ဆီဗီလာကို အနိုင်ယူပြီး ဘာစီလိုနာ စူပါကိုပါဖလားဆွတ်ခူး
နည်းပြ လူးဝစ်အင်း နရစ်၏ ဘာစီလိုနာအသင်းသည် အိမ်ကွင်းတွင် ဆီဗီလာကို ၃-၀ ဂိုးဖြင့် အနိုင်ယူကာ စူပါကိုပါ ဖလားဆွတ်ခူးသွားသည်။
ဘာစီလိုနာအတွက် တူရကီ လက်ရွေးစင်ကွင်းလယ်လူ အာဒါတူရန်က နှစ်ဂိုးသွင်းယူခဲ့ပြီး ၎င်းသည် အသင်းပထမ ကစားသမား ၁၁ ဦးနေရာအတွက် ခြေစွမ်းပြခဲ့သည်။
တနင်္ဂနွေနေ့က ကစားခဲ့ သော ပထမအကျော့တွင် အနိုင်ရပြီးနောက် ဘာကာက ဆီဗီလာ ကို နှစ်ကျော့ပေါင်း ၅-၀ ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာသည် ပွဲပြီးရန် ၁၀ မိနစ်အလိုတွင် မာရှေယာနို လူစားလဲရတော့မည် အခြေအနေ၌ နည်းပြ လူးဝစ်အင်းနရစ်က လူသုံးဦးလဲပြီး၍ ၁၀ ဦးတည်းဖြင့်သာ ယှဉ်ပြိုင်ခဲ့ရသည်။
ဘာကာအတွက် တတိယဂိုး သွင်းယူခဲ့သော မက်ဆီက ယခုရာသီ၏ ပထမဆုံးဆုဖလားကို ကိုင်မြှောက်ခဲ့သည်။
ယင်းမှာ နည်းပြအင်းနရစ် လက်ထက် ဘာကာရရှိသည့် ရှစ်ခုမြောက်ဆုဖလားဖြစ်သည်။
‘‘ကျွန်တော် ဒီကစားသမားတွေရထားလို့ အရမ်းကံကောင်းတယ်လို့ ခံစားရပါတယ်။ သူတို့က ကျွန်တော်ကို အံ့သြစေအောင် အမြဲလုပ်လေ့ရှိပါတယ်’’ဟု လူး ၀စ်အင်းနရစ်က ပြောသည်။
ဆီဗီလာသည် ယူအီးအက်ဖ် အေစူပါဖလားတွင်လည်း ရီးရဲလ် ကို ရှုံးနိမ့်ခဲ့သည်။
‘‘ကျွန်တော်တို့ အရမ်းခက်ခဲတဲ့ အခိုက်အတန့်နဲ့ ကြုံခဲ့ရပါတယ်။ ကမ္ဘာ့အကောင်းဆုံးအသင်းတွေဖြစ်တဲ့ ရီးရဲလ်၊ ဘာကာတို့နဲ့ ချန်ပီလံလိဂ်ဗိုလ်လုပွဲလိုမျိုး နှစ်ပွဲကစားခဲ့ရပြီး အခုအက်စ်ပန်ညိုနဲ့ပွဲအတွက် လေ့ကျင့်ဖို့ အချိန်တစ်ရက်ပဲ ရပါတော့တယ်’’ဟု ဆီဗီလာနည်းပြ ဂျော့ခ်ျဆမ်ပေါ်လီက ပြောသည်။
—Ref:AP