တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်တွေ့ဆုံပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်၊ ကျေးရွာ စည်းရုံးရေးတာဝန်ခံများ လပတ်ပုံမှန် တွေ့ဆုံပွဲကို စက်တင်ဘာ (၅) ရက် နံနက် ၉ နာရီတွင် မြို့နယ်ပါတီ ရုံးခန်းမ၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ မြင်းခြံခရိုင်ပါတီအတွင်းရေးမှူး ဦးမျိုးကျော်ဇင်၊တောင်သာမြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာများမှ စည်းရုံးရေးတာဝန်ခံများ တက်ရောက်ကြသည်။

Read more

ယင်းတော် သံလျင်တောရမင်းကျောင်းဆရာတော်ကြီးအား ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး ဖူးမြော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့် ဇနီးဒေါ်နီနီဝင်း တို့သည် ယခုလ ၄ ရက် မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်နှင့် ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီတို့မှ ဥက္ကဋ္ဌနှင့် အမှုဆောင်များ လိုက်ပါကာ ယင်းတော်သံလျင်တောရ မင်းကျောင်းသို့ ရောက်ရှိလာခဲ့ပြီး ကျောင်းတိုက် အတွင်း သီတင်းသုံး ကိန်းဝပ်လျက်ရှိသော ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များနှင့် ကျောက် စိမ်းနက်ဆင်းတုတော်၊ စွယ်တော်မြတ်စေတီတို့ကို ဖူးမြော်ကာ ပန်း-ရေချမ်းတို့ ဆက်ကပ်ပူဇော်ကြသည်။

Read more

အသက် ၁ဝဝ နှင့်အထက် သက်ကြီးရွယ်အိုများကိုငွေကျပ်နှစ်သိန်းစီလှူဒါန်း

ကချင်ပြည်နယ် ဗန်းမော်မြို့ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမောင်သိန်း၊ ဗန်းမော်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း ဇော်လေး၊ အတွင်းရေးမှူး ဒေါ်ဝိုင်း နှင့်ပါတီကော်မတီဝင်များ၊ မြို့နယ် ပါတီဥက္ကဋ္ဌဦးသက်ဝင်းနှင့် ပါတီ ကော်မတီဝင်များသည် ယခုလ ၃ ရက်နံနက် ၉ နာရီကဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်နေ ဒေါ်အေး စိန် ၁ဝ၅နှစ်၊ မင်းကုန်းရပ်ကွက် ဦးကွမ်းအန် ၁ဝ၁နှစ်၊ မြို့မရပ် ကွက်နေ ဒေါ်သက်စီ၁ဝ၁နှစ်တို့ထံ အိမ်တိုင်ရာရောက် သွားရောက်ခဲ့ ကြပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန် (ငြိမ်း)၏ ရာဇသင်္ဂဟဖောင်ဒေး ရှင်းမှဂါရဝပြုလှူဒါန်းသောတစ်ဦး လျှင်ငွေကျပ် နှစ်သိန်းစီတို့ကိုပေး အပ်လှူဒါန်းခဲ့ကြသည်။

Read more

ပဲခူးတိုင်းဒေသကြီးပါတီ ဗဟိုဦးဆောင်နာယက ခရိုင်/မြို့နယ်ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင်ရှိ ပြည်ခိုင်ဖြိုးခရိုင်ရုံး ရွှေသီဟခန်းမ၌ စက်တင်ဘာ (၆) ရက် န့နံနက် ၁ဝ နာရီက ခရိုင်ပြည်ခိုင်ဖြိုးပါတီနှင့် ၎င်းခရိုင်အတွင်းရှိ မြို့နယ်ပါတီ များ၏ အစည်းအဝေးပွဲကိုကျင်းပခဲ့၏။ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး ပါတီ ဗဟိုဦးဆောင်နာယက အတိုင်ပင်ခံ ဦးဥာဏ်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးစောမော်ထွန်းက အမှာစကားပြောကြားကာ မြို့နယ်အသီးသီးမှ ပါတီဥက္ကဋ္ဌများက မိတ်ဆက်ခြင်း နှင့်မြို့နယ်များအတွင်းမိမိတို့ပါတီ ဆောင်ရွက်နေမှုများကို တင်ပြကြသည်။

Read more

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ပြန်လည်ဖွဲ့စည်းရန် အဆို ရှုံးနိမ့်

ကိုဖီအာနန်အပါအဝင် ပြည်ပနိုင်ငံသားသုံးဦး ပါဝင်ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို မြန်မာနိုင်ငံသားများဖြင့်သာ ဖွဲ့စည်းရန်ဟူသည့် အရေးကြီးအဆိုအား ပြည်သူ့လွှတ်တော်တွင် စက်တင်ဘာ ၆ ရက်က ထိုင်၊ ထစနစ်ဖြင့် ဆုံးဖြတ်ရာတွင် ကန့်ကွက်မှုများသည့်အတွက် အဆိုရှုံးနိမ့်သွားသည်။ (more…)


Read more

အေးချမ်းသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံပြိုင်ပွဲဖိတ်ခေါ်

၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံ ဓာတ်ပုံပြိုင်ပွဲအား ”အေးချမ်းသာယာ ပြည်မြန်မာ” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသွားပါမည်။ အဆိုပါပြိုင်ပွဲသို့ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှုများ၊ အေးချမ်း တည်ငြိမ်မှုများ၊ တိုင်းရင်းသားရိုးရာ အလှအပများ စသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသည့် ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရ မည်ဖြစ်ပါသည်။ ပြိုင်ပွဲ စည်းကမ်း ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်- (more…)


Read more

ဒူတာတေးက သမ္မတအိုဘားမားအား “မိန်းမပျက်မ သား”ဟု ပြောဆိုမှု နောင်တရ

12107660w

(ဓာတ်ပုံ – အီးပီအေ)

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အမေရိကန်သမ္မတ အိုဘားမားအပေါ် ပုဂ္ဂိုလ်ရေး စော်ကားပြောဆိုမှုနဲ့ ပတ်သက်လို့ နောင်တရကြာင်း ပြောပါတယ်။

လာအိုမြို့တော်မှာ အင်္ဂါနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ “အမေရိကန် သမ္မတအပေါ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပြောဆိုခဲ့တဲ့ မှတ်ချက်´´ အတွက် ဒူတာတေးက နောင်တရကြောင်း ဖော်ပြခဲ့တယ်လို့ မီဒီယာများက ဆိုပါတယ်။

Read more

ခိုလှုံရာမဲ့ ကလေးငယ်ပေါင်း သန်း ၅၀ နီးပါးရှိဟု ယူနီဆက်ဖ်ပြော

uprooted

ကုလသမဂ္ဂ၊ စက်တင်ဘာ ၇

စစ်ပွဲ၊ အကြမ်းဖက်မှုနှင့် နှိပ်စက်ညည်းပန်းမှုများကြောင့် မွေးရပ်တိုင်းပြည်မှ စွန့်ခွာထွက်ပြေးရမှုများတွင် ကလေး ငယ်များ ဦးရေက ကမ္ဘာ့တစ်ဝန်းတွင် သန်းပေါင်း ၅၀ နီးပါးရှိကြောင်း ကုလသမဂ္ဂနိုင်ငံတကာကလေးငယ်များ အရေးပေါ် ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က စက်တင်ဘာ ၇ ရက်၌ ပြောသည်။

Read more

တရုတ်နှင့်ဗြိတိန်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး

14196073_1751654638408370_5431223518286912067_o

ပေကျင်း စက်တင်ဘာ ၆

တရုတ်နှင့်ဗြိတိန် နှစ်နိုင်ငံတို့၌ နိုင်ငံရေးဆိုင်ရာယုံကြည်မှုကို တိုးမြှင့် တည်ဆောက်ကာ သင့်တော်သောနည်း လမ်းများဖြင့် အငြင်းပွားမှုများကို ဖြေရှင်းသင့်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ဗြိတိသျှဝန်ကြီးချုပ် ထရီဆာမေအား ပြောကြားခဲ့ကြောင်း ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံကြား နှောင့်နှေးကြန့်ကြာနေသော ဒေါ်လာရှစ်ဘီလီယံ နျူကလီးယား စွမ်းအင်ကဏ္ဍကိုလည်း ပြန်လည်သုံးသပ် နေကြောင်း သိရသည်။

Read more

လာမည့်နှစ်မှစတင်ကာ ပညာရေးကောလိပ်များ၏ စာသင်နှစ်ကို နှစ်နှစ်မှ လေးနှစ်သို့ တိုးမြှင့်တော့မည် ပညာသင်နှစ်ပြီးဆုံးပါက ဘွဲ့အဆင့်ထိ သတ်မှတ်တိုးမြှင့်ပေးအပ်မည်ဟုဆို

ယခင်က နှစ်နှစ်သာတက်ရောက်ခဲ့ရသည့် ပညာရေးကောလိပ်များတွင် လာမည့် ပညာသင်နှစ်မှစတင်ကာလေးနှစ် တက်ရောက်ရတော့မည်ဖြစ်ပြီး ဘွဲ့ အဆင့်ထိ သတ်မှတ်တိုးမြှင့်ပေး အပ်တော့မည်ဖြစ်ကြောင်း သိရသည်။ (more…)


Read more