တာချီလိတ်ခရိုင်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ကျိုင်းလပ်ဝေဿန္တရာအလှူပွဲသို့ တက်ရောက်ပါဝင်လှူါးန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်၊ ရပ်ကွက်(၃)၀မ်ကျင်း ၀မ်မိုင်ကျောင်းထိုင် ဆရာတော်နှင့် ဂေါပကအဖွဲ့တို့၏ ဖိတ်ကြားမှုဖြင့် တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးအောင်ထန်နှင့် ပါတီလူငယ် အဖွဲ့တို့သည် စက်တင်ဘာု (၃၀) ရက်နေ့က ၀မ်မိုင်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည့် ဝေဿန္တရာ အလှူပွဲသို့ တတ်ရောက်ခဲ့သည်။

ခရိုင်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်း များနှင့် အလှူငွေ ဘတ်(၁၅၀၀)အား လှူဒါန်းပြီး ဂေါပကအဖွဲ့၊ ရပ်ကွက်(၃)ပြည်သူများနှင့်အတူ တရားနာယူခြင်း၊ ရေစက်ချခြင်းများ ပါဝင်ကုသိုလ်ယူ ခဲ့ကြကြောင်း သိရသည်။

Myo Thant


Leave a Reply