ပါတီအောင်နိုင်ရေး တွေ့ဆုံဆွေးနွေး

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံခရိုင် ဟိုပန်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဒီဇင်ဘာ (၂၆) ရက် နံနက် (၁၀) နာရီအချိန်က ပြည်နယ်၊ ကွမ်းလုံခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင် များနှင့် ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်နယ်ပါတီ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် အတွင်းရေးမှူး ဒေါက်တာလဆိုင်း ပြည်နယ် ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်၊ ကွမ်းလုံခရိုင်ပါတီ ဥက္ကဌ ဦးထွန်းရင်၊ ခရိုင်အတွင်းရေးမှူး ဦးစိုင်းခမ်း အထူး ဧည့်သည်အဖြစ် (ကျောက်မဲခရိုင်ပါတီဥက္ကဌ ဦးဝင်းမြင့်) ဟိုပန်ပါတီဥက္ကဌ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) ဦးစိုင်းစံအောင် နှင့် ကော်မတီဝင်များ စည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြပြီး ပါတီဝင်များ ကျစ်လျစ်ခိုင်မာရေး အတွက် ပြန်လည်စိစစ်ခြင်း၊ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ (၂၀၂၀) တွင် ပါတီအောင်နိုင်ရေးအတွက် ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

# ဆိုင်းခမ်းကော်