ရာဇသင်္ဂဟဖောင်ဒေးရှင်း(ကိုယ်စား ) အသက်(၁၀၀) နှင့်အထက် အဖိုးအဖွားများအား အလှူငွေများ ပေးအပ်လှူဒါန်း

ရာဇသင်္ဂဟဖောင်ဒေးရှင်း နာယကကြီး၊နိုင်ငံတော်သမ္မတ (ငြိမ်း)၊ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်(ကိုယ်စား)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ တနင်္သာရီတိုင်းဒေသကြီး၊
မြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့်သည် မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါလျက် စင်တင်ဘာလ (၁၅) ရက်နေ့ နေ့လည်ပိုင်းတွင် မြိတ်မြို့ အလယ်ကျွန်းနယ်မြေ ကြောင်ငယ်ရပ်နေ ဖိုးထုံးလှိုင် အသက်(၁၀ဝ)နှစ်၊ ထားဝယ်စု ရပ်ကွက်နေ ဖွားကျင်ကွာ အသက် (၁၀၈)နှစ်၊ ကြံတော ရပ်ကွက်နေ ဖွားမြဆွေ အသက် (၁၁၀)နှစ်နှင့် ကလွင်လွင် ကျေးရွာရှိ ဖိုးဖွားရိပ်သာနေ ဖိုးချစ်လှိုင် အသက် (၁၀၀)နှစ် ရှိသူတို့အတွက် အဖိုးအဖွားတစ်ဦးလျင် ရာဇသင်္ဂဟ ဖောင်ဒေးရှင်းမှ ထောက်ပံ့လှူဒါန်း ငွေကျပ် (၂)သိန်းကျပ်စီ စုစုပေါင်း အသက်(၁၀၀)နှင့်အထက်ရှိသူ မြိတ်မြို့မှ အဖိုးအဖွား(၄)ဦးတို့အား လှူဒါန်း ထောက်ပံ့ငွေကျပ် (၈)သိန်းကျပ်တို့ကို အသီးသီး ထောက်ပံ့လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

Credit: Kyawlinn


Leave a Reply