ဒေသအကျိုး၊ ပြည်သူ့အကျိုးကို တတ်အားသရွေ့ ကူညီလုပ်ဆောင်ပေးရင်း အမျိုးသားရေးဆိုင်ရာကိစ္စရပ်များတွင်လည်း ပါဝင်လုပ်ကိုင် ဆောင်ရွက် သွားရန် လမ်းညွှန်မှာကြား

“အခုဆိုရင် ပါတီမှာ ဆောင်ရွက်ချက်တွေ အများကြီးရှိပါတယ်။ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့အပေါ် သဘောထားထုတ်ပြန်ချက်တွေ၊ နိုင်ငံရေးပါတီ ၁၀ ခုနဲ့ ပူးပေါင်းပြီးတော့ အမျိုးသားရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ စသဖြင့်ပေါ့ ကျွန်တော်တို့ပါတီဟာ လူ့အခွင့်အရေးထက် အမျိုးသားရေးကို တကယ်ထဲထဲဝင်ဝင် လုပ်ကိုင် ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ကျွန်တော်တို့ပြည်နယ်ပါတီအနေနဲ့လည်း ဒေသအကျိုး၊ ပြည်သူ့အကျိုးကို တတ်အားသရွေ့ ကူညီလုပ်ဆောင်ပေးရင်း အမျိုးသားရေးဆိုင်ရာ ကိစ္စရပ်တွေမှာလည်း ပါဝင်လုပ်ကိုင် ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။

ဒီလိုဟာတွေ လုပ်မယ်ဆိုတာကလည်း တစ်ခြားဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းကိုမှ တိုက်ခိုက်လိုစိတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်တာမျိုး မဟုတ်ပါဘူး။ မိမိတို့ရဲ့ အသိစိတ်ဓာတ်နဲ့ မိမိတို့ လုပ်ကိုင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ အမျိုးသားရေးကို ထိန်းသိမ်းရမယ့်တာဝန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံသား တိုင်းမှာ တာဝန်ရှိတာလည်းဖြစ်ပါတယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ရခိုင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက နိုဝင်ဘာ (၃၀) ရက် နံနက် (၈) နာရီခွဲက ရခိုင်ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ပြည်နယ်ပါတီကော်မတီ လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

# Nay Cho Thway


Leave a Reply