ရီယိုမသန်စွမ်း အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

၁၅ ကြိမ်မြောက် အိုလံပစ် မသန်စွမ်းအားကစားပြိုင်ပွဲကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမှာ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။  ၁၅ ကြိမ်မြောက် အိုလံပစ် မသန်စွမ်း အားကစားပြိုင်ပွဲကို စက်တင်ဘာ (၇) ရက် ဗုဒ္ဓဟူးနေ့ညက ရီယိုမြို့မှာ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့တာပါ။

bn-ps949-0907ri-m-20160907220824-1

ပွဲမစခင် မိုးနည်းငယ်ရွာသွန်းခဲ့ပေမယ့် မသန်စွမ်း အိုလံပစ်ပြိုင်ပွဲကိုတော့  ခမ်းခမ်းနားနားပဲ အောင်မြင်အောင် ကျင်းပနိုင်ခဲ့ပါတယ်။ ရီယိုမြို့က မာရာကာနာ အားကစားကွင်းကြီးထဲမှာ မသန်စွမ်းအားကစားသမားများစွာ၊ စေတနာ့ဝန်ထမ်းများစွာ ကူညီဆောင်ရွက်ပေးခဲ့မှုနဲ့ ဖွင့်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာ ၇ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကျင်းပမယ့် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲမှာ  စုစုပေါင်း မသန်စွမ်း အားကစားသမား ၄၃၅၀ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

# Duwun


Leave a Reply