ဆီးရီးယားရှိ အလက်ပိုမြို့တွင် လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ကုလသမဂ္ဂတွင် ရုရှားကို အပြစ်တင်

14483420_1245415762149238_316904661_n

နယူးယောက် စက်တင်ဘာ ၂၆

ငါးနှစ်ကျော်ကြာဖြစ်ပွားနေသော စစ်ပွဲအတွင်း အကြီးမားဆုံးဗုံးကြဲတိုက်ခိုက်မှုအဖြစ် ဆီးရီးယားနှင့် ရုရှားစစ် လေယာဉ်များသည် အလက်ပိုမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အခြေအနေများ ဆိုးရွားသွားခဲ့သည့်အတွက် တနင်္ဂနွေ နေ့တွင် ကုလသမဂ္ဂ၌ ရုရှားကို ဗြိတိန်၊ ပြင်သစ် နှင့် အမေရိကန်နိုင်ငံတို့က ပြင်းထန်စွာ ရှုတ်ချခဲ့ကြသည်။

ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး စမန်သာပါဝါက လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးအတွင်း ရုရှားနိုင်ငံကို အရိုင်းအစိုင်းဟုခေါ်ဆိုလိုက်ပြီး ဆီးရီးယား သမ္မတ ရုရှားအစိုးရအနေဖြင့် ဆီးရီးယားသမ္မတ ဘာရှာ အယ်အာဆတ်ကို ထိန်းချုပ်ပေးရန်နှင့် လေကြောင်းထိုးစစ်များကို ရပ်တန့်ပေးရန် တောင်းဆိုခဲ့သည်။

ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၏ အဆိုအရ ပြီးခဲ့သည့် ကြာသပတေးနေ့တွင် စစ်တပ်က စစ်ဆင်ရေးစတင်မည်ဖြစ်ကြောင်း ကြေညာခဲ့ ပြီးနောက် သူပုန်တို့ ထိန်းချုပ်ထားရာ အလက်ပိုမြို့အရှေ့ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားအများစုပါဝင်သည့် လူ ၁၂၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Ref:AFP


Leave a Reply