ပင်စင်လစာစနစ် ပြောင်းလဲမည့် အစီအစဉ်ကို တိုင်ပေအစိုးရ၀န်ထမ်းများ ကန့်ကွက်ဆန္ဒပြ

တရုတ်တိုင်ပေဒေသတွင် အခက်ကြုံနေသော ပင်စင်လစာစနစ် ပြုပြင်ပြောင်းလဲရန် စီစဉ်ထားခြင်းကို အစိုးရ၀န်ထမ်း အများစု ပါဝင်သော လူပေါင်း တစ်သိန်းကျော်က စနေနေ့၌ လမ်း ပေါ်ထွက်၍ ကန့်ကွက်ဆန္ဒပြခဲ့ ကြသည်။
ယင်းဆန္ဒပြပွဲကြီးသည် မေ လအတွင်း အာဏာရပြီးနောက် လူကြိုက်များမှု သိသိသာသာကျ ဆင်းလာသော သမ္မတ ဆိုင်အင်း ၀မ်၏ အစိုးရသစ်အတွက် နောက်ဆုံးစိန်ခေါ်မှုတစ်ခုဖြစ်သည်။
တိုင်ပေ၏ ပင်စင်လစာ ပေးချေမှုစနစ်သည် အလုပ်အကိုင်ကို လိုက်၍ ခြားနားပြီး မတူညီသော ပင်စင်လစာစနစ် အသုံးပြုနေသည့် အခြားကဏ္ဍမှ အလုပ်သ မားများထက် အစိုးရ၀န်ထမ်းအငြိမ်းစားများက ပို၍ ရရှိသည်။
ယင်းစနစ်ကို ပြုပြင်ပြောင်းလဲခြင်းမရှိပါက ၂၀၂၀ ပြည့်နှစ်တွင် အမျိုးမျိုးသော ပင်စင်လစာ ရန်ပုံငွေများ ပြတ်လပ်သွားနိုင်သည်ဟု အစိုးရက သတိပေးသည်။
အငြိမ်းစား အစိုးရ၀န်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ စစ်မှုထမ်းများနှင့် မီးသတ်သမားများ ပါဝင်သော ဆန္ဒပြသူများ သည် တိုင်ပေမြို့လယ်ရှိ သမ္မတရုံးအနီး ရင်ပြင်တွင် ဆန္ဒပြခဲ့ကြပြီး သမ္မတသစ် စတင်တာဝန် ယူပြီးနောက်ပိုင်း အကြီးမားဆုံး လူထုဆန္ဒပြပွဲ ဖြစ်ကာ လူပေါင်း ၁၁၇,၀၀၀ ခန့် ပါဝင်သည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်း သည်။
အစိုးရ၀န်ထမ်းများက ယင်းပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ခြင်းမဟုတ်ဘဲ ၎င်းတို့ကြောင့် ပင်စင်ရန်ပုံငွေများ ပြတ်လပ်တော့ မည်ဟု အပြစ်တင်ခြင်းအပေါ် ဒေါသထွက်ကြခြင်း ဖြစ်သည်ဟု ဆန္ဒပြသူများက ပြောသည်။
ယခင်ကဆိုလျှင် အစိုးရ၀န်ထမ်းများ၏ အခြေခံလစာ နည်းပါးခဲ့သဖြင့် အခြားမက်လုံးများ ပေး၍ ၀န်ထမ်းရရှိရန် ဆွဲဆောင်ခဲ့ရသည်။
သို့သော် စီးပွားရေးကျဆင်းမှု ကြုံနေသော ပြီးခဲ့သည့် ဆယ်စုနှစ်ကစ၍ အစိုးရအလုပ်ကို လူကြိုက်များလာခဲ့သည်။
Ref: AFP