Year: 2025
ယနေ့မှစ၍ အွန်လိုင်းဗီဇာဖြင့် မြန်မာ-ထိုင်း နယ်စပ်ဂိတ် သုံးခုမှ ဝင်ခွင့်ပြုမည်
အိမ်နီးချင်း နိုင်ငံများမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက် လည်ပတ်မည့် ကမ္ဘာလှည့် ခရီးသည်များကို မြန်မာ-ထိုင်း နယ်စပ်ဂိတ် သုံးခုမှ အွန်လိုင်းဗီဇာဖြင့် ယနေ့မှ စတင် (စက်တင်ဘာလ ၁ရက်) ဝင်ရောက်ခွင့်ပြုကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များအရ သိရသည်။ (more…)
Read more
တနသာင်္ရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးချစ်သန်း တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ အရံကော်မတီဝင်များနင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ၊ တနသာင်္ရီတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးချစ်သန်း သည် သြဂုတ်လ (၃၁) ရက် နံနက်ပိုင်းက ထားဝယ်မြို့နယ် ပါတီရုံး၌ တိုင်း၊ ခရိုင်၊ ထားဝယ်မြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များနင့် တွေ့ဆုံ၍ ပါတီလုပ်ငန်းစဉ်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မောင်ရာဇာ
ဟင်္သာတမြို့ရုံးကြီးရပ်နေ အသက်(၁ဝ၂)နှစ် အဘိုးဦးဆုံအား ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လာရောက်လှူဒါန်း

ရာဇသင်္ဂဟဖောင်ဒေးရှင်း နာယကကြီး အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးသိန်းစိန်(ကိုယ်စား) ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များသည် သြဂုတ် ၃၁ ရက် မွန်းလွဲ ၁နာရီက ဟင်္သာတမြို့ ရုံးကြီးရပ် မြစ်ကွေ့ကျောင်း လမ်း အိမ်အမှတ်(၁ဝ၆)နေ အသက် (၁ဝ၂)နှစ်ရှိ အဘိုးဦးဆုံအား ဂုဏ်ပြုလှူဒါန်းငွေကျပ်နှစ်သိန်းကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Read moreပခုက္ကူခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ ဒုတိယအကြိမ်ပါတီညီလာခံမှ ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ သြဂုတ်လ (၃၀) ရက် နံနက် (၁၀) နာရီအချိန်က က ပခုက္ကူခရိုင်/မြို့နယ် ပါတီကော်မတီဝင်များတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

အစည်းအဝေးတွင် ဒုတိယအကြိမ် ပါတီညီလာခံ(၂၀၁၆) မှ ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ငလျှင်ဒဏ်ကြောင့် ပျက်စီးသွားသည့် မြန်မာတို့၏ နှလုံးသား ပုဂံဒေသရှိ ဘုရားပုထိုးများ ပြုပြင်မွမ်းမံရေးလုပ်ငန်းများတွင် လုပ်အားဒါန ပါဝင်ကူညီဆောင်ရွက် နိုင်ရေးအတွက် အသေးစိတ် ဆွေးနွေး ခဲ့ကြပြီး နေ့လည် (၁၂) နာရီခွဲ အချိန်တွင် အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးကြောင်း သတင်းရရှိသည်။
yawminthar(pku)
Read more
ပြင်ဦးလွင်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းအဝေးနှင့် ဒုတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင် ဖွံ့ဖြိုးရေးပါတီ မြို့နယ် ပါတီကော်မတီဝင်များ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးနှင့် ဒုတိယအကြိမ်ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့ (စက်တင်ဘာလ ၁ ရက်) နံနက် (၉) နာရီအချိန်က ခရိုင်/မြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ရာ ပြင်ဦးလွင်မြို့နယ် ပါတီဥက္ကဌ ဦးကျော်ကျော်စိုးက ညီလာခံ အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

Read more
“ရာဇသင်္ဂဟ ဖောင်ဒေးရှင်း” မှ သက်ကြီးဘိုးဘွားများအတွက် လှူဒါန်းငွေအား ဆင်ပေါင်ဝဲပြည်ခိုင်ဖြိုး သွားရောက် လှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနာယက၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် ၏ “ရာဇသင်္ဂဟ ဖောင်ဒေးရှင်း” မှ နိုင်ငံတော်အတွင်း အသက် (၁၀၀) နှစ် နှင့်အထက် အဖိုးအဖွားများ၏။ ကျန်းမာရေး၊ လူနေမှုဘဝ အဆင်ပြေစေရေး အထောက်အကူပြုစေရန် တစ်ဦးလျှင် ကျပ် (၂) သိန်းနှုန်းဖြင့် ထောက်ပံ့လှူဒါန်းခဲ့ရာ မကွေးတိုင်းဒေသကြီးး ဆင်ပေါင်ဝဲမြို့နယ် စစ္စေးချောင်းရွာမှ အဖွား ဒေါ်အေးမြိုင် (၁၀၁) နှစ်အား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သြဂုတ်လ (၃၁) ရက်နေ့က ကျေးရွာအရောက် သွားရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။
Read moreမာန်အောင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေး
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး၌ သြဂုတ်လ (၃၁) ရက် နေ့လည်ပိုင်းက ပြည်နယ်ပါတီကော်မတီ ၀င်များ၊ အရန်ပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ် အရန်ပါတီကော်မတီဝင်များ တွေ့ဆုံ၍ ပြည်နယ်ပါတီ၏ ညွန်ကြားချက်များကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌမှ အစည်းအဝေးခေါ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ ပြည်နယ် ပါတီ၏ညွှန်ကြားချက်များနှင့် ပတ်သက်၍ ဆွေးနွေးအတည်ပြု ဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ (၂) နာရီအချိန်တွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။















