ယူအက်စ်အိုးပင်းမှာ လူးကက်စ်က နာဒယ်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်

2016-09-05-064325

ကမ္ဘာ့အဆင့် ၂၅ နေရာမှ လူးကက်စ်က အဆင့် ၅ နေရာမှာ ရပ်တည်နေသူ နာဒယ်ကို အနိုင်ယူကာ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။

ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှ နာမည်ကြီး ရာဖေးလ် နာဒယ် ရှုံးနိမ့်ထွက်ခွာခဲ့ရပါတယ်။ တနင်္ဂနွေနေ့ (စက်တင်ဘာ ၅ ရက်) က ယှဉ်ပြိင်ကစားခဲ့တဲ့ ပွဲစဉ်မှာ အသက် ၂၂ နှစ်အရွယ် ပြင်သစ်တင်းနစ်ကစားသမား လူးကက်စ်က ဂရင်းဆလင်း ချန်ပီယံဆု ၁၄ ကြိမ် ရရှိထားသူ နာဒယ်ကို ပွဲငယ် ၅ ပွဲ ယှဉ်ပြိုင်ကစားပြီး အနိုင်ယူ သွားခဲ့ပါတယ်။

ကမ္ဘာ့အဆင့် ၂၅ နေရာမှ လူးကက်စ်က အဆင့် ၅ နေရာမှာ ရပ်တည်နေသူ နာဒယ်ကို ၆-၁၊ ၂-၆၊ ၆-၄၊ ၃-၆၊ ၇-၆ ဖြင့် အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက် သွားခဲ့ပါတယ်။ လူးကက်စ်ဟာ ကွာတားဖိုင်နယ်မှာ မွန်ဖီလ်နဲ့ တွေ့ဆုံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source & Photo: Daily Mail, Live Scores


Leave a Reply