါတီဖွဲ့စည်းရေးဆိုင်ရာများ ရှင်းလင်းဆွေးနွေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပဲခူးတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းနှင့် တိုင်းကော်မတီဝင် များသည် သြဂုတ်လ (၃၁) ရက် နံနက် (၁၁) နာရီအချိန်တွင် တောင်ငူခရိုင်ပါတီရုံး၌ တောင်ငူခရိုင်နှင့် တောင်ငူမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များအား တွေ့ဆုံ၍ ဖွဲ့စည်းရေးဆိုင်ရာကိစ္စများ ရှင်းလင်းဆွေနွေးခဲ့ကြကြောင်း သိရသည်။

Read more

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သည့် မော်တော်ယာဉ်များကို ပညာပေးကာလ ကုန်ဆုံးသွားပြီဖြစ်၍ ယနေ့မှစပြီး ဖမ်းဆီးအရေးယူမည်

ယာဉ်မတော်တဆမှု ဖြစ်ပွားရာတွင် နာမည်ကြီးသည့် ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ် အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သည့် မော်တော်ယာဉ် များကို ပညာပေးကာလ ကုန်ဆုံးသွားပြီဖြစ်၍ စက်တင်ဘာ ၁ ရက်မှစပြီး ဖမ်းဆီးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။ (more…)


Read more

ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်းသော ထောက်ပံ့ငွေများကို တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးမှ ပေးအပ်

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်အတွင်းရှိ အသက် (၁ဝဝ) ပြည့်နှင့် အထက် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနာယက ဦးသိန်းစိန် နိုင်ငံတော်သမ္မတ(ငြိမ်း)၏ “ရာဇသင်္ဂဟ ဖောင်ဒေးရှင်း” က လှူဒါန်းသော ထောက်ပံ့ငွေများကို သြဂုတ် (၃၀) ရက် နေ့က လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

Read more

တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ခရိုင်ပါတီကော်မတီဝင် မိသားစုကို အားပေးကူညီထောက်ပံ့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပဲခူးတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း နှင့် တိုင်းပါတီကော်မတီဝင်များ၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့မှ မြို့နယ်ပါတီဥက္ကဋ္ဌ များနှင့် ပါတီကော်မတီဝင်များသည် ပုဒ်မ ၆၆(ဃ)ဖြင့် ပြစ်ဒဏ် ကျခံနေရ သည့် တောင်ငူခရိုင် ပါတီကော်မတီဝင် ဦးလွင်မြင့် (နေကာရံ) ၏ မိသားစုဝင် များအား ကျွဲပွဲမြို့ အမှတ်( ၁ ) ရပ်ကွက် ခင်ကြီးနေအိမ်သို့ သွားရောက်၍ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးနှစ်သိမ့်ကာ ထောက်ပံ့ကူညီမှုများ ပေးခဲ့ကြောင်း သိရသည်။

Read more

တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရကျောင်းသား/သူများ ဂုဏ်ပြုချီးမြှင့်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရပ်/ကျေးပုံမှန် အစည်းအဝေးကို သြဂုတ်လ (၃၁) ရက်နေ့က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

(more…)


Read more

ဝက်စ်ဟမ်းနှင့်ပွဲတွင် ကြမ်းတမ်းစွာ ကစားခဲ့သော အဂူရိုကို စွဲချက်တင်

Aguero

ဝက်စ်ဟမ်းကစားသမား ၀င်စတန်ရိဒ်ကို တံတောင်ဖြင့် တွက်ခဲ့ခြင်းကြောင့် ကြမ်းတမ်းသော အပြုအမူအတွက် အင်္ဂလိပ် ဘောလုံးအဖွဲ့ချုပ်က မန်စီးတီး တိုက်စစ်မှူး ဆာဂျီယိုအဂူရိုကို စွဲချက်တင်လိုက်သည်။

ပြစ်မှုထင်ရှားပါက အဂူရို သည် သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံ ဖွယ်ရှိပြီး စက်တင်ဘာ ၁၀ ရက်နှင့်၁၇ ရက်တို့တွင် ကစားမည့် မန်ချက်စတာ ဒါဘီနှင့် ဘုန်းမောက်နှင့် ပွဲများပါ လွဲချော်နိုင်သည်။

Read more

ချယ်လ်ဆီးအသင်းကို ပြန်ရောက်လာတဲ့ နောက်ခံလူ ဒေးဗစ်လုဇ်

320BA58700000578-3765683-image-a-10-1472579233077

ပရီးမီးယားလိဂ် အပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်မှာ ချယ်လ်ဆီးအသင်းက အသင်းကစားသမားဟောင်း ဒေးဗစ်လုဇ် ကို ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း သိရပါတယ်။

နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ နောက်ခံကစားသမားတစ်ဦး ရှာဖွေဖို့ ကြိုးစားခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ အခြား ခေါ်ယူချင်တဲ့ ကစားသမားတွေကို ခေါ်ယူခွင့်မရခဲ့တဲ့အတွက် ပီအက်စ်ဂျီအသင်းကစားသမား ဒေးဗစ်လုဇ်ကို ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်မှာပဲ ဒေးဗစ်လုဇ်က ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် လန်ဒန်ကို ဆေးစစ်ဖို့ ထွက်ခွာလာခဲ့ပါပြီ။

Read more

မက်ဆီ ဒဏ်ရာကြောင့် လက်ရွေးစင်အသင်းမှ နုတ်ထွက်

messi-injury

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ ဘီလ်ဘာအိုလ်ကို ၁ ဂိုး ဂိုးမရှိ အနိုင်ရတဲ့ပွဲမှာ ဘယ်ဘက်တံကောက်ကျော ဒဏ်ရာရရှိခဲ့လို့ အာဂျင်တီးနားလက်ရွေးစင် အသင်းကနေ နုတ်ထွက်လိုက်ရပါတယ်။

မက်ဆီဟာ ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ချန်ပီယံဖလားနဲ့ လွဲချော်ခဲ့ပြီးနောက် လက်ရွေးစင်အသင်းကအနား ယူခဲ့ပေမယ့် အသင်းကပြန်လည်ကစားဖို့ တောင်းဆိုခဲ့လို့ လက်ရွေးစင်အသင်းမှာ ပြန်လည်ကစားဖို့ဆုံးဖြတ်ခဲ့တာပါ။

Read more

ဘုန်းမောက်သို့ တစ်ရာသီအငှားစာချုပ်ဖြင့် ၀ဲလ်ရှိုင်းယား ပြောင်းရွှေ့

14203110_1758534037732813_1633343037664675586_n

အာဆင်နယ်အသင်းကွင်းလယ်လူ ၀ဲလ်ရှိုင်းယားသည် ဘုန်းမောက်အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ သွားပြီဖြစ် ကြောင်းသိရသည်။

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ ၀ဲလ်ရှိုင်းယား ကို ရိုးမား၊ အေစီမီလန်၊ ခရစ္စတယ်ပဲလေ့စ်စသည့်အသင်းများက ခေါ်ယူရန် ကြိုးပမ်းခဲ့ပြီး ပဲလေ့စ်အသင်းမှာ ၀ဲလ်ရှိုင်းယားအတွက် အငှား ပြောင်းရွှေ့ကြေးကို ပေးချေလိုသော်လည်း ကစားသမား၏ လစာငွေ ကိုမူ အပြည့်ပေးချေလိုခြင်းမရှိသဖြင့် အပြောင်းအရွှေ့မဖြစ်ခဲ့ပေ။

Read more

ဘောလုံးသုံးသပ်ချက် ဝက်ဘ်ဆိုက်နဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စာချုပ်ချုပ်ဆို

Stat-752x440-1-

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ရုရှားနိုင်ငံက ဘောလုံးသုံးသပ်ချက် ဝက်ဘ်ဆိုက်တစ်ခုနဲ့ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

အသင်းတွေရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်၊ အသင်းလိုက် စွမ်းဆောင်ရည်နဲ့ နည်းစနစ်ပိုင်း သုံးသပ်ချက်တွေအတွက် ရုရှားအခြေစိုက် Football Analysis Software ၀က်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ InStat နဲ့ ၁၈ လ သက်တမ်းရှိ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ InStat ဟာ မြန်မာ့ လက်ရွေးစင်အသင်း၊ ၂၀၁၇ မလေးရှား ဆီးဂိမ်းပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့် လက်ရွေးစင် ယူ-၂၂ အသင်း၊ လက်ရွေးစင် ယူ-၁၉ အသင်းနဲ့ လက်ရွေးစင် အမျိုးသမီးအသင်းတွေအတွက် လေ့လာ သုံးသပ်ချက်တွေ ပြုလုပ်ပေးမှာဖြစ်ပါတယ်။

Read more