ကိုလံဘီယာ ဖာ့စ်သူပုန်များ အပစ်ရပ်ကြေညာ
ဘိုဂိုတာ၊ သြဂုတ် ၂၉
ကိုလံဘီယာရှိ အဓိကလက်ဝဲသူပုန်အုပ်စုဖြစ်သော ဖာစ်သူပုန်များက တိုက်ခိုက်ရေးသမားအားလုံးအား ဂရင်းနစ် စံတော်ချိန် သြဂုတ် ၂၉ ရက် နာရီမှစ၍ အပစ်ရပ်စဲမှုကို လိုက်နာကြရန် အမိန့်ထုတ်လိုက်ပြီဖြစ်သည်။
ကျုးဘားတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လေးနှစ်ကြာမျှ ကျင်းပပြီးနောက် ယခုကဲ့သို့ အပစ်ရပ်ကြေညာမှုသည် ကမ္ဘာတွင် အရှည်ကြာဆုံး သောင်းကျန်းသူများ၏ တိုက်ပွဲများအနက် တစ်ခုဖြစ်သော ဖာစ်သူပုန်တို့၏ ၅၂ နှစ်ကြာ တိုက်ခိုက်နေမှုအား အဆုံးသတ်လိုက်ခြင်းလည်းဖြစ်သည်။
လာမည့်သီတင်းပတ်အနည်းငယ်အတွင်း အပြီးသတ်ငြိမ်းချမ်းရေးသဘောတူညီမှုအား လက်မှတ်ရေးထိုးမည်လည်း ဖြစ်သည်။ တိုက်ခိုက်မှုများကို ရပ်တန့်ရန် ဖာစ်သူပုန်အဖွဲ့အကြီးအကဲ ရိုဒရီဂိုဘွန်ဒွန်နိုကိုယ်တိုင် အမိန့်ထုတ် လိုက်ခြင်းဖြစ်သည်။
“ကျွန်တော်တပ်က တပ်မှူးများနဲ့ တပ်ဖွဲ့ယူနစ်တိုင်းကို ကျွန်တော်အမိန့်ထုတ်တယ်။ ကိုလံဘီယာနိုင်ငံကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ တိုက်ပွဲတိုင်း ဒီနေ့ညလယ်ကစပြီး အပစ်ရပ်ပစ်ပါလို့ အမိန့်ထုတ်ပါတယ်။”ဟု ရိုဒရီဂိုက ကြေညာ ခဲ့ခြင်း ဖြစ်သည်။
(BBC)