ပုသိမ်ကြီးပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေးကျင်းပ

ပုသိမ်ကြီးမြို့နယ် မြို့နယ်နှင့် ရပ်/ကျေးပါတီဝင်များ ပုံမှန်အစည်းအဝေးကို မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ အောက်တိုဘာ (၂၅) ရက် နံနက် ၁ဝ နာရီက ကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊ အတွင်းရေးမှူး ဦးကိုကိုလွင်၊ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီအဖွဲ့ဝင်များအင်အား ၈၁ ဦး တက်ရောက်ခဲ့ကြ သည်။

pathein-gyi

အစည်းအဝေးတွင် တက်ရောက်လာသော မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေးပါတီခေါင်းဆောင်များက ရပ်/ကျေး ပါတီအမှုဆောင်အဖွဲ့နှင့် ပါတီဝင်အင်အား စိစစ်ရေးကိစ္စများအား နယ်မြေကွင်းဆင်းဆောင်ရွက်ရာတွင် ဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ တွေ့ရှိချက်၊ သုံးသပ်ချက်၊ အခက်အခဲများကို မိမိနယ်မြေအလိုက် တင်ပြ ဆွေးနွေးခဲ့ကြသည်။

နိဂုံးချုပ်အနေဖြင့် မြို့နယ်ပါတီဥက္ကဋ္ဌက ပါတီတွင်းစည်းလုံးညီညွတ်ရေး၊ ပါတီတွင်း ဒီမိုကရေစီထွန်းကားရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ပြည်သူလူထုအကျိုးကို စိတ်ရင်းစေတနာမှန်ကန်စွာ ဆောင်ရွက်ကြရေး ပြောကြား ခဲ့ကြောင်း သိရသည်။

ရိုးဆန်း


Leave a Reply