ရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ
ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးစိုင်းသန်းဝင်း သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံမြို့များသို့ သွားရောက်ခဲ့ပြီး မြို့နယ်များမှ ပါတီကော်မတီများနှင့် တွေ့ဆုံခြင်း၊ ပါတီလုပ်ငန်းစဉ်များ ညှိနိုင်းဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ (၁၀) ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ လင်းခေးမြို့နယ်၊ မိုးနဲမြို့နယ် လွိုလင်ခရိုင်၊ နမ့်စန်၊ လွိုင်လင် စသည့် မြို့များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရင်းနှီး ပွင့်လင်းစွာ တွေ့ဆုံခဲ့ပြီး ပါတီလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မှတ်တမ်းဓါတ်ပုံ ; Aimoe Aimoe
ရှမ်းပြည်နယ်အရှေ့ပိုင်းသတင်းစုံ