Year: 2025
တိုင်းပါတီဒုဥက္ကဋ္ဌနှင့်အဖွဲ့ ကြို့ပင်ကောက်ပါတီဝင်များနှင့် တွေ့ဆုံ
ပဲခူးတိုင်းဒေသကြီး ပါတီဒုတိယဥက္ကဌ ဦးအောင်ချိုဦး ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တိုင်း အတွင်းရေးမှူး ဦးကျော်ကျော်လင်း နှင့် တိုင်းပါတီကော်မတီဝင်များအဖွဲ့သည် ၁၄.၁၂.၂၀၁၆ရက်နေ့ နံနက် ၈း၄၀အချိန် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးသို့ ရောက်ရှိပြီး မြို့နယ်ပါတီဥက္ကဌ ဦးတင်စိုးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များအား ပါတီ၏ရှေ့ဆက်သွားမည့် လုပ်ငန်းများဆွေးနွေးခြင်း၊ အမာခံပါတီဝင် အင်အားစာရင်းများ သေချာစွာ ပြုလုပ်နိုင်ရေးတို့အား ဆွေးနွေးကြပါသည်။
Read moreတိုင်းပါတီဒုဥက္ကဋ္ဌနှင့်အဖွဲ့ မြို့နယ်ပါတီရုံးများသို့ သွားရောက်တွေ့ဆုံဆွေးနွေး
ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိးရေးပါတီ ဒု- ဥက္ကဋ္ဌ ဦအောင်ချိုဦး ၊ တိုင်းအတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ တိုင်းစည်းရုံးရေးရာတာဝန်ခံ ဦးစန်းအောင်နိုင်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းဇော်တို့သည် ဒီဇင်ဘာ (၁၃) ရက်နေ့က ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာဝတီ ၊ လက်ပံတန်း ၊ မင်းလှ၊ မိုးညို၊ အုတ်ဖိုမြို့နယ် ပါတီရုံးများသို့ သွားရောက်ပြီး ပါတီဝင်အင်အားစီစစ်ရေး လုပ်ငန်းဆောင်ရွက်မှုများ၊ ပါတီလုပ်ငန်း ဆောင်ရွက်မှုများကို မြို့နယ်ပါတီဥက္ကဋ္ဌ၊ ပါတီကော်မတီဝင်များ စည်းရုံးရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
Read moreကြိုဆိုနွှဲပျော် ကရင်နှစ်သစ်ကူးပွဲတော်
ကရင်နှစ်သစ်ကူးပွဲတော်အကြိုကာလ တိုင်းရင်းသား တေးဂီတအဖွဲ့သည် ဒီဇင်ဘာလ (၁၂) ရက်နေ့ညတွင် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်သို့ ရောက်ရှိ နှုတ်ခွန်းဆက် သီဆိုဖျော်ဖြေကြပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးကိုယ်စား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်နှ်င့် လွှတ်တော်ကိုယ်စားလှယ်များက ရင်းနှီးစွာ ကြိုဆိုဧည့်ခံကာ အလှူငွေများ ပါဝင် လှူဒါန်းခဲ့ကြသည်။
ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ် လွှတ်တော်ကိုယ်စားလှယ်ဆောင်တွင် မင်္ဂလာရှိသော ညချမ်းအခါသမယ မင်္ဂလာရှိသော ကရင်တိုင်းရင်းသား တေးသံသာများဖြင့် သာယာဝေစည်နေခဲ့ပြီး တိုင်းရင်းသားလူငယ်များနှင့် ပြည်ခိုင်ဖြိုးပါတီမှ တိုင်းရင်းသားကိုယ်စားလှယ်များ၏ ဟန်ဆောင်မှုကင်းသော ပျော်ရွှင်ဖွယ်ပုံရိပ်များကို ဤသို့ တွေ့ရသည်။
#အောင်ပိုင်မင်း
ပါတီဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ အမ်းမြို့နယ်ကျေးရွာများသို့ သွားရောက်ပြီး ဒေသခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ
ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် ပါတီဥက္ကဋ္ဌ၊ ပြည်နယ်အတွင်းရေးမှူး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးသောင်းငြိမ်း၊ ကျောက်ဖြူခရိုင်/မြို့နယ်ဥက္ကဋ္ဌများ၊ အမ်းမြို့နယ် ပါတီကော် မတီဝင်များတို့သည် .ယနေ့ ( ဒီဇင်ဘာ ၁၃ ရက်) နံနက်ပိုင်းက အမ်းမြို့နယ်၊ တန်းတင်ကျေးရွာ၊ တလိုင်းတောက် ကျေးရွာများသို့ သွားရောက်ပြီး ဒေသခံများအား ရင်းရင်းနှီးနှီး တွေ့ဆုံကြသည်။
Read moreသာကေတပြည်ခိုင်ဖြိုးပါတီ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီးဘဝ မြင့်တင်ရေး အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲကို ယနေ့ ဒီဇင်ဘာလ (၁၃) ရက် နံနက် (၉) နာရီအချိန်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်းမှ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။
Read moreကော့မှူးမြို့နယ်တွင်း ရပ်ကွက်/ကျေးရွာများတွင် ပါတီဆိုင်းဘုတ်များ တစ်ပြိုင်တည်း စိုက်ထူ
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဌ ဦးကျော်ဇင်ဟိန်း၏ လမ်းညွှန်မှုဖြင့် ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များအားလုံး ပါတီ ဆိုင်းဘုတ်စိုက်ထူ ခြင်းကို ယနေ့ (ဒီဇင်ဘာ ၁၃ ရက်) နံက် (၉) နာရီအချိန်က တပြိုင်တည်း ပြုလုပ်ခဲ့ကြသည်။
Read more









