မြေငလျင်ဒဏ်ကြောင့် ပျက်စီးမှုများတွင် ပါဝင်ကူညီဆောင်ရွက်ပေးရေး

သြဂုတ်လ (၂၄) ရက်နေ့ ညနေ (၅) နာရီ (၄) မိနစ်ခန့်တွင် မန္တလေးမြေငလျင် စခန်းမှ အနောက်တောင် ဘက် (၁၂၃) မိုင်ခန့် ချောက်မြို့၏ အနောက်ဘက် (၁၂) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာ စကေး (၆ ဒသမ ၈) အဆင့် အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ပုဂံ၊ ညောင်ဦး၊ ချောက်၊ ရေနံချောင်းမြို့များရှိ ရှေးဟောင်းဘုရားပုထိုးစေတီများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရ ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါပက အဖွဲ့များနှင့် ညှိနှိုင်းပြီး ပြိုကျပျက်စီးမှုများတွင် လုပ်အားဒါနများ ပါဝင်ကူညီဆောင်ရွက်သွားကြရန် အကြောင်းကြားအပ် ပါသည်။


Leave a Reply