ကျိုက်ထိုပြည်ခိုင်ဖြိုးပါတီ ဘုန်းတော်ကြီးကျောင်း (၆) ကျောင်း၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ကျိုက်ပိကျေးရွာအတွင်း ခလုတ်ဘုန်းကြီးတော်ကြီးကျောင်း အပါအဝင် ဘုန်းတော် ကြီးကျောင်း (၆) ကျောင်း၌ စက်တင်ဘာ (၁၈) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဌေးလွင် နှင့် မြို့နယ်ပါတီကော်မတီဝင်များ ရပ်ကွက်နှင့်ကျေးရွာများမှ ပါတီကော်မတီဝင် များ တက်ရောက်ကြကြောင်း သိရှိရသည်။
# ပြည်ခိုင်ဖြိုးပါတီမွန်ပြည်နယ်