လူနှင့် ကုန်စည်များ မှောင်ခိုဝင်ရောက်နေခြင်းများကြောင့် ထိုင်းနှင့် မလေးရှား နယ်စပ်တံတိုင်း ကာရန် ဆွေးနွေးမည်

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ နှစ်နိုင်ငံအနေဖြင့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် ဘန်ကောက်သို့ လာရောက် လည်ပတ်ကာ ထိုင်းဝန်ကြီးချုပ်နှင့် မတွေ့ဆုံမီ တစ်ရက်အလို၌ နှစ်နိုင်ငံကြား နယ်စပ်တံတိုင်းကာရံရန် ဆွေးနွေး မည်ဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၇ ရက်တွင် ပြောသည်။

(more…)


Read more

ယူအက်စ်အိုးပင်း ကွာတားဖိုင်နယ် အဆင့်ကနေ အင်ဒီမာရေးလည်း ထွက်ခွာခဲ့ရ

ယူအက်စ်အိုးပင်းပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့်ကနေ နာဒဲလ် ထွက်ခွာခဲ့ရပြီးတဲ့နောက် နောက်တစ်ရက်မှာပဲ ဗြိတိန်ရဲ့ နာမည်ကြီး တင်းနစ်သမား မာရေးလည်း ရှုံးပွဲကြုံပြီး ထွက်ခွာခဲ့ရပြန်ပါပြီ။

images

(more…)


Read more

ကြက်ဥပုပ်ရဲ့အနံ့က နှလုံးရောဂါနဲ့ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်

rotteneggs

ကြက်ဥပုပ်အနံ့ကိုတော့ ဘယ်သူမှ နှစ်သက်ကြမယ်မထင်ပါဘူး။ ဒါပမယ့် သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက် အရ ကြက်ဥပုပ်ကနေ ထွက်လာတဲ့ အနံ့အသက်ဟာ လူတွေရဲ့ဆီးချိုရောဂါဖြစ်ပွားမှုအပေါ် အကျိုးသက်ရောက် မှုရှိစေတယ်လို့ ဆိုခဲ့ကြပါတယ်။

Exeter တက္ကသိုလ်က သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အရ ကြက်ဥပုပ်အနံ့ဟာ ကျန်းမာရေးဆိုင်ရာ ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေဖြစ်တဲ့ နှလုံး၊ ကျောက်ကပ်နဲ့ မျက်လုံးနဲ့ ပတ်သက်တဲ့ရောဂါတွေအပြင် ဆီးချိုရောဂါ ကြောင့်ထိခိုက်ပျက်စီးမှုဖြစ်ပေါ်တဲ့ နှလုံးရောဂါတွေကို ကုသနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

Read more

PlayStation 4 Pro ဂိမ်းစက်သစ်ကို Sony ပွဲထုတ်မိတ်ဆက်

160907164132-ps4-upgrade-ps4-pro-780x439

Sony သည် စွမ်းဆောင်ရည်မြင့်မားသော PlayStation 4 ဂိမ်းစက်သစ်တစ်မျိုးကို မိတ်ဆက်ကြေညာခဲ့သည်။ PlayStation 4 Pro ဟုခေါ်သည့် ဂိမ်းစက်သစ်ကို 4K (ultra-high resolution) ဖြင့် HDR တီဗွီများပေါ်တွင် ကစားနိုင်သည်။ ထို့အပြင် 4K ဂိမ်းများကိုလည်း ကစားနိုင်မည်ဖြစ်သည်။

Read more

ရာဇသင်္ဂဟ ဖောင်ဒေးရှင်း ကိုယ်စားအသက်(၁၀၃)နှစ်အထက် အဘိုးအား ထောက်ပံ့လှူဒါန်း

နိုင်ငံတော်သမ္မတ (ငြိမ်း) အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရီသုစမ္မ ဦးသိန်းစိန် တည်ထောင်ထားသည့် ရာဇသင်္ဂဟဖောင်ဒေးရှင်း မှ တစ်နိုင်ငံလုံးရှိ သက်ကြီး၊ ၀ါကြီးဂုဏ်ပြုခံ အဘိုး၊ အဖွားများအား အလှူငွေ များနှင့်အတူ လှူဒါန်းကန်တော့လျှက်ရှိသည်။

Read more

Helio 10-core processor သုံးထားသည့် Redmi Note 4 ပြည်တွင်း ဈေးကွက်ဝင်

 14237511_1509960582363315_1685940410072415983_n

Xiaomi မှ အသစ်ထပ်မံ မိတ်ဆက်လိုက်သည့် Helio 10-core processor အသုံးပြုထားသည့် Redmi Note 4 ကို ပြည်တွင်း ဈေးကွက်တွင် ဝယ်ယူနိုင်ပြီ ဖြစ်သည်။

Read more

နိုင်ခြင်း ရှုံးခြင်းသည် အချိန်ကာလ တစ်ခုသာဖြစ်။ နိုင်ငံရေးလုပ်မည်ဆိုပါက ပရဟိတ စိတ်ဓါတ်ကို အခြေခံပြီးဆောင်ရွက်သွားကြရန် ပါတီဝင်များအားမှာကြာ

 

ယနေ့ ၉ ၉ ၂၀၁၆ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးနှင့် ပါတီလုပ်ငန်းစီစစ်ရေးကော်မတီ ဥက္ကဌ ဦးစိုးနိုင်၊ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး၊ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ စစ်ကိုင်းတိုင်း ပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း တို့သည် စစ်ကိုင်းတိုင်းအတွင်းမှ ခရိုင် ၃ ခရိုင်၊ မြို့နယ် ၁၁ မြို့နယ်မှ ပါတီဝင်အင်အား ၄၅၀ ဦးအား နံနက် ၀၉၃၀ ချိန်မှ ၁၁၃၀ချိန်ထိ အပြန်အလှန် တွေ့ဆုံ ဆွေးနွေးမှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

Read more

အိုဆာဆူနာနှင့်ပွဲတွင် ပါဝင်ကစားမည်ဟု ရော်နယ်ဒိုအတည်ပြု

c-ronaldo_0

အိုဆာဆူနာနှင့် ယနေ့ ယှဉ်ပြိုင်မည့် လာလီဂါပွဲတွင် ရီးရဲလ်၌ ပါဝင်ကစားမည်ဟု တိုက်စစ်မှူး ရော်နယ်ဒိုက ပြော ကြားလိုက်သည်။ ယူရို ၂၀၁၆ ပြိုင်ပွဲ ဗိုလ်လု ပွဲတွင် ပေါ်တူဂီအတွက် ပါဝင် ကစားရင်း ဒူးဒဏ်ရာရရှိခဲ့သည့် ရော်နယ်ဒို (၃၁)နှစ်သည် ရီးရဲလ် ၏ ယခုရာသီလာလီဂါပွဲများနှင့် စူပါဖလားပွဲများကို လွဲချော်ခဲ့သည်။

Read more

သံတွဲပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့ (စက်တင်ဘာ ၉ ရက်) နံနက် (၈) နာရီအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ပါတီကော်မတီဝင် (မြို့နယ်တာဝန်ခံ)ဦးတင်မောင်သန်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဝင်းမင်းမာထွန်း၊ မြို့နယ်ပါတီ ဥက္ကဌဦးစန်းနိုင်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးကြည်ရွှေ၊ ဘဏ္ဍာရေးမှူးဦးရဲမြင့်နှင့်မြို့နယ်ပါတီ ကော်မတီဝင်များ အရန်ပါတီ ကော်မတီဝင်များ ရပ်ကျေးခေါင်းဆောင်များ စုစုပေါင်း အင်အား (၅၄)ဦး တက်ရောက်၍ ရှေ့လုပ်ငန်းစဉ်များအား အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ ညောင်ဦးခရိုင်နှင့် မြင်းခြံခရိုင် တွင်းရှိ မြို့နယ်ပါတီကော်မတီဝင် များအား တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ညောင်ဦးမြို့နယ်ပါတီရုံး၌ စက်တင် ဘာလ (၈) ရက် မွန်းလွဲ (၁) နာရီခွဲက မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်အတွင်း မြို့နယ်ခြောက်မြို့နယ်ရှိ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များအား တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် မြို့နယ်ဥက္ကဋ္ဌအသီးသီးမှ တင်ပြလာသော မြို့နယ်ပါတီ ရေးရာကိစ္စများကို မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင် ဖြည့်စွက်ရှင်းလင်းခဲ့ကာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။

Read more