ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌဒိုင်းဘောလုံးပြိုင်ပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌဒိုင်းဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ (၂၈) ရက် မွန်းလွဲ ၂နာရီကပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ခြံဝင်းအတွင်းရှိ ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

အဆိုပါဘောလုံးပြိုင်ပွဲကို ပြည်ခိုင်ဖြိုးပါတီပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီဌာနချုပ် အသင်းအပါအဝင် ပြည်ထောင်စုနယ်မြေ အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်ဖြစ်သော ပျဉ်းမနားမြို့နယ်ပါတီအသင်း၊ လယ်ဝေးမြို့နယ် ပါတီအသင်း၊ တပ်ကုန်းမြို့နယ်ပါတီအသင်း၊ ဇမ္ဗူသီရိမြို့နယ် ပါတီအသင်းနှင့် ဒက္ခိဏမြို့နယ် ပါတီအသင်း၊ ဥတ္တရသီရိပါတီအသင်း၊ ပုပ္ဗသီရိပါတီအသင်း၊ ဇေယျာသီရိမြို့နယ်ပါတီအသင်း စုစုပေါင်း အသင်းကိုးသင်းတို့က လာရောက်ယှဉ်ပြိုင်ကြသည်။

ယင်းဘောလုံးပြိုင်ပွဲကို ယနေ့ဖွင့်ပွဲအဖြစ်ပြုလုပ်ပြီး ဖွင့်ပွဲအခမ်း အနားတွင် ဥက္ကဋ္ဌဦးဝေလွင်က အဖွင့်အမှာစကားပြောကြားကာ ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ဘောလုံးအသင်းသားများနှင့် ရင်းနှီးစွာလက်ဆွဲနှုတ်ဆက်ပြီး ဘောလုံးပြိုင်ပွဲ ပထမ ပွဲစဉ်အတွက် ဥက္ကဋ္ဌ ဦးဝေလွင်က ကွင်းဖွင့်ဘောလုံးကို ကွင်းထဲသို့ ကန်သွင်းဖွင့်လှစ်ခဲ့သည်။

ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဘောလုံးပြိုင်ပွဲကို အုပ်စုစ်စုခွဲ၍ ကျင်းပခြင်းဖြစ်ပြီး ဒီဇင်ဘာ (၂၈) ရက်မှစတင်ကာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲများ ယှဉ်ပြိုင်မှုအတွက် ဆုများသတ်မှတ်ထားရှိခြင်းမှာ ဥက္ကဋ္ဌဒိုင်းနှင့် ပထမဆု၊ ဒုတိယ ဆုနှင့် တတိယဆု စသည်ဖြင့် ဆုအသီးသီးကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သာလှ(ပျဉ်းမနား)