တရုတ်က ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ်ကို ဖွင့်လှစ်
တရုတ်နိုင်ငံတွင် ဘောလုံးကွင်း ၃၀ စာနှင့် ညီမျှသည့် အချင်းအကျယ် မီတာ ၅၀၀ ရှိ ကမ္ဘာ့အကြီးဆုံး ရေဒီယို တယ်လီစကုပ်ကို တနင်္ဂနွေနေ့က တရားဝင် ဖွင့်လှစ်လိုက်ပြီး ၎င်းက စကြာဝဠာအတွင်းရှိ နက်နဲသည့် အရာများကို ဖော်ထုတ်ရာ၌ အကူအညီပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
အလင်းဆုံ ရေဒီယိုတယ်လီစကုပ် (FAST) (Aperture Spherical radio Telescope) ဆောက်လုပ်မှုကို တရုတ်နိုင်ငံ အနောက်တောင်ဘက် ဂူဇောင်းပြည်နယ်၊ ပင်တန်ခရိုင်၌ ၂၀၁၁ ခုနှစ်က စတင်ခဲ့ပြီး ဇူလိုင်လက ပြီးစီးခဲ့သည်။
ဘောလုံးကွင်း (၃၀) စာနှင့်ညီမျှပြီး ရောင်ပြန်အချပ်ပြား (panels) ၄,၄၅၀ ဖြင့် ပြုလုပ်ထားသည့် တယ်လီစကုပ် (FAST) သည် ၁၉၆၃ ခုနှစ်နောက်ပိုင်း အကြီးဆုံးဖြစ်သည့် Puerto Rico ရှိ အချင်း ၃၀၅ မီတာ (၁,၀၀၀ ပေ) ရှိ Aricebo Observatory တယ်ီစကုပ်ကို စံချိန်တင် ကျော်ဖြတ်သွားခြင်းဖြစ်သည်ဟု သိရသည်။
ဒေါ်လာ (၁၈၀) သန်းကုန်ကျသည့် ငါးနှစ်စီမံကိန်းကြောင့် နေထိုင်သူ (၉,၀၀၀) ကို နေရာပြောင်းရွှေ့ခိုင်းရပြီး အဆိုပါဒေအတွင်း ကျန်ရစ်သူများမှာ FAST ၏လုပ်ငန်းများကို နှောက့်ယှက်မှု မလုပ်နိုင်ရန် ၎င်းတို့၏ ဆက်သွယ် ရေး ကိရိယားများ အသုံးပြုမှုကို ကန့်သတ်ရန်ရှိသည်။
တယ်လီစကုပ် (FAST) သည် အာကာသအား စူးစမ်းလေ့လာခြင်းနှင့် ဂြိုလ်သားများကို ရှာဖွေခြင်းများတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
# Mizzima