ပြည်နယ်ပါတီအတွင်းရေးမှူးနှင့်အဖွဲ့ ဆေးကုသမှုခံယူနေသူအား သွားရောက်အားပေးစကား ပြောကြား

15085539_1923576737875490_7182371286402675088_n

နိုဝင်ဘာ (၂၀) ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီတံတားပေါ်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိကြကာ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ် အတွင်းလူနာအဖြစ် တက်ရောက် နေသည့် သိန်းနီ ကောင်းဟော်အုပ်စု  ဟိုတာကျေးရွာနေ ဦးစိုင်းထွန်းအေး အား ပြည်နယ်/ခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  အတွင်းရေးမှူးနှင့် ကော်မတီဝင်များမှ  နိုဝင်ဘာ (၂၂) ရက် မွန်းလွဲ (၁၂း၁၅) အချိန်တွင် သွားရောက်၍ နှစ်သိမ့်အားပေးစကားပြောကြားကာ အလှူငွေများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


Leave a Reply