ဥရောပတွင် လေ့ကျင့်ခြေစမ်းရန် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ထွက်ခွာ

myanmar-national-team-mff

မြန်မာ့လက်ရွေးစင်အသင်းကြီးအနေနဲ့ ဆူဇူကီးဖလားမှာ အောင်မြင်မှုတွေ ရရှိဖို့အတွက် ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ဆိုက်ပရပ်စ် စတဲ့နိုင်ငံတွေမှာ လေ့ကျင့်မှုတွေပြုလုပ်ပြီး ခြေစမ်းပွဲတွေ ကစားဖို့အတွက် စတင်ထွက်ခွာ သွားခဲ့ပါပြီ။

စက်တင်ဘာ ၁၁ ရက်နေ့က ထွက်ခွာသွားခဲ့တာဖြစ်ပြီး အတွေ့အကြုံကောင်းတွေ ရဖို့အတွက် ရည်ရွယ်ထားပါတယ်။

လက်ရှိအချိန်မှာ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ခြေစွမ်းဟာ အကောင်းဆုံးပုံစံမှာ ရှိမနေဘဲ ရလဒ်တွေလည်း ဆိုးရွားနေခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ အိမ်ရှင်ပြုလုပ်မယ့် ဆူဇီကီးပြိုင်ပွဲမှာ အနိုင်ရရှိဖို့ ဥက္ကဋ္ဌ ဦးဇော်ဇော် အပါအ၀င် အားလုံးက မျှော်လင့်နေကြပါတယ်။

မြန်မာအသင်းအနေနဲ့ အုပ်စု ခ မှာ မလေးရှား၊ ဗီယက်နမ် အစရှိတဲ့ အသင်းတွေနဲ့ ကျရောက်နေပါတယ်။

(DVB)


Leave a Reply