မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တိုင်းပါတီ အပတ်စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

မကွေးတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ (၂၀) ရက် နံနက် (၁၀) နာရီအချိန်တွင် တိုင်းဒေသကြီး ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးမှ အစည်းအဝေးကျင်းပပုံ နည်းလမ်းတကျဖြစ်စေရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့် ပါတီ၏ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ သည်။

ဆက်လက်၍ တိုင်းပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင် မှ ပါတီဌာနချုပ်၏ ညွှန်ကြားချက် များ၊ ရက်သတ္တတစ်ပတ်အတွင်း ပါတီ၏ ဆောင်ရွက်ချက်များ၊ ထူးခြားချက်များအား ရှင်းလင်း ဆွေးနွေးခြင်း၊ ပါတီ၏ ပုံသေပိုင်ဆိုင်မှုစာရင်းများ၊ မီဒီယာသင်တန်းနှင့် ကော်မတီဝင်များ၊ စီမံရုံးအဖွဲ့ဝင်များ၊ ပါတီဝင်များ၊ လုပ်ငန်းစွမ်း ဆောင်ရည်မြင့်မားလာစေရေးအတွက် သင်တန်းအမျိုးမျိုး ဖွင့်လှစ်ရေးဆိုင်ရာများအား လုပ်ငန်းစီမံချက်နှင့်တကွ ရှင်းလင်း ဆွေးနွေးခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းမှ ရက်သက္ကတစ်ပတ် အတွင်း ၀င်ငွေ/ထွက်ငွေ ဆိုင်ရာ ဘဏ္ဍာရေးကိစ္စရပ်များ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ဆွေးနွေးချက်များအပေါ် တက်ရောက်လာသောကော်မတီဝင်များမှ ပြန်လည် ဆွေးနွေးခြင်း၊ အကြံပြု ခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းကိစ္စရပ်များအား ဆွေးနွေးခြင်းများ ဆောင်ရွက်ကြပြီး တိုင်းပါတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးရှင်းလင်းကာ အစည်းအဝေးကို နေ့လည် (၁၂) နာရီခွဲအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ဇော်မြင့်(မကွေး)


Leave a Reply