ဘရာဇီး စီးပွားရေးပြုပြင်ရန် ကယ်ဆယ်ရေး အစီအစဉ်စတင်

ရုန်းကန်နေရသော နိုင်ငံစီးပွားရေးအား ပြန်လည်အသက်သွင်းရန် ရည်ရွယ်၍ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး အစီအစဉ် တစ်ရပ်ကို ဘရာဇီးအစိုးရသစ်က ကြေညာခဲ့သည်။

ယင်းအစီအစဉ်အရ လေဆိပ်လေးခုနှင့် သင်္ဘောဆိပ်ကမ်း  နှစ်ခုကို ရောင်းချမည်ဖြစ်ကာ လမ်းသစ်များ ဖောက်လုပ်ခြင်းမှ သည် မိုင်းတွင်းလုပ်ငန်းများအထိ စီမံကိန်းအများအပြားကို ပုဂ္ဂလိ က ကုမ္ပဏီများအား ကန်ထရိုက် ပေးမည်ဖြစ်သည်။

စွပ်စွဲပြစ်တင်ခံရပြီး ရာထူးမှ ဖယ်ရှားခံခဲ့ရသော ဒီလ်မာရူး ဆက်ဖ်၏ နေရာကို လွန်ခဲ့သည့် သီတင်းနှစ်ပတ်က ရယူခဲ့သော သမ္မတ မိုက်ကယ်တီမာက ၎င်း တို့အစိုးရ၏ အစီအစဉ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေပြီး အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည်ဟု ပြောကြားသည်။

‘‘နိုင်ငံတော်က အားလုံး မလုပ်နိုင်ပါဘူး’’ဟု သမ္မတ တီမာ က ပြောသည်။

ဘရာဇီးနိုင်ငံ၏ စီးပွားရေးသည် ယမန်နှစ်က ၃ ဒသမ ၈ ရာ ခိုင်နှုန်း ကျုံ့သွားခဲ့ပြီး ယခုနှစ်တွင်၎ ဒသမ ၃ ရာခိုင်နှုန်း ထပ်မံကျ ဆင်းမည်ဟု မျှော်လင့်ရကြောင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)က ပြောသည်။

ဘရာဇီးနိုင်ငံ၏ ပင်စင်စနစ် နှင့် အလုပ်သမားရေးရာ ပြုပြင်ပြောင်းလဲမှုများလုပ်ရန် တီမာက ပြောကြားပြီး အခြေခံ အဆောက်အအုံရင်းနှီးမြှုပ်နှံမှုများတွင် ပုဂ္ဂလိကနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ပိုမိုဆွဲဆောင်မှုရှိရန် လုပ်ဆောင်သွားမည်ဟု ၎င်းက ကတိပြုထားသည်။

—Ref: BBC


Leave a Reply