ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည် မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည် မြှင့်တင်ရေးဆွေးနွေးပွဲကို ယခုလ (၁၂) ရက်နှင့် (၁၃) ရက်နေ့များတွင် မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲ ပထမနေ့အခမ်းအနားတွင် တိုင်းပါတီကော်မတီဝင် ဦးသန်းမြင့် (ခရိုင်နယ်မြေတာဝန်ခံ) မှ အဖွင့်အမှာ စကာပြောကြားကာ ဆွေးနွေးပွဲစည်းကမ်းချက်များကို မြို့နယ်ပါတီကော်မတီဝင် ဦးရန်မျိုးကျော်က ဖတ်ကြား ရှင်းလင်းခဲ့သည်။
ဆွေးနွေးပွဲအခမ်းအနားသို့ မိတ္ထီလာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်း၊ ခရိုင် ပါတီအတွင်းရေးမှူး ဦးထွန်းထွန်းဦး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ခင်လှိုင်မြင့်၊ အတွင်းရေးမှူး ဦးမျိုးမြင့်သိန်း၊ မြို့နယ် ကော်မတီဝင် ဆရာ ၁၃ ဦးတို့က အလှည့်ကျဆွေးနွေးမှုများပြုခဲ့ကြပြီး ဆွေးနွေးပွဲသို့ မဲဆန္ဒနယ်အမှတ်(၁) ၃၆ အုပ်စုတို့မှ စည်းမှူးကော်မတီဝင်၊ လူငယ်၊ အမျိုးသမီး၊ ကေဒါ (၁၄ဝ) တို့တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲ ဒုတိယနေ့ကို ယခုလ ၁၃ ရက် နံနက် ၉နာရီတွင် ဆက်လက်ကျင်းပရာ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးမျိုးမြင့်သိန်း၊ မြို့နယ်ကော်မတီဝင် ဦးမောင်မောင်ချို၊ ဦးဝင်းတင် (ဦးစီးအရာရှိ ပြန်/ဆက်ငြိမ်း)၊ တိုင်းပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းပါတီကော်မတီဝင် ဒေါ်သိင်္ဂီအောင်တို့မှ အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသို့ မဲဆန္ဒနယ် အမှတ်(၂)ရှိ ရပ်ကွက်ကျေးရွာအုပ်စု ၃၉ အုပ်စုမှ စည်းမှူး၊ ကော်မတီဝင်၊ ကေဒါ စုစုပေါင်း အင်အား (၁၃၂)) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စံလင်း