အနောက်တိုင်းဆေးများ ရောနှောပြီး မှန်ပုံတင်ထားခြင်းမရှိသော သုံးစွဲရန်မသင့်သည့် တိုင်းရင်းဆေးများ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော တိုင်းရင်းဆေး ၅ မျိုးတွင် အနောက်တိုင်းဆေးများ ရောနှော ထုတ်လုပ် ထားသည့်အပြင် တိုင်းရင်းဆေးဝန်းမှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေးများဖြစ်သဖြင့် စစ်မှန်အစွမ်ူထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများ ပြည်သူများ သုံးစွဲရန် မသင်လျြောက်ကြောင်း သတင်းထုတ်ပြန်ထားသည်ဟု သိရသည်။

14054110_1236297299734599_3300903376850906726_n

ဆေးတော်ကြီး၊ စံပြည့်ဖြိုး၊ စိန်လက်မ၊ မေတ္တာရှင်၊ အဆစ်ပုံစသည့် တိုင်းရင်းဆေးများအား မသုံးကြရန် တိုင်းရင်းဆေးရောင်းသည့် ဆေးဆိုင်များအနေနဲ့လည်း ယင်းသို့မှတ်ပုံမတင်ထားသည့် ဆေးများကို မရောင်းဖို့ ကြေညာချက်တွင် ဖော်ပြထားသည်။

တိုင်းရင်းဆေးပညာဦးစီးဌာနမှ မှတ်ပုံမတင်ထားသည့် တိုင်းရင်းဆေးများ၊ ဆေးဝါးအတုများ၊ စံမညီ တိုင်းရင်းဆေးများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုံးဝမပြုလုပ်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက တိုင်းရင်းဆေး ဥပဒေနှင့် တရားစွဲအရေးယူသွားမည်ဟု အသိပေးကြေညာထားကြောင်း သိရသည်။

# ပြည်မြန်မာ


Leave a Reply