ပြင်ဦးလွင်ခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ (အောက်တိုဘာ ၂၈ ရက်) နံနက် (၈) နာရီအချိန်က ကျင်းပပြုလုပ်ရာ ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် တက်ရောက်၍ အဖွင့်ဦးဆောင်ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမြတ်သူမှ ဆွေးနွေးပွဲနှင့်ပတ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

14680546_562974467233627_7269736717729666228_n

အခမ်းအနားသို့ ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ တိုင်းဒေသကြီး ပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ပြင်ဦးလွင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ပြင်ဦးလွင်၊ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်းနှင့် မိုးကုတ် စသည့် မြို့နယ်အသီးသီးမှ ဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Zaw Aung Htet


Leave a Reply