သြစတြေးလျဝန်ကြီးချုပ် လူထုထောက်ခံမှု အနိမ့်ဆုံးသို့ကျဆင်း

ဆစ်ဒနီ၊ သြဂုတ် ၃၀

သြစတြေးလျဝန်ကြီးချုပ်မယ် ကွန်တန်ဘူးလ်အား လူထုထောက်ခံမှုမှာ အနိမ့်ဆုံးအဆင့်သို့ ကျသွားခဲ့ကြောင်း အင်္ဂါနေ့တွင် ပြုလုပ်သည့် သြစတြေးလျ သတင်းစာ စစ်တမ်းအရ သိရှိရသည်။

Australia

သြစတြေးလျမဲဆန္ဒရှင် ၁၆၉၆ ဦးတို့ကို စစ်တမ်းကောက်ယူခဲ့ရာ ၀န်ကြီးချုပ် တန်ဘူးလ်အား ထောက်ခံသူ ၃၄ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ၂၀၁၄ စက်တင်ဘာလက တိုနီအက်ဘော့ကို အနိုင်ယူကာ ၀န်ကြီးချုပ် ဖြစ်လာ ချိန်မှစ၍ လူထုထောက်ခံမှုအနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

တန်ဘူးလ်သည် ထောက်ခံမှု နှုန်းမြင့်မားခဲ့၍ ၀မ်းသာနေခဲ့သော်လည်း အစိုးရ၏ ဥပဒေပြုမှုတွင် မအောင်မြင်၍ ထောက်ခံမှု ကျဆင်းခဲ့ရသည်။

သြစတြေးလျပါလီမန်က တန်ဘူးလ်အား ရုန်းကန်မှုဆက်လက်ရှိနေအောင် ခြိမ်းခြောက်မှုများရှိနေသည် ဟု ဆိုသည်။

ဆီးနိတ်လွှတ်တော်၌ သောင်မတင်ရေမကျဖြစ်နေမှုကို ရှောင်ရှားရန် တန်ဘူးလ်က ဇူလိုင်လတွင် ရွေးကောက်ပွဲ စော၍ ကျင်းပခဲ့သည်။ ဆီးနိတ်မှ လက်တစ်ဆုပ်စာ တစ်သီးပုဂ္ဂလအမတ်များက အစိုးရ၏ စီမံချက်များကို ပိတ်ဆို့ ထားခဲ့ကြသည်။

ကုမ္ပဏီများ အခွန်ဖြတ်တောက်ရေး အဆိုဖြစ်ပြီး အလုပ်သမားများ၏ အလုပ်လုပ်ရာနေရာများပြန်လည် ပြုပြင် ရေးတို့ဖြစ်သည်။ ဤပြုပြင်ရေးမှာ နှစ်နှစ်ကျော်ကြာပြီဖြစ်သည်။

ရွေးကောက်ပွဲအဖြေအရ အာဏာရ လစ်ဘရယ်အမျိုးသားညွန့်ပေါင်းအဖွဲ့မှာ အောက်လွှတ်တော်တွင် တစ်မဲတည်း ဖြင့် အများစုဖြစ်ခဲ့ပြီး အတိုက်အခံ လေဘာပါတီနှင့် တစ်သီးပုဂ္ဂလမှ ၈ မှ ၁၀ အထိရှိခဲ့ရာ ဥပဒေပြုမှုကို အထက် လွှတ်တော်၌ အတည်ပြုရန် ဤတစ်ဦးပုဂ္ဂလတို့ မဲက အဆုံးအဖြတ်ပေးနေသည်။

Ref:Reuters


Leave a Reply