အဝေးသင်တက္ကသိုလ် စာမေးပွဲရက်များ ထုတ်ပြန်

ရန်ကုန်နှင့် မန္တလေး အဝေးသင်တက္ကသိုလ်များ၏ အနီးကပ်သင်တန်းနှင့် အတန်းတင်စာမေးပွဲ အချိန်စာရင်းကို ထုတ်ပြန်ခဲ့ပြီး ပထမအသုတ်ဖြစ်သည့် သိပ္ပံ အထူးပြု ဘာသာရပ်တွဲအားလုံးအတွက် အတန်းတင်စာမေးပွဲကို အောက်တိုဘာ ၃ ရက်ကနေ ၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအသုတ်ဖြစ်သည့် အင်္ဂလိပ်စာ၊ ပထ၀ီဝင်၊ ဒဿ နိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာနှင့် ဥပဒေပညာ အထူးပြုကျောင်းသားများ၏ အနီးကပ် သင်တန်း များကို အောက်တိုဘာ ၁၁ ရက်မှ ၂၁ ရက်အထိ ပို့ချမည်ဖြစ်ပြီး အတန်းတင်စာမေးပွဲကို အောက်တိုဘာ ၂၅ ရက်ကနေ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။

တတိယအသုတ်ဖြစ်သော  မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာနှင့် စီးပွားစီမံ အထူးပြုဘာသာရပ်များ၊ ရသစာပေ၊ သမိုင်း၊ စီးပွားရေးပညာ၊ ပြည်သူ့ရေးရာ၊ အိမ်တွင်းစီးပွားနှင့် စီးပွားစီမံအထူးပြုဘာသာရပ်များအတွက် အနီးကပ် သင်တန်းကို နိုဝင်ဘာ ၃ ရက်ကနေ ၁၂ ရက်အထိ ပို့ချမည်ဖြစ်ပြီး အတန်းတင်စာမေးပွဲကို နိုဝင်ဘာ ၁၇ ရက်မှ ၂၅ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

 Source: 7Day Daily

 


Leave a Reply