အရေးပေါ်စီမံချက်အက်ဥပဒေ ပယ်ဖျက်

အရေးပေါ်စီမံချက်အက်ဥပဒေအား ရုပ်သိမ်းရန် ယနေ့ (သြဂုတ်လ ၂၄ ရက်နေ) ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်  အတည်ပြုလိုက်သည်။

အရေးပေါ်စီမံချက်အက်ဥပဒေအား ရုပ်သိမ်းသည့် ဥပဒေကြမ်းကို  တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃ ဦးအပါအ၀င် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄)ဦးက ကန့်ကွက်ဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲများသဖြင့် ရုတ်သိမ်းရန်အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထောက်ခံမဲ ၂၆၁ မဲ၊ ကန့်ကွက်မဲ ၁၂၃ မဲနှင့် ကြားနေ ၅ မဲဖြင့်  ရုတ်သိမ်းရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ထိုဥပဒေအား ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်း အဝေး ၅ ရက်မြောက်နေ့ဖြစ်သော သြဂုတ်လ (၁) ရက်နေ့က တင်သွင်းခဲ့ခြင်းဖြစ်သည်။

ယခင်ကာလများတွင် အစိုးရအနေဖြင့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ အစိုးရနှင့် သဘောထား ကွဲလွဲသူများကို အဆိုပါ ဥပဒေအသုံးပြုပြီး အကျဉ်းချမှုများရှိခဲ့ကြောင်း၊ အဆိုပါဥပဒေသည် နိုင်ငံသားတစ်ဦးကို အချိန်မရွေး အကြောင်းပြပြီး ဖမ်းနိုင်သော ဥပဒေဖြစ်သောကြောင့် ယခုကဲ့သို့ ပယ်ဖျက်စေခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။
Popular News Journal


Leave a Reply