ထိုင်းတွင် ပြည်နယ်လေးခု၌ လူ ၂၀ ဇီကာကူးစက်ခံရ

Thai

ဘန်ကောက်၊ စက်တင်ဘာ ၆

ခြင်မှ ကူးစက်သည့် ဇီကာရောဂါပိုး ကူးစက်ခံရသူ ၂၀ ကို ထိုင်းနိုင်ငံ ပြည်နယ်လေးခုတွင် တွေ့ရှိသော်လည်း ရောဂါအခြေအနေကို ထိန်းချုပ်ထားနိုင်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

ချင်းမိုင်၊ ပတ်ချာဘန်၊ ဘန်ခန်းနှင့် ချန်သာဘူရီပြည်နယ်များတွင် ဖြစ်ပွားခြင်းဖြစ်၍ ယင်းပြည်နယ်များအား အနီးကပ် စောင့်ကြည့်နေကြောင်း အမြဲတမ်းအတွင်းဝန် ဆိုပွန်မက်ခွန်က ပြောသည်။

ကျန်းမာရေးတာဝန်ရှိသူများက ဂရုတစိုက်လုပ်ဆောင်နေကြောင်း၊ သို့သော် ပြည်သူများအနေဖြင့် အသစ်ကူးစက် ခံရသည့် ဇီကာရောဂါနှင့် ပတ်သက်ပြီး အလွန်ကာရော စိုးရိမ်စရာမလိုကြောင်း ၎င်းက ပြောသည်။

“ပြည်သူတွေ အထိတ်တလန့်ဖြစ်စရာ မလိုပါ။ အသစ်ကူးစက်ခံရပေမယ့် ရောဂါကို ထိန်းချုပ်ထားနိုင်ပါတယ်။”ဟု မက်ခွန်က ပြောသည်။

ဇီကာကူးစက်ခံရလျှင် လူနာအနေဖြင့် မပြင်းထန်သော အဖျားဝေဒနာခံစားရပြီး သီတင်းတစ်ပတ်အတွင်း ပြန်လည် သက်သာနိုင်ကြောင်း ၎င်းက ဆိုသည်။

သို့သော် ကိုယ်ဝန်ဆောင်များတွင် ကူးစက်ခံရပါက မွေးဖွားကလေးငယ်များက ဦးနှောက်မူမမှန်ခြင်းနှင့် ဦးခေါင်းသေး ငယ်ခြင်းများ ဖြစ်ပွားသည်။

(ဘန်ကောက်ပို့စ်)


Leave a Reply