Year: 2025
၈ ရက်ကြာ တိုက်ပွဲတွေအတွင်း ဆီးရီးယားမှာ လူ ၁ သိန်းနီးပါး အိုးအိမ်မဲ့ဖြစ်
ဆီးရီးယားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အစိုးရတပ်ဖွဲ့တွေနဲ့ သူပုန်အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် သြဂုတ်လ ၂၈ ရက်ကနေ စက်တင်ဘာလ ၅ ရက်နေ့အကြား တိုင်းပြည်အလယ်ပိုင်း Hama ခရိုင်ကနေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူပေါင်း ၁ သိန်းနီးပါး ရှိသွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အေဂျင်စီက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

Read more
ရှမ်းနီ ပါတီနှင့် လီဆူ ပါတီတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းမှု KPCC ကန့်ကွက်
၂၁ ရာစုပင်လုံ- ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တိုင်းလိုင်ရှမ်းနီပါတီနှင့် လီဆူပါတီတို့က ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်တချို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးရန် တောင်းဆိုခဲ့ခြင်းအပေါ် ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (KPCC) က ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ (more…)
Read more
ဆရာတော်ဦးဥတ္တမ (၇၇)နှစ်မြောက် အခမ်းအနား ရန်ကုန်နှင့် ရခိုင်ပြည်နယ်မြို့များတွင် ကျင်းပမည်
ယခုလ ၉ ရက်တွင် ကျရောက်မည့် မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့ (၇၇) နှစ် မြောက် အခမ်းအနားကို ရန်ကုန်မြို့အပါအ၀င် ရခိုင်ပြည်နယ်ရှိ မြို့များတွင် ကျင်းပမည်ဟု သတင်းရရှိသည်။
ရန်ကုန်မြို့၌ ကျင်းပမည့်အခမ်းအနားအတွက် ယခုလ ၇ ရက် နံနက်တွင် ရခိုင်ပြည်နယ်ဓမ္မာရုံ၌ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ဦးဥတ္တမပန်းခြံတွင် ကျင်းပမည့်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသား လူမျိုး ရေးရာဝန်ကြီးဌာနက ကြီးမှူး၍ ရခိုင်လူမှုအသင်း အဖွဲ့များ စုပေါင်းပါဝင်မည်ဖြစ်ကြောင်း (၇၇) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့အခမ်းအနား ကျင်းပရေးကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌ ဦးဖေသိန်းက ပြောသည်။ (more…)
Read more
ကိုယ်ဝန်ဆောင်နှင့် ကိုယ်ဝန်ဆောင်မည့်သူများ ချင်းမိုင်သို့ မလာရန် မြန်မာကောင်စစ်ဝန်ရုံး သတိပေး
ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ်တွင် မြန်မာအမျိုးသမီးတစ်ဦး ဇီကာဗိုင်းရပ်စ် ကူးစက်ခံနေရသောကြောင့် မြန်မာနိုင်ငံရှိ ကိုယ်ဝန်ဆောင်များနှင့် ကိုယ်ဝန်ဆောင်ရန် ရည်ရွယ်ထားသူများ ချင်းမိုင်သို့လာရောက်မှုကို ခေတ္တဆိုင်းငံ့ထား သင့်ကြောင်း ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံးက (စက်တင်ဘာ ၇ ရက်) ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန် လိုက်သည်။ (more…)
Read more












