ပြည်နယ်ပါတီဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် စစ်တွေခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကယ်ဆယ်ရေးစခန်းတွင် အာဟာရ ဒါနများ ကျွေးမွေးလှူဒါန်း

မောင်တောမြို့နယ် အကြမ်းဖက်ဖြစ်စဉ်ကြောင့် စစ်တွေမြို့သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသော ရခိုင် တိုင်းရင်းသား ပြည်သူများအား နိုဝင်ဘာ ၃ ရက်နေ့က ပြည်နယ်ပါတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် စစ်တွေခရိုင်/မြို့နယ် ပါတီမှ အာဟာရဒါနများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

yyy

စစ်တွေမြို့ စက်ရုံစုရပ်ကွက်၊ ရတနာ့ဗိမ္မာန်ကျောင်းတိုက် ကယ်ဆယ်ရေးစခန်းသို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာ ကြရာမှ  နေရပ်မပြန်နိုင်ကြသေးဘဲ ကျန်ရှိနေသူဦးရေ ၁၄၀ ဦး၊ အိမ်ထောင်စု (၄၅) စုအား စစ်တွေခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်စိုး၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်မြမြအေးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် ပါတီဥက္ကဋ္ဌဒေါ်အေးမာခင်နှင့် မြို့နယ်ပါတီကော်မတီဝင်များမှ အဟာရဒါနအဖြစ် နံနက်စာနှင့် ညနေစာ ထမင်းများ အား လှူဒါန်းကျွေးမွေးခဲ့ကြသည်။

ယခုကဲ့သို့ ကျွေးမွေးလှူဒါန်းနိုင်ရန်အတွက် ယမန်နေ့ ညနေ ၃ နာရီက အဆိုပါဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော် ဦးတေဇိန္ဒထံ န၀ကမ္မလှူဒါန်းငွေနှင့် ကျွေးမွေးရေးအလှူငွေများ ပေးအပ် လှူဒါန်းထားခဲ့ကြောင်းသိရသည်။

ထို့အပြင် ကယ်ဆယ်ရေး စခန်းသို့ရောက်ရှိလာကြသော ကလေးသူများအား စစ်ကဲတော်မင်းကျောက်တိုက်၊ ဓမ္မာ ရာမကျောင်းတိုက်တို့တွင် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ စစ်တွေခရိုင်/မြို့နယ်ပါတီ အနေဖြင့် အောက်တိုဘာ ၂၀၊ ၂၁ ရက်နေ့များက ယဉ်ကျေးလိမ္မာသင်တန်းကျောင်းများသို့သွားရောက်ပြီး မုန့်ပဲ သားရေစာများ၊ မိုးကာအခင်းများလည်း ပေးအပ်ခဲ့ကြကြောင်းလည်း သိရသည်။  # Nay Cho Thway


Leave a Reply