ဒူတာတေးက သမ္မတအိုဘားမားအား “မိန်းမပျက်မ သား”ဟု ပြောဆိုမှု နောင်တရ

12107660w

(ဓာတ်ပုံ – အီးပီအေ)

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အမေရိကန်သမ္မတ အိုဘားမားအပေါ် ပုဂ္ဂိုလ်ရေး စော်ကားပြောဆိုမှုနဲ့ ပတ်သက်လို့ နောင်တရကြာင်း ပြောပါတယ်။

လာအိုမြို့တော်မှာ အင်္ဂါနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ “အမေရိကန် သမ္မတအပေါ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပြောဆိုခဲ့တဲ့ မှတ်ချက်´´ အတွက် ဒူတာတေးက နောင်တရကြောင်း ဖော်ပြခဲ့တယ်လို့ မီဒီယာများက ဆိုပါတယ်။

သူ့ကို ဖိလစ်ပိုင်နိုင်ငံအတွင်း မူးယစ်နှိမ်နင်းမှုတွေအတွင်း လူသေဆုံးမှုတွေနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားက ပြောလာခဲ့ရင် ဘယ်လို တုံ့ပြန်မလဲလို့ လာအိုမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးတစ်ရပ်သို့ မသွားရောက်မီ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခပ်ရိုင်းရိုင်း နှိုင်းပြောမိခဲ့တာ ဖြစ်ပါတယ်။

ဒူတာတေးက “ခင်ဗျားအနေနဲ့ လေးစားသမှုတော့ ရှိရမယ်။ မေးခွန်းတွေ၊ ထုတ်ပြန်ချက်တွေ ပြင်ဆင်ထားလိုက်ပါ။ မိန်းမပျက်သား၊ ဒီညီလာခံမှာ ခင်ဗျားကို ရစရာမရှိအောင်ကို ပြောမှာပါ။”ဟု ပြောခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီ့နောက်မှာတော့ အိုဘားမားနဲ့ ဒူတာတေးတို့ နှစ်ဦး လာအိုနိုင်ငံ ဗီယက်ကျန်းမြို့တော်မှာ တွေ့ဆုံဖို့ အစီအစဉ် ပျက်ခဲ့ပါတယ်။


Leave a Reply