ကွန်ကရစ်လမ်းခင်းရန် ဘိလပ်မြေအိတ် (၁၁၅) အိတ် ပံ့ပိုးလှူဒါန်း

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အတွင်းရေးမှူး ဦးစိုင်းကျော်လှ၊ ပြည်နယ်ကော်မတီဝင် ဦးရှာမွေလှရှဲန်နှင့် ဒေါ်နန်းနော်တို့သည် ဒီဇင်ဘာ (၁၀) ရက်နေ့က ရပ်ကွက်(၁) ရှဲန်မိန်းရွာတွင် ကွန်ကရစ်လမ်းခင်းနေရာသို့ သွားရောက်ကြည့်ရူ အားပေးခဲ့ပြီး မြို့နယ်ပါတီရံပုံငွေဖြင့် ဘိလပ်မြေ (၁၁၅) အိတ် ပံ့ပိုးပေးခဲ့ကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းသတင်းစုံ


Read more

Airplane mode ဖွင့်ပြီး ဖုန်းအားသွင်းတာ အားမြန်မြန် ပိုပြည့်စေသလား

မိမိဖုန်း ဘက်ထရီအား ၂၀% ထိ လျှော့နည်းတာကို တွေ့ရတာလောက် စိတ်ပျက်စရာ မရှိပါဘူး။ ဖုန်းကို airplane mode ဖွင့် အားသွင်းမယ်ဆိုရင် အားဝင်မှုနှုန်း ၂ ဆ ပိုမြန်တယ်လို့ ကြားဖူးပါလိမ့်မယ်။

(more…)


Read more

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲဝင် မြန်မာအသင်းခြေစွမ်းကို လက်ရွေးစင်နည်းပြချုပ် သွားရောက်ကြည့်ရှုမည်

ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် အသက် (၂၁)နှစ်အောက် သန်နိုင်းသတင်းစာ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဝင် မြန်မာ ယူ-၂၁ အသင်း၏ခြေစွမ်းကို မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ် သွားရောက်ကြည့်ရှုမည်ဖြစ် ကြောင်း သတင်းရရှိသည်။

 

(more…)


Read more

ဆူလ်တန်မိုဟာမက်ဗွီကို မလေးရှားဘုရင်သစ်အဖြစ် တင်မြှောက်

၁၉၅၇ ခုနှစ်မှာ ဗြိတိန်လက်အောက်ကနေ မလေးရှားနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရဲ့ ၁၅ ဆက်မြောက် ဘုရင်အဖြစ် ဆူလ်တန်မိုဟာမက်ဗွီကို တရားဝင် တင်မြှောက်တဲ့ အခမ်းအနား ဒီဇင်ဘာ ၁၃ ရက်နေ့က ကွာလာ လမ်ပူ၊ ပါလီမန်ရင်ပြင်မှာ ပြုလုပ်ခဲ့ပါတယ်။

 

(more…)


Read more

မအူပင်ခရိုင်ပြည်ခိုင်ဖြိုး ” လက်တွေ့ကျသော ပါတီလှုပ်ရှားမှုဖြင့် ပြည်သူ့ဘ၀ တိုးတက်မြင့်မားရေး” အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး ကျင်းပသော ” လက်တွေ့ကျသော ပါတီလှုပ်ရှားမှုဖြင့် ပြည်သူ့ဘ၀ တိုးတက်မြင့်မားရေး” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ ဒီဇင်ဘာ (၁၄) ရက် နံနက်ပိုင်းက ခရိုင်ပါတီရုံးတွင် ကျင်းပပြူလုပ်ရာ တိုင်းပါတီအတွင်းရေးမှူး ဦးဝင်းကိုကို၊ တိုင်းပါတီမှ ရေးရာကဏ္ဍအလိုက် တာဝန်ခံများ၊ မအူပင်မြို့နယ်၊ ညောင်တုန်းမြို့နယ် ၊ ပန်းတနော်မြို့နယ် ၊ ဓနူဖြူ မြို့နယ် တို့မှ ပါတီကော်မတီဝင်များ စုစုပေါင်း (၁၁၀) ဦး တတ်ရောက်ခဲ့ကြကြောင်း သိရသည်။

Read more

ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နယ်မြေဆင်း ဆောင်ရွက်

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များသည် ဒီဇင်ဘာ (၁၃) ရက် နံနက်(၁၀)နာရီ အချိန်က အင်းရဲတိုက်နယ် အင်းရဲကျေးရွာ၊ အင်းမကျေးရွာ၊ ပျဉ်းကတိုးကုန်းကျေးရွာ၊ ကွင်းဆင်း၍ အင်းရဲကျေးရွာပြည်ခိုင်ဖြိုးပါတီရုံး၌ ရပ်မိရပ်ဖများ၊ ပါတီဝင်များနှင့် တွေဆုံပွဲတစ်ရပ်ကျင်းပခဲ့ပါသည်။
တိုက်နယ်တာဝန်ခံ မှ တွေ့ဆုံရခြင်းအကြောင်းရင်းပတ်သက်၍ လည်းကောင်း၊ ယနေ့ ဖြစ်ပေါ် နေသော နိုင်ငံရေးအခြေအနေများ၊ ဒေသတွင်းစိန်ခေါ်မှုများနှင့်ပတ်သက်၍လည်းကောင်း၊မီဒီယာတာဝန်ခံမှ မီဒီယာအကြောင်းရှင်းလင်းပြောကြားခဲ့သည်။

Read more

ဗင်နီဇွဲလား အမြင့်ဆုံးငွေစက္ကူများကို အကြွေစေ့ဖြင့် လဲလှယ်မည်

ဗင်နီဇွဲလားနိုင်ငံ၏ တန်ဖိုးအမြင့်ဆုံး ငွေစက္ကူများကို အကြွေစေ့များဖြင့် ၇၂ နာရီအတွင်း လဲလှယ်ပေးသွားမည် ဖြစ်ကြောင်း အစိုးရက ကြေညာခဲ့သည်ဟု BBC သတင်းက ဖော်ပြသည်။ ၁၀၀ ဘိုလီဗာ ငွေစက္ကူများကို လဲလှယ် လိုက်ခြင်းဖြင့် မှောင်ခိုမှုများကို ရပ်တန့်ပေးရန် ကူညီနိုင်မည်ဖြစ်ပြီး စားနပ်ရိက္ခာနှင့် အထွေထွေပစ္စည်းများ ပြတ်လပ်မှုကို ကိုင်တွယ်ရာတွင်လည်း အကူအညီရမည်ဟု အစိုးရက မျှော်လင့် ထားသည်။

 

(more…)


Read more

ပိုလန်နိုင်ငံတွင် လူထောင်ပေါင်းများစွာ အစိုးရကို ဆန့်ကျင်ဆန္ဒပြ

ပိုလန်နိုင်ငံသား ထောင်ပေါင်းများစွာသည် လက်ယာယိမ်းအစိုးရကြောင့် ဒီမိုကရေစီကို ထိခိုက်မှုများ ရှိနေသည်ဟု စွပ်စွဲပြီး ကွန်မြူနစ်ခေတ်ညမထွက်ရဥပဒေကို ရုတ်သိမ်းခြင်း ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အင်္ဂါနေ့တွင် လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

(more…)


Read more

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်မှ သတင်းထုတ်ပြန်

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ မောင်တောဒေသသို့ သွားရောက်ကာ အကြမ်းဖက် တိုက်ခိုက်ခံရသည့်နေရာများ ကြည့်ရှုစစ်ဆေးခြင်း၊ ဒေသအတွင်းရှိ သက်ဆိုင်ရာပုဂ္ဂိုလ်များအား စုံစမ်းမေးမြန်းခြင်း တို့ကို ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ဒီဇင်ဘာ ၁၃ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းထုတ်ပြန် ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်- (more…)


Read more

တိုင်းဧရာပြည်ခိုင်ဖြိုးပါတီ “ဘဏ္ဍာရေးဆိုင်ရာစိမံခန့်ခွဲမှုသင်တန်း” ဖွင့်လှစ်

 

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော “ဘဏ္ဍာရေးဆိုင်ရာ စိမံခန့်ခွဲမှုသင်တန်း” ဖွင့်ပွဲကို ဒီဇင်ဘာ (၁၃) ရက်က ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးပါတီရုံး၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

(more…)


Read more