အငြင်းပွား ကျွန်းအရေးဆွေးနွေးရန် ရုရှားသမ္မတဗလာဒီမာပူတင် ဂျပန်သို့သွားမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်ကြောင်း သဘောတူစာချုပ် လက်မှတ်ရေးထိုး ထားသည့်နိုင်ငံများကို ကာကွယ်နိုင်သည့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသော ကျွန်းများအရေးကိစ္စနှင့် ပတ်သက် ၍ ဆွေးနွေးအဖြေရှာရာတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံရန် ကြာသပတေးနေ့တွင် ဂျပန်နိုင်ငံသို့ သွားရောက် မည်ဖြစ်ကြောင်းသိရသည်။

ဝန်ကြီးချုပ်အာဘေးသည် ဆိုဗီယက်တပ်ဖွဲ့များက ၁၉၄၅ ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီး ထိုအချိန်ကတည်းက ဂျပန်နိုင်ငံ က ပြန်လည်တောင်းဆိုနေခဲ့သော ကူရီကျွန်းနှင့်ပတ်သက်သော သဘောတူညီချက်တစ်ခုအပေါ် နှောင့်နှေး ကြန့်ကြာမှုများကို ဖြေရှင်းနိုင်ရန်မျှော်လင့်လျက် နာဂိုတာမြို့တွင် သမ္မတပူတင်ကို လက်ခံတွေ့ဆုံမည်ဖြစ်သည်။

သို့သော် ရုရှားနိုင်ငံ၏ ကူရီတောင်ပိုင်းနှင့် ဂျပန်မြောက်ပိုင်းဒေသရှိ ကျွန်း ၄ ခုနှင့်ပတ်သက်၍ ကွဲပြားခြားနား မှုများကို ချေဖျက်နိုင်ရန် ခေါင်းဆောင်းနှစ်ဦးကြား ညှိနှိုင်းဆွေးနွေးရေး ပြင်ဆင်မှုများကို လပေါင်းများစွာကြာ လုပ်ဆောင်ခဲ့ပြီးသော်လည်း မျှော်လင့်ချက်မှာ မရေရာသေးသည့် အနေအထားတွင်ရှိသည်။

ယူကရိန်းအရေးနှင့်ပတ်သက်၍ အမေရိကန်မဟာမိတ် ဂျပန်နိုင်ငံကို ရုရှားအစိုးရက စီးပွားရေးနှင့်ပတ်သက်သော ပိတ်ဆို့အရေးယူမှုများကို ဖြေရှင်းရန်သာ နှစ်နိုင်ငံကြား အဓိကထား ဖြေရှင်းခဲ့ကြသည်။ တိုကျိုတွင် ကျင်းပမည့် ဖိုရမ်အပါအဝင် သမ္မတပူတင်၏ နှစ်ရက်ကြာခရီးစဉ်သည် ယခုနှစ်အတွင်း ပင်လယ်နက်ဒေသရှိ ဆိုရှီမြို့နှင့် ပြီးခဲ့သည့် စက်တင်ဘာလတွင် ဗလာဒီဗိုစကော့မြို့တွင် ကျင်းပခဲ့သည့် အစည်းအဝေးများသို့ ဝန်ကြီးချုပ်အာဘေး တက်ရောက်ခဲ့ပြီးနောက် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
Ref:AFP


Leave a Reply