တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးချစ်သန်း မြိတ်ခရိုင်/မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာ ပါတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးချစ်သန်း သည် တိုင်းဒေသကြီးပါတီ ကော်မတီဝင် အဖွဲ့များ လိုက်ပါလျက် စင်တင်ဘာလ (၃)ရက်နေ့ နေ့လည်ပိုင်းတွင် မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ စည်ရုံးရေးမှူးများနှင့် ဖိတ်ကြားထား သော မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ပါတီဥက္ကဌမှ ပါတီရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး တက်ရောက်လာသည့် မြိတ်ခရိုင်နှင့် မြိတ်မြို့နယ်ပါတီဥက္ကဌများ၊ အမှုဆောင်ကော်မတီဝင်များနှင့် ရပ်/ကျေး အမာခံပါတီ စည်းရုံးရေးမှူးများက တစ်ဦးချင်းစီအလိုက် ရင်းနှီး ပွင့်လင်းစွာ အပြန်လှန် မိတ်ဆက်ခဲ့ကြသည်။

ထို့နောက် မြိတ်ခရိုင်နှင့် မြိတ်မြို့နယ်ပါတီဥက္ကဌများက မိမိတို့်ခရိုင်နှင့် မြို့နယ်များက ပါတီလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီး လွှတ်တောက်ဥက္ကဌ (ငြိမ်း) ဦးထင်အောင်ကျော်က တိုင်းဒေသကြီးအတွင်း မိမိတို့ပါတီဝင်များအ ဆင့်ဆင့် ကျစ်လစ်ခိုင်မာစေရေး စနစ်တကျ ရွေးချယ်ခန့်အပ် တာဝန်ပေးအပ်မှု အခြေအနေတို့်ကို ဖြည့်စွက်ရှင်းလင်း တင်ပြပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးပါတီဥက္ကဌမှ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ရာ မိမိတို့ပါတီဝင်များအနေဖြင့် ခံယူချက် ယုံကြည်မှုတို့ ပြည့်ဝမှုရှိစေရန်နှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ပါတီဝင်များအနေဖြင့် သိုက်သိုက် ၀န်းဝန်း စည်းလုံးညီညွတ်စွာနှင့် မိမိတို့ပြည်ခိုင်ဖြိုးပါတီ အဓွန့်ရှည် တည်တံ့ ခိုင်မြဲပြီး နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီပွားကို ကျရာကဏ္ဍမှ ကြိုးစားအားထုတ် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်း အားပေး စကားပြောကြားကာ လိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Cd: kyawlinn


Leave a Reply