Year: 2025
နွားနို့ထဲ ကြက်သွန်ဖြူထည့်တဲ့ အခါ
နွားနို့ပူပူထဲ ကြက်သွန်ဖြူထည့်ပြီင်္း သောက်ကြည့်ဖူးပါသလား? အနည်းငယ် ထူးဆန်းမယ်လို့ ထင်ပေမယ့် ဒီနည်းဟာ ရောဂါဘယတွေ ကင်းဝေဖို့ ရှေးနှစ်ပေါင်းများစွာက ကျင့်သုံးခဲ့တဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
ပရိုတင်းဓာတ် ပြည့်ဝတဲ့ နွားနို့နဲ့ ရောဂါတွေကို တွန်းလှန်နိုင်တဲ့ ကြက်သွန်ဖြူတို့ တွေ့တဲ့ အခါ အဆုတ်ရောင်၊ ပန်းနာရင်ကျပ်၊ နှလုံးရောဂါ၊ အသားဝါ၊ အဆစ်ရောင်၊ ချောင်းဆိုးနဲ့ တီဘီရောဂါတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ညဘက် အိပ်မပျော်တဲ့အခါ နွားနို့ ပူပူကို ကြက်သွန်ဖြူလေးနဲ့ သောက်ပေးရင် ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် လုပ်အားပေးဆောင်ရွက်နေသည့် ပါတီဝင်များအား တွေ့ဆုံ အားပေးပြီး အလှူငွေများ သွားရောက်လှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးနှင့် ပါတီလုပ်ငန်း စီစစ်ရေး ကော်မတီဥက္ကဌ ဦးစိုးနိုင်၊ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး နှင့် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း တို့သည် ယနေ့ (၈- ၉-၂၀၁၆) ရက်နေ့ နံနက်ပိုင်း (၁၀၃၀) ချိန်တွင် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ရောက်ရှိခဲ့ပါသည်။
Read moreဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အသက်၁၀၀ ကျော် အဘွားအား ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်းထောက်ပံ့
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ်(၉၀)ရပ်ကွက် မင်းလှလမ်း ကျူးနေ ဒေါ်ညို အသက်(၁၀၂)နှစ် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် ၏ ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်း ငွေကျပ် ၂ သိန်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်း ဒေသကြီး ပါတီကော်မတီဝင် ဦးတင်လှိုင်၊ အရှေ့ပိုင်းခရိုင်ပါတီကော်မတီဝင် ဦးသိန်းကျော်အောင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်ဝင်း နှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက် ကော်မတီဝင်များက စက်တင်ဘာလ (၇) ရက်နေ့ နေ့လည် (၂) နာရီခွဲအချိန်တွင် အိမ်တိုင် ရာရောက် သွားရောက်လှူဒါန်းပေးခဲ့ပြီး အဘွား ဒေါ်ညို မှ ဝမ်းသာမျက်ရည်များဖြင့် ဆုတောင်းမေတ္တာပြန်လည် ပို့သပေးခဲ့ကြောင်း သိရသည်။
Read moreပုသိမ်ခရိုင်ပါတီနှင့် ရေကြည်မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးစိုးဝင်း ဦးဆောင်၍ ခရိုင်ကော်မတီဝင်များလိုက်ပါကာ စက်တင်ဘာ (၇) ရက် နေ့လည် (၁၂:၄၅) အချိန်တွင် ရေကြည်မြို့နယ် ပါတီကော်မတီများနှင့် တွေ့ဆုံခဲ့ပါသည်။
Read moreမြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် /ရပ်ကျေး မျက်နှာစုံညီ ပုံမှန် အစည်းအဝေး ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ်/ရပ်ကျေး ပုံမှန် မျက်နှာစုံညီအစည်းအဝေးကို စင်တင်ဘာလ ( ၇ ) ရက်နေ့ နေ့လည်ပိုင်းတွင် မြိတ်မြို့ ဆိပ်ငယ်ရပ်ရှိ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည် ။
အစည်းအဝေးကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ မြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ ၊ရပ်ကွက်နှင့်ကျေးရွာအသီးသီးမှ ပါတီစည်းရုံးရေးမှူးများနှင့် အမာခံပါတီဝင်များ တက်ရောက် ကြပြီး ဥက္ကဌ ဦးမိုးမြင့်မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။
လွိုင်ကော်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးစည်းမှူးနှင့် အဖွဲ့ဝင်များ ပါတီရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး
ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်၊ ကျေးရွာအုပ်စု စည်းရုံးရေးမှူးနှင့်အဖွဲ့ဝင်များ လစဉ်ပုံမှန် တွေ့ဆုံ စည်းဝေးပွဲကို စက်တင်ဘာလ (၇) ရက် နံနက် ၁၀ နာရီတွင် ကျင်းပရာ ခရိုင်ပါတီဥက္ကဌနှင့် ခရိုင်ပါတီအတွင်းရေးမှူး၊ မြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီ အတွင်းရေးမှူးများ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စုမှ စည်းရုံးရေးမှူးနှင့် အဖွဲ့ဝင် များ စုစုပေါင်း အင်အား ၆၀ ဦးခန့် တက်ရောက်ကြသည်။
Read moreဗဟိုနာယက ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး ရမည်းသင်းမြို့ နယ် ပျော်ဘွယ် မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ အတွင်းရေးမှူးများ အလုပ်အမှုဆောင်များ ရပ်/ကျေး စည်းရုံးရေးမှူးများနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဗဟိုနာယကအဖွဲ့ ပါတီဗဟို ဦးဆောင်ကော်မတီဝင် ဦးဌေးဦးသည် ယခုလ ၄ ရက် မွန်းလွဲ ၂ နာရီက ပျော်ဘွယ်မြို့နယ် သန်လျင်တောရ ယင်းတော်မင်းကျောင်း အာရုံခံဓမ္မာရုံ၌ ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ် ပျော်ဘွယ်မြို့နယ်များမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင် များ၊ ရပ်/ကျေးစည်း ရုံးရေးမှူးများနှင့် တွေ့ဆုံသည်။
Read moreရွှေဘိုခရိုင်တွင်းရှိ အသက် ၁ဝဝနှင့်အထက် ဘိုးဘွားများအား ငွေကျပ်နှစ်သိန်းစီနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း
နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်၏ ရာဇသင်္ဂဟဖောင်ဒေးရှင်းက အသက် ၁ဝဝ နှင့်အထက် ဘိုးဘွားများအားလှူဒါန်းသော ငွေကျပ် နှစ်သိန်းစီကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းရှိ အဘိုးအဘွား (၁၁) ဦးအား ဖောင်ဒေးရှင်းကိုယ်စား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ယမန်နေ့က သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Read more











