ပြည်ခိုင်ဖြိုးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းခြင်းနှင့် မြို့နယ်ရပ်/ကျေးလပတ်လုပ်ငန်းညှိနှိုင်းစည်းဝေး

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် ယခုလ ၃ ရက်က ဒုတိယ အကြိမ် ပါတီညီလာခံအတွေ့အကြုံရှင်းလင်းပွဲနှင့် မြို့နယ်နှင့် ရပ်/ကျေး လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးတင်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယအကြိမ်ပါတီညီလာခံအတွေ့အကြုံများကို ရှင်းလင်းပြော ကြားခဲ့သည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးနေဝင်းဇော်က သြဂုတ်လအတွင်း ဆောင်ရွက်ခဲ့သော ပါတီလုပ်ငန်းဆိုင်ရာများ၊ စက်တင် ဘာလအတွင်းဆောင်ရွက်ရမည့် ပါတီလုပ်ငန်းများနှင့် မြန်အောင် ပြည်ခိုင်ဖြိုးပါတီဝင်များက စုပေါင်းဖွဲ့စည်းထားသော ခြင်္သေ့နှလုံးသား ပရဟိတအဖွဲ့၏ တစ်လတာကူညီပံ့ပိုး ပေးနိုင်ခဲ့မှုများကိုတင်ပြပြီး မြို့နယ်ပါတီကော်မတီနှင့် အရန်မြို့နယ်ပါတီကော်မတီများက တစ်ဦးချင်း မိတ်ဆက်ကာ တိုက်နယ်အလိုက်ဆောင်ရွက်ထားရှိမှုများ ဆွေးနွေးတင်ပြခဲ့ကြသည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသော ရပ်/ကျေး ပါတီအဖွဲ့များမှ တာဝန်ရှိသူများက ဒေသအလိုက်ပါတီလုပ်ငန်းဆောင် ရွက်ထားရှိမှုများကို အသီးသီးရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ပြန်လည်အကြံပြုဆွေးနွေးခဲ့ကြပြီး မြို့နယ်ပါတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရပ်နားလိုက်သည်။

နေဝင်းဇော်(မြန်အောင်)


Leave a Reply