ကျောင်းသားကျောင်းသူများနှင့် စစ်ဘေးရှောင်စခန်းအတွက် လှူဒါန်းမှုပြု

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊ ပန်ဟိုက် (၈) ရပ်ကွက်၊ လီဆူကုန်း ရှိ မန်တုံမြို့နယ် အတွင်းရွာများမှ စစ်ဘေးရှောင် ပြည်သူများအား ပြည်နယ်၊ ခရိုင်နှင့် နမ္မတူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့မှ နိုဝင်ဘာ (၂၆) ရက်နေ့က သွားရောက်၍ ကျောင်းနေအရွယ် ကလေးသူငယ် များအတွက် သွားရောက် လှူဒါန်းခဲ့ ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ် (၁၁) အုပ်၊ ဘောပင် (၂) ချောင်း၊ ငွေကျပ် တစ်သောင်းစီ ပေးအပ်လှူဒါန်းခဲ့ပြီး စစ်ဘေးရှောင်စခန်းအတွက် ဆန် (၂) အိတ် (စုစုပေါင်း တန်ဖိုးအားဖြင့် ၄၆၂၀၀၀ ကျပ်) တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

စံစံ


Leave a Reply